YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျေးဇူးတော်တရားနှင့် ကျေးဇူးတင်တရားနမူနာ

Grace & Gratitude: Live Fully In His Grace

7 ၏ နေ့ 7

မိတ်ဆွေအဖို့ ဘုရားသခင်၏ အလိုတော်မြတ်

နွေဦးတွင် မိုးရွာပြီးအငွေ့အသက်ကို ရှူရှိုက်ရခြင်း၊ နံနက်ခင်းငှက်များ ချီးမွမ်းတေးသံများကို နားထောင်ခြင်း၊ ငြိမ်သက်စွာ နေလျက် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းစသည့် အတွေ့အကြုံများအားလုံးအားဖြင့် သခင်ဘုရား၌ မွေ့လျော်ခြင်းကို ပိုမိုတိုးပွာစေတတ်သည်။ ဘုရားသခင်၏ ဖန်ဆင်းတော်မူသော သဘာဝတရားကို ထောက်ရှုပြီး၊ နှုတ်ကပတ်တော်ပို ဖတ်ရှုလျက် ဆုတောင်းပတ္ထနာပြုစဉ်တွင်၊ မိမိ၏ အလိုတော်နှင့်အညီ အသက်ရှင်စေခြင်းအလိုငှာ ဘုရားသခင်က အသစ်သောစိတ်သဘောကို ပေးတော်မူသည်။ မိမိနှလုံးကို ဘုရားသခင်အဖို့ ပေးလှူပူဇော်သောအခါ၊ ကိုယ်တော်သည် သီချင်းဆိုခြင်းနှင့်တကွ မိတ်ဆွေ၌ ဝမ်းမြောက်လျက် မိမိအလိုတော်နှင့်အညီ အသက်ရှင်စေရန် ကူညီမစတော်မူမည်။ ကျွန်မတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ကျွန်မတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည် ကျွန်မတို့ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်လျက် ပြုပြင်နေတော်မူသည်။

ဆုတောင်းပတ္ထနာ

အို ခမည်းတော်ဘုရား၊ ကိုယ်တော်၌တည်ပြီး အကျွန်ုပ်အဖို့ရှိ မေတ္တာတော်နှင့် စိတ်ချမ်းသာခြင်းတို့ကို ရရှိခံစားနိုင်သည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ဘုရားသခင်၏ အလိုတော်သည် ကျွန်ုပ်အဖို့ အကောင်းဆုံးသောအရာဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်ချင်ပါသည်။ အာမင်။

ချစ်မိတ်ဆွေသည် ဤအစီစဉ်ကို ကြိုက်နှစ်သက်လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို ပိုမိုတွေ့ကြုံစေလိုပါက၊ dayspring.com ကို ဝင်ရောက်ပြီး ဆရာမရှာနာနိုအလ့် (Shanna Noel) ၏ “ရက်ပေါင်း (၁၀၀) ကျေးဇူးတရားနှင့် ကျေးဇူးတင်တရား” အခမဲ့ ဓမ္မစာပေကို ရယူပါ။

နေ့ 6

ဤအစီအစဉ်အကြောင်း

Grace & Gratitude: Live Fully In His Grace

ဘုရားသခင်သည် မိတ်ဆွေအဖို့ ကတိတော်များစွာ ပေးသနားတော်မူပြီ။ ဘုရားသခင်သည် ၎င်းကတိတော်မှန်သမျှတို့ကို သစ္စာရှိစွာ တည်စေလိမ့်မည်။ သို့ရာတွင်၊ ဤသင်္ခါရလောကကြီး၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးတော်တရားတို့ကို မေ့သွားလွယ်လှသည်။ ဤ (၇) ရက်တာ အစီစဉ်ရှိ ဓမ္မစာပေ၊ နှုတ်ကပတ်တော်တရားနှင့် နေ့စဉ်ဆုတောင်းခြင်းတို့ဖြင့် ဘုရားသခင်၏ မဟာကျေးဇူးတော်နှင့် ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို အောက်မေ့သတိရစေရန် အကူအညီ ပေးပါလိမ့်မည်။ ဤအစီစဉ်သည် ဆရာမရှာနာနိုအလ့် (Shanna Noel) နှင့် ဆရာမလီဆာစစ်ဝဲလ် (Lisa Stilwell) တို့၏ “ရက်ပေါင်း (၁၀၀) ကျေးဇူးတရားနှင့် ကျေးဇူးတင်တရား” စာပေကို ကိုးကားထားသည်။

More

ဤအစီအစဥ်အတွက် DaySpring ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ https://www.dayspring.com/