ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်းနမူနာ
အချိန်မလွန်ခင်လုပ်ဆောင်ခြင်း
ကျွန်တော့်အနေနဲ့ အချိန်မီလုပ်ဆောင်နိုင်ဖို့ နည်းလမ်းတစ်ချို့ကို သင်ယူရရှိခဲ့ပါတယ်။ အဲဒါတွေက မိတ်ဆွေအတွက်အထောက်အကူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အချိန်တွေအားလုံးက ဘုရားရဲ့အချိန်တွေဖြစ်တယ်ဆိုတာနဲ့ ကျွန်တော့်အချိန်တွေအားလုံးဟာ ဘုရားရဲ့ခွဲခန့်မှတ်သားမှုကြောင့်သာ ဖြစ်တယ်ဆိုတာ ကျွန်တော်သိလာခဲ့တယ်။ ဘုရားက ကျွန်တော်နဲ့ ကျွန်တော့်အချိန်တွေကို ပိုင်တယ်။ ဘုရားက ကျွန်တော့်ကို ဘဏ္ဍာစိုးတစ်ယောက်အနေနဲ့ အချိန်ကာလအတိုင်းအတာတစ်ခုကို ပေးထားခဲ့တယ်။ အဲဒီအချိန်ကို ကျွန်တော့်အနေနဲ့ အခြားသူတွေအတွက် အလုပ်လုပ်ပေးခြင်း၊ လူတွေဆီသွားရောက်လည်ပတ်ခြင်းစတဲ့ အရာတွေအတွက် အသုံးချနိုင်ပေမဲ့ အဲဒီအချိန်တွေအတွက်ပဲ ဘုရားရှေ့မှာကျွန်တော်ဖြေရှင်းရမှာပါ။ အချိန်ကို အားရုံစူးစိုက်ခြင်းအားဖြင့် ရွေးနုတ်လို့ ရပါတယ်။ အကြီးမားဆုံး အချိန်ဆုံးရှုံးမှုတွေထဲက တစ်ခုက လူ့စိတ်ထဲမှာ ဖြစ်နေပါတယ်။ ကျွန်တော်တို့လက်တွေက အလုပ်များနေပေမဲ့ စိတ်ကတော့ ထုံထိုင်းနေတတ်ပါတယ်။ ထို့အတူပဲ၊ ကျွန်တော်တို့လက်တွေက လေးလံနေတဲ့အချိန် ကျွန်တော်တို့စိတ်တွေကတော့ အလုပ်များနေနိုင်ပါတယ်။ ရည်ရွယ်ချက်မဲ့တဲ့ အတွေးများ၊ စိတ်းကူးယဉ်ခြင်းများနှင့် ပေါ့ပျက်ပျက်စိတ်ကူးယဉ်အိမ်မက်များကို စွဲလမ်းနေခြင်းတွေက လက်ရှိအချိန်ကိုဖြုန်းတီးနေသည့် အတွေးများ ဖြစ်တတ်တယ်။ လက်ရှိလုပ်ဆောင်ရမယ့် အလုပ်မှာ ကျွန်တော်တို့ရဲ့ စိတ်တွေကို ပြင်းပြတဲ့ အားရုံစူးစိုက်မှုထားမယ်ဆိုရင် အချိန်ကို အကျိုးရှိရှိအသုံးချနိုင်မှာ ဖြစ်ပါတယ်။ သာမာန်၊ ပုံမှန်ပြုလုပ်နေကျအရာတွေကို ပြုလုပ်ဖို့အတွက် ရယူထားခံရသည့် တန်ဖိုးရှိသည့်အချိန်တွေကို စိတ် ဖြင့်ရွေးနုတ်လို့ ရပါတယ်။ ဥပမာ၊ ပုံမှန်ရေချိုးသည့်အလေ့အထသည် မခက်ခဲပါ။ ထိုအချိန်မှာ မိတ်ဆွေရဲ့စိတ်ဟာ လွတ်လပ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့၊ အကြံဉာဏ်သစ်တွေးခေါ်မှု (သို့) အကြောင်းအရာတစ်ခုကို တီထွင်ခြင်း စသည်ကို စဉ်းစားစရာ မလိုပါဘူး။ ကျွန်တော့်ရဲ့တရားဟောချက်၊ သင်ကြားပို့ချချက် တော်တော်များများကို ရေချိုးနေချိန်အတွင်းမှာစတင်ပြီးစဉ်းစားမိပါတယ်။ ကျွန်တော် ဂေါက်သီးကစားတုန်းက တစ်ချက်တစ်ချက်မရိုက်ခင်စပ်ကြားအချိန်တွေဟာ တရားဟောချက်တွေပြင်ဆင်လို့ အကောင်းဆုံးအချိန်တွေဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဘုရားမျက်မှောက်၌ နေထိုင်ခြင်း ဒီနေ့ မိမိရဲ့စိတ်ကို ဘယ်အရာမှာအာရုံစိုက်သလဲဆိုတာကို သတိထားပါ။ သာမာန်၊ ပုံမှန်ပြုလုပ်နေကျအရာတွေကို ပြုလုပ်ဖို့အတွက် ကုန်ဆုံးနေတဲ့အဖိုးတန်အချိန်တွေကို ထာဝရတန်ဖိုးရှိတဲ့အရာတွေအတွက် ရွေးနုတ်ပါ။
မူပိုင်ခွင့် © Ligonier Ministries. R.C. Sproul at Ligonier.org/freeresource. မှအခမဲ့စာအုပ်ရယူပါ။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာ R.C. Sproul ထံမှ (၄) ရက်တာ ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်း အစီအစဉ်ဖြစ်ပါသည်။ (၁) ရက်စီတွင် မိတ်ဆွေကို ဘုရား၏မျက်မှောက်တွင် နေထိုင်ဖို့၊ ဘုရားသခင်၏ အခွင့်အာဏာအောက်နှင့် ဘုရား၏ဘုန်းတော်အတွက် ခေါ်နေပါသည်။
More
ဤအစီအစဉ်ကို ဝေမျှခြင်းအတွက် Ligonier Ministries ကိုကျွန်ုပ်တို့အနေဖြင့်ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုလျှင် Ligonier.org/freeresource သို့ဝင်ရောက်လေ့လာပါ။