YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစ္စရေးအတွက် ဆုတောင်းခြင်းနမူနာ

Praying For Israel

5 ၏ နေ့ 4

အစ္စရေးအတွက် ဆုတောင်းခြင်း -လူအဖွဲ့အစည်းများ

လူ့အဖွဲ့အစည်းတိုင်းတွင် တူညီသောအရာတစ်ခုခုဖြင့် စည်းလုံးမှုကို ဖြစ်စေပါသည်။ အစ္စရေးနိုင်ငံ၌ ပါရှိသော လူ့အဖွဲ့အစည်းတချို့အတွက် ဘုရားသခင်ထံ ဆုတောင်းကူပေးပါ။

ဂျူး သုတ်သင်ရေး စီမံကိန်းကပ်ဆိုမှ အသက်ရှင်ကျန်ရစ်သူများ (Holocaust survivors) ဂျူး သုတ်သင်ရေး စီမံကိန်းကပ်ဆိုမှ အသက်ရှင်ကျန်ရစ်သူမျိုးဆက်များသည် တစ်နေ့ထက်တစ်နေ့ လျော့လာနေဆဲ ဖြစ်ပါသည်။ အစ္စရးနိုင်ငံ၌ နေထိုင်သော ဂျူးသုတ်သင်ရေး စီမံကိန်းကပ်ဆိုမှ အသက်ရှင်ကျန်ရစ်သူ အမြောက်အမြား အထီးကျန်သလို ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားနေကြသည်။ သူတို့၏ ခန္ဓာဆိုင်ရာ၊ စိတ်ဆိုင်ရာနှင့် ဝိညာဉ်ဆိုင်ရာအလိုရှိသမျှတို့ကို ဘုရားသခင်အားဖြင့် ပြည့်စုံစေမည့်အကြောင်း ဆုတောင်းပေးပါ။ မေရှိယယေရှုခရစ်တော်ကို ယုံကြည်လက်ခံစေဖို့ ဘုရားသခင်သည် သူတို့၏ ဉာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပတ္ထနာပြုပေးပါ။


ဒုက္ခသည်များ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တစ်ဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့်တော်မူပါပြီ။ ကမ္ဘာတစ်ဝှမ်းရှိ ဂျူးလူမျိုးများသည် 'အလီရာ (aliyah)' တည်းဟူသော အစ္စရေးနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို ပြုလုပ်ကြသည်။ အများစုသည် အီသီယိုးပီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံနှင့် အခြားနိုင်ငံများမှ ပြောင်းရွှေ့လာကြသည်။ သို့သော်၊ ၎င်းဂျူးလူမျိုးများသည် အစ္စရေးနိုင်ငံတွင် နေထိုင်သောအခါ၊ သာယာသောဘဝကို မရရှိကြချေ။ အခြားဘာသာစကား၊ ပညာရေးနှင့် အလုပ်အကိုင် အခက်အခဲအမျိုးမျိုးကို ကြုံနေကြရသည်။ အစ္စရေးနိုင်င်ရှိ ဒုက္ခသည်လူစုများသည် အစ္စရေးနိုင်ငံထံ ရွှေ့ပြောင်းနေထိုင်သောလူစုများကို စုစည်းလျက် ကြီးပွားတိုးတက်စေဖို့ ဆုတောင်းပါ။ ထိုသူတို့သည် သတင်းကောင်းမြတ်ကို ကြားလျက် ယေရှုခရစ်တော်ကို ယုံကြည်လက်ခံမည့်အကြောင်း ဆုတောင်းကူညီပါ။


ဂျူးယုံကြည်သူများ အစ္စရေးနိုင်ငံတွင် ဂျူးယုံကြည်သူထောင်ပေါင်းများစွာရှိပြီး အမျိုးသားချင်းဖြစ်သော ဂျူးညီကိုမောင်နှမများလည်း မေရှိယသခင်ယေရှုကို ယုံကြည်လာစေဖို့ စေတနာအလိုရှိကြသည်။ သူတစ်ပါးထံ ဘုရားသခင်၏မေတ္တာတော်နှင့် သတင်းကောင်းမြတ်ကို ဝေငှစေဖို့ ကိုယ်တော်သည် ဂျူးယုံကြည်သူများကို အသုံးပြုမည့်အကြောင်း ဆုတောင်းပါ။

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Praying For Israel

လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကျော်ခန့်က၊ အစ္စရေး (ဣသရေလ) နိုင်ငံသည် လွတ်လပ်ရေးရရှိကြောင်း ကြေငြာခဲ့သည်။ ဤမဆိုဆဖွယ်၊ ဒီမိုကရေစီအသစ်နှင့် စတင်ပေါက်ဖွားလာသည့် သေးငယ်သည့် နိုင်ငံလေးသည် ကြီးမားလှသော ကောင်းကြီးမင်္ဂလာများနှင့် အံ့သြဖွယ်ရာ သမ္မာကျမ်းစာပရောဖက်ပြုချက်များ၏ ထူးခြားသောပြည့်စုံမှုကို ပုံဖော်ပြသနေခဲ့သည်။ ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့ဟု သမ္မာကျမ်းစာသည် ထိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ မိတ်ဆွေ၊ ဆုတောင်းနိုင်သော နည်းလမ်းများကို ဖော်ပြပါရစေ...

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Jewish Voice Ministries International ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက https://www.jewishvoice.org/read/blog/12-ways-pray-against-anti-semitism သို့ ကြည့်ရှုနိုင်ပါသည်။