YouVersion လိုဂို
ရှာရန် အိုင်ကွန်

အလွန်ကောင်းမြတ်တော်မူသောဘုရားနမူနာ

God So Good

5 ၏ နေ့ 1

အလွန်ကောင်းမြတ်တော်မူသောဘုရား

မိမိ၏ ခရစ်ယာန်အသိုင်းအဝိုင်းများတွင်၊ ဘုရားသခင်က အချိန်တိုင်းမှာ ကောင်းမြတ်တယ်။ အချိန်တိုင်းမှာ၊ ဘုရားသခင်က ကောင်းမြတ်တယ်ဟု ပြောဆိုခြင်းကို ကြားဖူးကောင်းကြားဖူးနင်သည်။ ၎င်းပြောဆိုခြင်းသည် မှတ်မိလွယ်သလို၊ ပြောဆိုဖို့လည်း လွယ်သော်လည်း တကယ်ယုံကြည်ခံစားဖို့ မလွယ်ဘူး။ ဘယ်လောက်ပဲမှားခဲ့သည်ဖြစ်ပါစေ၊ မိမိဘဝရှိ လောကဓံမုန်တိုင်း ဘယ်လောက်ပဲ ပြင်းထန်သည်ဖြစ်ပါစေ၊ ဘုရားသခင်က ကောင်းမြတ်တော်မူပြီး ကရုဏာတော်သည် မကုန်သောကြောင့် ကျွန်တော်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲ နေကြ၏ဟု ဤဓမ္မသီချင်းဖြင့် အောက်မေ့သိတိရစေလိမ့်မည်။

“ဤလွတ်မြောက်ချမ်းသာသည် အကြီးမားဆုံး အသက်စွန့်ခြင်ဖြင့် ရပြီ၊ ကျေးဇူးတော်တရားသည် ကျွန်တော်၏အရှက်ကြောက်ခြင်းထက် ပိုကြီးသည်၊ ကိုယ်တော်၏ အသက်စွန့် ခြင်းဖြင့် ထာဝရအသက်ကို ခံရလျက်၊ သေခြင်းကနေ ပြန်ထမြောက်ပါပြီ”

ဘုရားသခင်၏ ကောင်းမြတ်ခြင်းသည် မိမိကုသိုလ်ကောင်းမှုဖြင့် သက်ရောက်စေသည့် မဟုတ်ပေ။ ကျွန်တော်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီ။ (ရော၊ ၅း၈) တွင်၊ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏ဟု ဖော်ပြထားသည်။

မိတ်ဆွေသည် လုံးဝမကောင်းဘဲ၊ သူတစ်ပါး၏ ခွင့်လွှတ်ခြင်းကို ခံစေဖို့ မတိုက်ဘဲလျက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တ ဖြစ်ကြသည်ဟု ခံစားရသောအခါ၊ အဘယ်အမှုကိစ္စဖြင့်မှဆို ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ကောင်းမြတ်ခြင်းတို့သည် ကျွန်တော်တို့ကို ကွာစေနိုင်ဘူး။ ကျွန်တော်တို့၏ အဆိုးဆုံးသော အပြစ်ဒုစရိုက်ကို ကျူးလွန်စဉ်တွင်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ချစ်တော်မူသည်။

ထို့ကြောင့်၊ အချိန်ကာလတိုင်းမှာ၊ ဘုရားသခင်သည် အလွန်ကောင်းမြတ်တော်မူသည်တည်းဟူသော သမ္မာတရားကို အောက်မေ့သတိရပါစေ။

နေ့ 2

ဤအစီအစဉ်အကြောင်း

God So Good

မိမိအသက်တာရှိ လောကဓံမုန်တိုင်းများသည် ဘယ်လောက်ပဲ ပြင်းထန်သည်ဖြစ်ပါစေ၊ မိတ်ဆွေအတွက် ခွန်အားနှင့် ငြိမ်းချမ်းခြင်းကို ရရှိခံစားနိုင်ပါသည်။ Life.Church Worship မှ အလွန်ကောင်းမြတ်တာ်မူသောဘုရား ဓမ္မသီချင်းများကို ကိုးကားသည့် ဤ (၅) ရက်တာ အစီစဉ်ဖြင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ပြန်လည်ရှာဖွေလိုက်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Life.Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.life.church သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။