YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆုတောင်းပတ္ထနာပြုကြပါစို့နမူနာ

Pray

24 ၏ နေ့ 9

ပတ္ထနာစကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူလျှင် အဘယ်ကြောင့် အသံကျယ်ကျယ်ဖြင့် ဆုတောင်းရမလဲ။ အကယ်၍၊ အသံကျယ်ကျယ်ဖြင့် ဆုတောင်းခြင်းသည် ပိုမိုအာရုံစိုက်စေသလို နားထောင်သူများအတွက်လည်း ခွန်အားပေးလျက် အကျိုးကို ပြုစုစေတတ်သည်။ ဤနေ့ရက်စဉ်တိုင်း ဆုတောင်းအစီစဉ်ကို ဆက်လက်ဖတ်ရှုစဉ်တွင်၊ အသံကျယ်ကျယ်ဖြင့် ဆုတောင်းပါ။ အထူးသဖြင့် ဆုတောင်းဖော်ရှိလျှင် အသံကျယ်ကျယ်ဖြင့် ဆုတောင်းပါ။ ယနေ့၊ ကမ္ဘာတစ်ဝန်းရှိ မိမိယုံကြည်ခြင်းဖြင့် ဖိစီးနှိပ်စက်မှုကို ခံရနေသော ယုံကြည်သူများအားအတွက် အစွမ်းသတ္တိနှင့် ခွန်အားကို ရရှိခံစားစေဖို့ ဆုတောင်းပါ။

ကျမ်းစာများ

နေ့ 8နေ့ 10

ဤအစီအစဉ်အကြောင်း

Pray

မိမိ၏ ဆုတောင်းခြင်းအသက်တာ တည်ဆောက်စေဖို့ အလွန်ကောင်းသောနည်းလမ်းမှာ သူတစ်ပါး၏ ပတ္ထနာစကားကို လေ့လာလျက် သင်ယူခြင်း ဖြစ်သည်။ ဤအစီအစဥ်သည် မတူညီသောအခြေအနေများတွင်နှင့် မတူညီသောရည်ရွယ်ချက်များအဖို့ သမ္မာကျမ်းစာရှိ သူရဲကောင်းမြတ်များ၏ ပတ္တနာစကားကို နားဆင်အခွင့်ပေးသလို၊ ဆရာ Craig Groeschel ၏ ဆုတောင်းပတ္ထနာပြုကြပါစို့ တရားဟောစီးရီးကို ကိုးကားပါသည်။ (ဤတရားဟောစီးရီးသည် life.church မှာ ကြည့်ရှုနားဆင်နိုင်ပါသည်)။ တစ်ယောက်တည်းသာ ဆုတောင်းလေ့ရှိသူ မဖြစ်ပါစေနှင့်။ ဤအစီစဉ်ကို မိမိဓမ္မမိတ်ဆွေများနှင့်အတူ လေ့လာပါ။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။