YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစ္စရေးအတွက် ဆုတောင်းခြင်းနမူနာ

Praying For Israel

5 ၏ နေ့ 5

အစ္စရေးအတွက် ဆုတောင်းခြင်း - ကယ်တင်ခြင်းအကျွတ်တရား

အစ္စရေးနိုင်ငံမှာဖြစ်စေ၊ နိုင်ငံခြားမှာဖြစ်စေ၊ ဂျူးလူမျိုး၏ ဝိညာဉ်ရေးရာသည် အခြားသူများနည်းတူ ဖြစ်ပါသည်။ တချို့သည် မိမိဘာသာရေးတွင် ကိုင်းရှိုင်းပြီး၊ တချို့မှာ မိရိုးဖလာ ဖြစ်ပြီး၊ တချို့မှာ ဘုရားမဲ့တရားမဲ့ နေကြပါသည်။ သို့ရာတွင်၊ မေရှိယယေရှုကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရဟု နှုတ်ကပတ်တော်မှ ထင်ရှားစွာ ဖော်ပြထားသည်။ ဂျူးလူမျိုးများအတွက် ကယ်တင်ခြင်းသို့ရောက်ရန် သီးခြားလမ်းမရှိဘဲ၊ မေရှိယယေရှုကို ယုံကြည်ခြင်းအားဖြင့်သာ ရောက်နိုင်ပါသည်။ ဆုတောင်းခံချက်များ -

  • ယေရှုကို သိဖို့ ဆာငတ်သော သဘောနှင့် နှိုးဆော်မည့်အကြောင်း ဖြစ်သော်လည်းကောင်း၊
  • ယေရှုသည် ပဋိညာဉ်ဟောင်းမှာ မေရှိယပရောဖက်ပြုချက်များစွာကို ပြည့်စုံစေကြောင်းကို သိမြင်မည့်အကြောင်း ဖြစ်သော်လည်းကောင်း၊
  • ဂျူးလူမျိုးများ၏ ဉာဏ်မျက်စိကွယ်ခြင်းကို ပယ်ရှားပြီး ယေရှုခရစ်တော်သည် သန့်ရှင်သောနှုတ်ကပတ်တော်မြတ်၌ရှိ ကတိထားခဲ့သော မေရှိယဖြစ်သည့်ကို သိမြင်နိုင်မည့်အကြောင်း ဖြစ်သော်လည်းကောင်း ဆုတောင်းပေးပါ။

ကျမ်းစာများ

နေ့ 4

ဤအစီအစဉ်အကြောင်း

Praying For Israel

လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကျော်ခန့်က၊ အစ္စရေး (ဣသရေလ) နိုင်ငံသည် လွတ်လပ်ရေးရရှိကြောင်း ကြေငြာခဲ့သည်။ ဤမဆိုဆဖွယ်၊ ဒီမိုကရေစီအသစ်နှင့် စတင်ပေါက်ဖွားလာသည့် သေးငယ်သည့် နိုင်ငံလေးသည် ကြီးမားလှသော ကောင်းကြီးမင်္ဂလာများနှင့် အံ့သြဖွယ်ရာ သမ္မာကျမ်းစာပရောဖက်ပြုချက်များ၏ ထူးခြားသောပြည့်စုံမှုကို ပုံဖော်ပြသနေခဲ့သည်။ ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့ဟု သမ္မာကျမ်းစာသည် ထိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ မိတ်ဆွေ၊ ဆုတောင်းနိုင်သော နည်းလမ်းများကို ဖော်ပြပါရစေ...

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Jewish Voice Ministries International ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက https://www.jewishvoice.org/read/blog/12-ways-pray-against-anti-semitism သို့ ကြည့်ရှုနိုင်ပါသည်။