YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်းနမူနာ

Using Your Time for God

4 ၏ နေ့ 4

မိမိအချိန်ဇယားကို ချမှတ်ခြင်း

မိမိအားလပ်ချိန်တွေကို ဘဝအတွက် အကျိုးရှိမည့်အရာများကို လေ့လာလိုက်စားခြင်း၌ အသုံးပြုပါ။ စာဖတ်ခြင်းဟာအချိန်ကို တန်ဖိုးရှိစွာ အသုံးချခြင်း ဖြစ်ပါတယ်။ သြဂတ်စတင်းဆိုသူက ယုံကြည်သူများကို အမှန်တရားအားလုံးဟာ ဘုရားရဲ့အမှန်တရားများဖြစ်လို့၊ ဖြစ်နိုင်သမျှများများ လေ့လာဖို့ အကြံပြုခဲ့ပါတယ်။ အခြားအလေ့အကျင့်တွေကလည်း ဘဝရဲ့ ဖန်တီးနိုင်မှုအမျိုးမျိုး နယ်ပယ်ထဲမှာပါဝင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အာရုံကြောတွေလှုပ်ရှားမှုရှိစေဖို့နဲ့ အသံထွက်ပိုမိုကောင်းစေဖို့ စာလုံးပဟေဠိဆက်ခြင်းကို ကစားရတာ သဘောကျပါတယ်။ အိပ်မငိုက်အောင်နေတတ်ဖို့ နည်းလမ်းရှာပါ။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ည (၈) နာရီနဲ့ (၉) နာရီကြားမှာ အနားယူပြီး မနက် (၄) နာရီထဖို့အလေ့အကျင့် လုပ်ခဲ့ပါတယ်။ အဲဒီအလေ့အကျင့်က ကျွန်တော့်ရဲ့အချိန်ဇယားကို သိသာထင်ရှားတဲ့ပြောင်းလဲမှုအနေနဲ့သက်ရောက်ခဲ့ပါတယ်။ တစ်နေ့တာရဲ့မနက်စောစောအချိန်တွေဟာ အနှောင့်အယှက်၊ ကြားဝင်နှောင့်ယှက်မှုတွေနဲ့ ကင်းဝေးပြီး စာရေး၊ လေ့လာဖို့နဲ့ ဆုတောင်းဖို့အတွက်အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ကားမောင်းနေချိန်ကို လေ့လာမှုအတွက် အသုံးချပါ။ ကားမောင်းတယ်ဆိုတာ လမ်းတစ်လျှောက် ဘာတွေဖြစ်နေသဲဆိုတာ သိဖို့ထက် မိမိစိတ်က သတိဝီရိယရှိစေဖို့ သာလိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေ သူ့အလိုအလျောက် အလုပ်လုပ်နေခြင်းပဲ ဖြစ်ပါတယ်။ အသံသွင်းထားသည့်အရာများရဲ့အကျိုးကျေးဇူးကို ဒီအချိန်တွေမှာ အသုံးချနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့၊ ကိစ္စတော်တော်များများမှာ အချိန်ဇယားဆိုတာ ကန့်သတ်ခြင်းထက် လွတ်လပ်စေခြင်း ဖြစ်ပါတယ်။ အချိန်ဇယားဖြင့် အလုပ်လုပ်ခြင်းကကျွန်တော်တို့ရဲ့အချိန်အသုံးပြုခြင်းကို စနစ်ကျစေဖို့ အလွန်အထောက်အကူဖြစ်စေပါတယ်။ အချိန်ဇယားဟာ ကြောက်စရာမဟုတ်ဘဲ ရင်းနှီးနေရပါမယ်။ အဲဒါက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားပြီး၊ အလုပ်ပြီးမြောက်အောင် စွမ်းဆောင်နိုင်တဲ့ ဘ၀ရဲ့ အချိန်မှန်မှန်လှုပ်ရှားနိုင်မှုကို ရှာတွေ့ဖို့ ကူညီပါတယ်။

ဘုရားမျက်မှောက်၌နေထိုင်ခြင်း။ အကယ်၍ မိတ်ဆွေမှာအချိန်ဇယားမရှိရင် အခုပဲ တစ်ခုလုပ်ပြီး တစ်ပတ်တာအတွက်အသုံးပြုပါ။ ပြီးရင်၊ အဲဒါက အချိန်ကို ရွေးနုတ်ဖို့ မိတ်ဆွေကို ဘယ်လိုအကူအညီဖြစ်စေခဲ့သလဲဆိုတာ ပြန်လည်သုံးသပ်ပါ။ အကယ်၍ မတ်ဆွေမှာ အချိန်ဇယားရှိရင် အဲဒါကို ပြန်ကြည့်ပြီး ဦးစားပေးအရာတွေအတွက် ဆုတောင်းဖို့ ခေတ္တခဏ အချိန်ယူပါ။

မူပိုင်ခွင့် © Ligonier Ministries. R.C. Sproul at Ligonier.org/​freeresource. မှအခမဲ့စာအုပ်ရယူပါ။
နေ့ 3

ဤအစီအစဉ်အကြောင်း

Using Your Time for God

ဆရာ R.C. Sproul ထံမှ (၄) ရက်တာ ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်း အစီအစဉ်ဖြစ်ပါသည်။ (၁) ရက်စီတွင် မိတ်ဆွေကို ဘုရား၏မျက်မှောက်တွင် နေထိုင်ဖို့၊ ဘုရားသခင်၏ အခွင့်အာဏာအောက်နှင့် ဘုရား၏ဘုန်းတော်အတွက် ခေါ်နေပါသည်။

More

ဤအစီအစဉ်ကို ဝေမျှခြင်းအတွက် Ligonier Ministries ကိုကျွန်ုပ်တို့အနေဖြင့်ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုလျှင် Ligonier.org/freeresource သို့ဝင်ရောက်လေ့လာပါ။