ဆုတောင်းပတ္ထနာပြုကြပါစို့နမူနာ
ယခုခေတ်မှာ၊ ရန်သူများကိုရင်ဆိုင်ရခြင်းသည် ဟေဇကိ၏ ရန်သူများကိုရင်ဆိုင်ရခြင်းပုံနှင့် မတူသော်လည်း ဟေဇကိသည် လွတ်မြောက်ချမ်းသာကို ရရှိခံစားစေဖို့ ဆုတောင်းခဲ့သလို ကျွန်တော်တို့်လည်း ဆုတောင်းနိုင်သည်။ မိတ်ဆွေ၏ အသက်တာမှာ ဘေးကင်းနေပါက၊ မိမိအသိုင်းအဝိုင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်နေသူများတည်းဟူသော မကောင်းသော ဘဝနေထိုင်သူများ (သို့) စွဲလမ်းသူများ (သို့) အသက်အန္တရာယ်ကြုံနေသူများအဖို့ လွတ်မြောက်ချမ်းသာ ရရှိခံစားနိုင်မည့်အကြောင်း ဆုတောင်းကူညီပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိမိ၏ ဆုတောင်းခြင်းအသက်တာ တည်ဆောက်စေဖို့ အလွန်ကောင်းသောနည်းလမ်းမှာ သူတစ်ပါး၏ ပတ္ထနာစကားကို လေ့လာလျက် သင်ယူခြင်း ဖြစ်သည်။ ဤအစီအစဥ်သည် မတူညီသောအခြေအနေများတွင်နှင့် မတူညီသောရည်ရွယ်ချက်များအဖို့ သမ္မာကျမ်းစာရှိ သူရဲကောင်းမြတ်များ၏ ပတ္တနာစကားကို နားဆင်အခွင့်ပေးသလို၊ ဆရာ Craig Groeschel ၏ ဆုတောင်းပတ္ထနာပြုကြပါစို့ တရားဟောစီးရီးကို ကိုးကားပါသည်။ (ဤတရားဟောစီးရီးသည် life.church မှာ ကြည့်ရှုနားဆင်နိုင်ပါသည်)။ တစ်ယောက်တည်းသာ ဆုတောင်းလေ့ရှိသူ မဖြစ်ပါစေနှင့်။ ဤအစီစဉ်ကို မိမိဓမ္မမိတ်ဆွေများနှင့်အတူ လေ့လာပါ။
More