YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိမိ၏အိမ်ထောင်ရေးတွင် ဝိညာဉ်တော်မှလာသောထက်သန်မှုကို မှုတ်သွင်းပါနမူနာ

Breathe Spiritual Passion Into Your Marriage

7 ၏ နေ့ 4

အံ့ဖွယ်တန်ခိုးတော်ကိုကိုးစားခြင်း

သင်၏အိမ်ထောင်သည်ဘဝနှင့်မိသားစုသည် ရယ်စရာကဲ့သို့ဖြစ်နေလျှင်ဖြစ်စေ၊ ပရမ်းပတာဖြစ်အံ့ဆဲဆဲဖြစ်နေလျှင်ဖြစ်စေ ထိုအမှုအရာတို့ကို ဘုရားသခင်မတွေ့မမြင် သို့မဟုတ် ပြန်လည်မပြုပြုင်နိုင်သည်မဟုတ်။ ယနေ့ ခရစ်ယာန်သွန်သင်ချက်တွင် ”ကျွန်ုပ်တို့“၏ပါရမီကိုမြှင့်တင်ခြင်း၊ “ကျွန်ုပ်တို့“ တာလန်ကိုတိုးပွားစေခြင်း၊ “ကျွန်ုပ်တို့“၌ရှိသောအလားအလာကိုသိရှိခြင်း စသည်အကြောင်းများစွာပါသည်။ သို့သော် ခရစ်တော်၏သွန်သင်ချက်နှင့်နည်းလမ်းမှာမူ သန့်ရှင်းသောဝိညာဉ်တော်၌ မိမိကိုယ်ကိုယ်အပ်နှံခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏အိမ်ထောင်သည်ဘဝကိုလည်း သန့်ရှင်းသောဝိညာဉ်တော်ကိုယုံကြည်ကိုးစားသည့်ဘဝဖြစ်စေကြပါစို့။ ကိုယ်တော်သည် မိမိကိုယ်ကိုယ် သက်သေထူခဲ့ပါပြီ။ ကျွန်ုပ်တို့၏အိမ်ထောင်သည်ဘဝကို အမှန်တကယ်ပြောင်းလဲစေလိုပါက အံ့ဖွယ်တန်ခိုးတော်ကိုကိုးစားခြင်းအားဖြင့်ရရှိနိုင်သည့်ကောင်းမြတ်သောအရာကို သင်ယူရမည်ဖြစ်သည်။ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှုတစ်စုံတစ်ခုလုပ်စေရန် ခေါ်ယူတော်မူသောအခါ ထိုအမှုကိုပြီးမြောက်စေရန်လိုအပ်သည့်အရာအားလုံးကိုပေးတော်မူသည်။ လိုအပ်သည်ဟုကိုယ့်ကိုယ်ကိုယ်ထင်သည့်အရာအားလုံးမဟုတ်သော်လည်း ကျွန်ုပ်တို့အမှန်လိုအပ်သည့်အရာအားလုံးကိုပေးတော်မူသည်။ ဤတွင် ထိုအမှုကိုကျွန်ုပ်တို့လွယ်ကူစွာလုပ်ဆောင်နိုင်ဖို့ပေးတော်မူသည်ဟုဆိုလိုခြင်းမဟုတ်ပါ။ သို့သော် ဘုရားသခင်က “ကိုယ်တော်သည် မောပန်းသောသူတို့အား ခွန်အားကိုပေးတော်မူ၍ စွမ်းအားမရှိသောသူတို့၌ အစွမ်းသတ္တိကိုတိုးပွားစေတော်မူ၏“ ဟု ဟေရှာယအားဖြင့်ကတိပေးတော်မူခဲ့သည်။ (ဟေ ၄၀:၂၉ MSB) ဤအချက်သည် အရေးပါလှသည့်အတွက် ၎င်းကိုလျစ်လျူမပြုပါနှင့်။ ကျွန်ုပ်တို့တွင်လုံလောက်သောခွန်အားမရှိသော်လည်း ဘုရားသခင်သည် ကိုယ်တော်၏အမှုတော်အမျိုးမျိုးအတွက် ကျွန်ုပ်တို့ကိုခေါ်ယူတော်မူကြောင်း ဟေရှာယ ၄၀:၂၉ တွင်ဆိုထားခြင်းဖြစ်သည်။

ထို့ကြောင့် အလွန်မွန်မြတ်သောအိမ်ထောင်ရေးအတွက်လျှို့ဝှက်ချက်မှာ ဘုရားသခင်ကတိပေးတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့လိုအပ်သောကယ်တင်ခြင်းအတွက် မိမိ၏သားတော်ကိုစေလွှတ်တော်မူသည်။ ဤသို့သောဆက်နွယ်မှုကိုပြသတော်မူသောဘုရားသခင်သည် ကျွန်ုပ်တို့၏ပြောင်းလဲမှုအတွက် ကိုယ်တော်ကိုယ်စား ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကိုပို့ဆောင်ပေးတော်မူသည်မှာ အသစ်အဆန်းမဟုတ်ပါ။

အိမ်ထောင်ရေးသည် ယုံကြည်သူနှစ်ဦးအကြားတွင် မျှဝေနိုင်သည့်အလွန်လေးနက်သောဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည့်အလျောက် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့၏အသက်တာတွင်ပါဝင်လျက် မေတ္တာအကြောင်းကိုနားလည်ရန်ကူညီပေးခြင်း၊ မေတ္တာထားနိုင်ရန်ခွန်အားပေးခြင်း၊ မေတ္တာကုန်ခန်းသည့်အခါ ကျွန်ုပ်တို့ကိုစည်းရုံးခြင်း၊ မေတ္တာအရာတွင်ပင်ပန်းငြီးငွေ့လာသောအခါ ကျွန်ုပ်တို့၏စိတ်နှလုံးကိုသစ်လွင်စေခြင်း၊ မေတ္တာအရာတွင်စိတ်ဓာတ်ကျသောခါ ကျွန်ုပ်တို့အားမျှော်လင့်ချက်ပေးခြင်း စသည်တို့ကိုဆောင်ရွက်ပေးခြင်းမရှိလျှင် မွန်မြတ်သောအိမ်ထောင်ကို လုံးဝတည်ထောင်နိုင်မည်မဟုတ်ပါ။

သင်သည် သင်နှင့်သင်၏အိမ်ထောင်ရေးတွင် ခွန်အားရရှိနိုင်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ကိုအမှီပြုပါသလား။ သင့်မှာတတ်စွမ်းမှုမရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်က သင့်ကိုခွန်အားပေးခဲ့သည့် ထူးခြားသောအခြေအနေကား မည်သို့နည်း။
နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Breathe Spiritual Passion Into Your Marriage

"ရာသက်ပန်ချစ်ခြင်း“ ဟူသည့် စာစောင်အသစ်မှအကြောင်းအရာတွင် ဆရာ Gary Thomas သည် အိမ်ထောင်ပြုခြင်း၏ ထာဝရရည်ရွယ်ချက်ကို ပြောပြထားသည်။ မိမိ၏အိမ်ထောင်ကို နိုးကြားသောဆက်ဆံမှုရှိစေခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာအသက်တာကို သူတစ်ပါးအား ဖြန့်ဝေနိုင်ရန် ကူညီပေးသည့်သင့်တော်သော တန်ဆာပလာအကြောင်းကို လေ့လာပါ။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/a_lifelong_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။