YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျေးဇူးတော်တရားနှင့် ကျေးဇူးတင်တရားနမူနာ

Grace & Gratitude: Live Fully In His Grace

7 ၏ နေ့ 4

ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏

ကျွန်မတို့သည် မွေးဖွားလာချိန်မှစ၍ သေသည့်နေ့တိုင်အောင် လောကဓံတရား၌ ကျင်လည်သောသူများ ဖြစ်ကြပါသည်။ ကောင်းသောအကျင့်ကို ကျင့်လျှင် သူတစ်ပါး၏ ချီးမွမ်းခြင်းကို ခံရသလို၊ မကောင်းသောအကျင့်ကို ကျင့်လျှင် သူတစ်ပါး၏ ဝေဖန်ခြင်းနှင့် အပြစ်စီရင်ခြင်းတို့ကို ခံရသည်။ ကျွန်မတို့သည် သူတစ်ပါး၏ လက်ခံခြင်း၊ ချီးမွမ်းခြင်းနှင့် ထင်ကြီးခြင်းတို့ကို ခံရစေရန် ကောင်းသောအကျင့်ကို ကျင့်သောဓလေ့ ရှိကြသည်။ ထို့ကြောင့်၊ လူအမြောက်အမြားသည် ကျေးဇူးတော်တရားကို နားမလည်နိုင်ပေ။ ခရစ်တော်သည် မိမိမဟာကရုဏာတော်ကြောင့် ကျွန်မတို့အတွက် အသေခံတော်မူခဲ့သည်။ ယခု၊ ကျွန်မတို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိပါသည်။ ခရစ်တော်၏ အသက်တော်စွန့်ခြင်းအားဖြင့် ကျွန်မတို့၏ အသက်တာ၌ ကျေးဇူးတော်နှင့် လွတ်မြောက်ချမ်းသာကို သက်ရောက်စေတော်မူခဲ့သည်။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ မိတ်ဆွေသည် အရှင်ယေရှုဘုရားကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီလား။

ဆုတောင်းပတ္ထနာ

ခမည်းတော်ဘုရား၊ အကျွန်ုပ်သည် ကျေးဇူးတရားလက်၌ရှိစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်သည် ဘုရားသခင်၏ မဟာကျေးဇူးတော်မြတ်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံလျက် အဆီးအတားမရှိဘဲ သွားလာနိုင်မည်အကြောင်း ကောင်းကြီးပေးတော်မူပါ။ အာမင်။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Grace & Gratitude: Live Fully In His Grace

ဘုရားသခင်သည် မိတ်ဆွေအဖို့ ကတိတော်များစွာ ပေးသနားတော်မူပြီ။ ဘုရားသခင်သည် ၎င်းကတိတော်မှန်သမျှတို့ကို သစ္စာရှိစွာ တည်စေလိမ့်မည်။ သို့ရာတွင်၊ ဤသင်္ခါရလောကကြီး၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးတော်တရားတို့ကို မေ့သွားလွယ်လှသည်။ ဤ (၇) ရက်တာ အစီစဉ်ရှိ ဓမ္မစာပေ၊ နှုတ်ကပတ်တော်တရားနှင့် နေ့စဉ်ဆုတောင်းခြင်းတို့ဖြင့် ဘုရားသခင်၏ မဟာကျေးဇူးတော်နှင့် ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို အောက်မေ့သတိရစေရန် အကူအညီ ပေးပါလိမ့်မည်။ ဤအစီစဉ်သည် ဆရာမရှာနာနိုအလ့် (Shanna Noel) နှင့် ဆရာမလီဆာစစ်ဝဲလ် (Lisa Stilwell) တို့၏ “ရက်ပေါင်း (၁၀၀) ကျေးဇူးတရားနှင့် ကျေးဇူးတင်တရား” စာပေကို ကိုးကားထားသည်။

More

ဤအစီအစဥ်အတွက် DaySpring ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ https://www.dayspring.com/