ဆုတောင်းပတ္ထနာပြုကြပါစို့နမူနာ
တစ်ခါတစ်ရံ ဆုတောင်းခြင်းသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် မိတ်ဆွေနှင့် မိတ်ဆွေ၏မိသားစုကို ဘယ်လိုကောင်းကြီးမင်္ဂလာပေးခဲ့သလဲကို အောက်မေ့သတိရပါ။ မိမိကောင်းကြီးများကို ရေတွက်ပြီး ယနေ့တိုင်အောင် ဘုရားသခင်သည် သစ္စာရှိစွာ လမ်းပြပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ။ ယုံကြည်သူမျိုးဆက်သစ်များက ထပြီး အသင်းတော်ကို ဦးဆောင်နိုင်စေရန်အတွက် ဆုတောင်းပါ။ ကလေးများနှင့် ကျောင်းသားများကို ခရစ်တော်ထံသို့ လမ်းပြနိုင်သော ခေါင်းဆောင်ကြီးများစွာကို ပေါ်လာစေရန် ဘုရားသခင်ထံ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိမိ၏ ဆုတောင်းခြင်းအသက်တာ တည်ဆောက်စေဖို့ အလွန်ကောင်းသောနည်းလမ်းမှာ သူတစ်ပါး၏ ပတ္ထနာစကားကို လေ့လာလျက် သင်ယူခြင်း ဖြစ်သည်။ ဤအစီအစဥ်သည် မတူညီသောအခြေအနေများတွင်နှင့် မတူညီသောရည်ရွယ်ချက်များအဖို့ သမ္မာကျမ်းစာရှိ သူရဲကောင်းမြတ်များ၏ ပတ္တနာစကားကို နားဆင်အခွင့်ပေးသလို၊ ဆရာ Craig Groeschel ၏ ဆုတောင်းပတ္ထနာပြုကြပါစို့ တရားဟောစီးရီးကို ကိုးကားပါသည်။ (ဤတရားဟောစီးရီးသည် life.church မှာ ကြည့်ရှုနားဆင်နိုင်ပါသည်)။ တစ်ယောက်တည်းသာ ဆုတောင်းလေ့ရှိသူ မဖြစ်ပါစေနှင့်။ ဤအစီစဉ်ကို မိမိဓမ္မမိတ်ဆွေများနှင့်အတူ လေ့လာပါ။
More