မိမိ၏အိမ်ထောင်ရေးတွင် ဝိညာဉ်တော်မှလာသောထက်သန်မှုကို မှုတ်သွင်းပါနမူနာ
ယောက္ခမဖြစ်တော်မူသောဘုရားသခင်
ယခုဖော်ပြမည့်အကြောင်းအရာသည် ကျွန်ုပ်အပေါ် သတိပေးချက်ကဲ့သို့ရောက်လာသည့်အရာဖြစ်ပြီး ရှင်းရှင်းပြောမည်ဆိုလျှင် ထိုအချိန်မှာ ကျွန်ုပ်အတွက်လိုအပ်သည့်အရာပင်ဖြစ်ပါသည်။ ကျွန်ုပ်သည် ပျိုနုသောလင်ယောက်ျားတစ်ယောက်ဖြစ်ပြီး တစ်ချိန်တွင် စူးစူးစိုက်စိုက်ဆုတောင်းနေသောအခါ လီဆာသည် ကျွန်ုပ်၏အမျိုးသမီးသာဖြစ်သည်မဟုတ်ဘဲ ကိုယ်တော်၏သမီးတစ်ဦးလည်းဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်သည်နှင့်လျော်ညီစွာ သူမကိုဆက်ဆံရမည့်အကြောင်း ဘုရားသခင်က ကျွန်ုပ်အားတိုက်ရိုက်ပြောဆိုနေသည်ဟု ကျွန်ုပ်ခံစားမိပါသည်။
ဤအရာကား ကျွန်ုပ်အားဘုရားသခင်ဖော်ပြတော်မူသော အလွန်အရေးပါသည့်အရာတစ်ခုဖြစ်ပြီး ကျွန်ုပ်မှာ ကလေးရှိလာသည့်အခါ ၎င်းကို ပို၍ကောင်းစွာမြင်လာသည်။ ကျွန်ုပ်ကိုသဘောထားကောင်းစေလိုသည်ဆိုလျှင် ကျွန်ုပ်ကလေးများအပေါ်ကောင်းပါ။
ပြောင်းပြန်ပြော၍ ကျွန်ုပ်ကိုစိတ်ဆိုးစေလိုသည်ဆိုလျှင် ကျွန်ုပ်ကလေးများမကောင်းကြောင်းပြောပါ။ သူတို့ကိုအနိုင်ကျင့်ပါ။ ထိုသို့ပြုလျှင် ထိုသူအမည်ကိုကြားရုံမျှသာနှင့် ကျွန်ုပ်သွေးအားထိုးတက်သွားသည်။ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် ကျွန်ုပ်ကလေးများနှင့်လာရှုတ်သည်ထက် ကျွန်ုပ်နှင့်လာရှုတ်သည်က ပို၍ခံသာသည်။
ဤသို့ဖြင့် ကျွန်ုပ်သည် ဘုရားသခင်၏သမီး (အမျိုးသမီးအနေဖြင့်ဆိုလျှင် ဘုရားသခင်၏သား) တစ်ဦးနှင့်လက်ထပ်ထားသည်ဟူသော အသိတရားရသောအခါ ကျွန်ုပ်၏အိမ်ထောင်ရေးရှုထောင့်အားလုံး ပြောင်းလဲသွားခဲ့ပါသည်။ ကျွန်ုပ်သည် ကိုယ့်သမီးအပေါ်ရှိသည့်ခံစားမှုထက် ဘုရားသခင်သည် ကျွန်ုပ်၏အမျိုးသမီးကို သူ၏သမီးတစ်ဦးအနေဖြင့် ပို၍သန့်ရှင်းပြီး ပို၍ပြင်းပြစွာချစ်တော်မူသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်၏အိမ်ထောင်ရေးတွင် ကျွန်ုပ်နှင့်ကျွန်ုပ်၏အိမ်ထောင်ဖက်နှစ်ဦးအကြားသာမကဘဲ အမြဲတမ်းကျွန်ုပ်တို့ကိုစိတ်ဝင်တစားဂရုစိုက်နေသည့် ပုဂ္ဂိုလ်နောက်တစ်ပါးပါဝင်လာခဲ့သည်။ ကျွန်ုပ်၏ကျန်ရှိသောအသက်တာ၏ အဓိကဝတ်ပြုခြင်းပုံစံသည် ဘုရားသခင်၏အမြင်တွင် ကိုယ်တော်၏သမီးလေးဖြစ်သော အမျိုးသမီးတစ်ဦးကို ဂရုစိုက်စောင့်ရှောက်သောအားဖြင့် ဘုရားသခင်ကိုဂုဏ်ပြုခြင်းဖြစ်ရမည် ဟုကျွန်ုပ်ခံယူခဲ့ပါသည်။
သင်းအုပ်ဆရာတို့က ဘုရားသခင်ကို အဖခမည်းတော်အဖြစ်ဆင်ခြင်စဉ်းစားရမည့်အကြောင်း ဟောပြောကြသည်ကို ကျွန်ုပ်တို့မကြာခဏကြားရပါသည်။ ဤအချက်သည်အမှန်ပင်အံ့ဩဖွယ်ကောင်းသည့် အမှန်တရားဖြစ်ပါသည်။ သို့သော် သင်၏အိမ်ထောင်ရေးအသက်တာကို ပြောင်းလဲစေလိုပါက ဤနှိုင်းစာချက်ကိုပို၍ချဲ့ပြီး ဘုရားသခင်ကို ယောက္ခမအဖြစ် ဆင်ခြင်အောက်မေ့ရန် အချိန်ယူရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် ယုံကြည်သူတစ်ဦးနှင့်အိမ်ထောင်ပြုသည့်အခါ ထိုသို့ပင်ဖြစ်သည်။
သင်၏အိမ်ထောင်ဖက်ကို ဘုရားသခင်၏သား (သို့) သမီးဟူ၍စဉ်းစားဖူးပါသလား။ ထိုသို့စဉ်းစားသောအခါ သူ့အပေါ်သင်၏ဆက်ဆံမှုသည် (သဘောထားချက်ရော လုပ်ဆောင်ချက်ပါ) မည်မျှပြောင်းလဲသွားလိမ့်မည်နည်း။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
"ရာသက်ပန်ချစ်ခြင်း“ ဟူသည့် စာစောင်အသစ်မှအကြောင်းအရာတွင် ဆရာ Gary Thomas သည် အိမ်ထောင်ပြုခြင်း၏ ထာဝရရည်ရွယ်ချက်ကို ပြောပြထားသည်။ မိမိ၏အိမ်ထောင်ကို နိုးကြားသောဆက်ဆံမှုရှိစေခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာအသက်တာကို သူတစ်ပါးအား ဖြန့်ဝေနိုင်ရန် ကူညီပေးသည့်သင့်တော်သော တန်ဆာပလာအကြောင်းကို လေ့လာပါ။
More
ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/a_lifelong_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။