YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 3:12-18

ရု​သ​ 3:12-18 Judson Bible (JBMLE)

ငါ​သည်​ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း မှန်​ပေ၏။ သို့​သော်​လည်း ငါ့​ထက်​သာ၍ ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း​တစ်​ယောက် ရှိ​သေး၏။ ယ​နေ့​ည​မှာ နေ​ဦး​တော့၊ ထို​သူ​သည် ရွေး​ပိုင်​သော​အ​မျိုး​သား​ချင်း ဝတ်​ကို​ပြု​လို​လျှင် ပြု​ပါ​လေ​စေ။ ကောင်း၏။ မ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​မည်။ နံ​နက်​တိုင်​အောင် အိပ်​ဦး​တော့ ဟု​ဆို၏။ ရု​သ​သည် နံ​နက်​တိုင်​အောင် သူ့​ခြေ​ရင်း​နား​မှာ​အိပ်​ပြီး​မှ၊ တစ်​ယောက်​ကို​တစ်​ယောက် သိ​နိုင်​သော​အ​ချိန်​မ​ရောက်​မီ ထ​လေ၏။ ယောက်ျား​က​လည်း၊ မိန်း​မ​သည် ဤ​ကောက်​နယ်​တ​လင်း​သို့ လာ​သည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​နှင့်​ဟု ဆို၏။ တစ်​ဖန် သင်၌​ပါ​သော တင်း​တိမ်​ကို​ယူ​ခဲ့၍ ဖြန့်​ခင်း​တော့​ဟု ဆို​သည်​အ​တိုင်း၊ ရု​သ​ဖြန့်​လျက် မု​ယော​စ​ပါး​ခြောက်​ဩ​မဲ​ကို ခြင်၍ သူ့​အ​ပေါ်​မှာ​တင်​သ​ဖြင့်၊ သူ​သည် မြို့​ထဲ​သို့​သွား​လေ၏။ ယော​က္ခ​မ​ထံ​သို့ ရောက်​သော​အ​ခါ၊ ယော​က္ခ​မ​က အ​ဘယ်​သို့​နည်း​ဟု မေး​လျှင်၊ မိ​မိ၌​ထို​သူ​ပြု​သ​မျှ​ကို​လည်း​ကောင်း၊ သူ​က၊ သင်​သည် ယော​က္ခ​မ​ထံ​သို့ လက်​ချည်း​မ​သွား​နှင့်​ဟု ဆို​လျက် မု​ယော​စ​ပါး ခြောက်​ဩ​မဲ​ပေး​ကြောင်း​ကို​လည်း​ကောင်း ကြား​ပြော​လေ၏။ ယော​က္ခ​မ​က​လည်း၊ ငါ့​သ​မီး၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​ပြီး​လိမ့်​မည်​ကို မ​သိ​မီ​တိုင်​အောင် ထိုင်​နေ​တော့။ ယောက်ျား​သည် ယ​နေ့ ဤ​အ​မှု​ကို​မ​ပြီး​စီး​မီ ငြိမ်​ဝပ်​စွာ​မ​နေ​ဟု ပြော​ဆို၏။

ရု​သ​ 3:12-18 Common Language Bible (BCL)

ငါ​သည်​သင်​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​ဖြစ်​၍ သင်​၏​အ​တွက်​တာ​ဝန်​ရှိ​သည်​ကား​မှန်​၏။ သို့ ရာ​တွင်​ငါ့​ထက်​ပင်​ပို​၍​ရင်း​ချာ​သည့်​ဆွေ မျိုး​တစ်​ဦး​ရှိ​ပါ​သေး​သည်။- သင်​သည်​ယ​နေ့​ညဥ့်​ကုန်​ဆုံး​သည်​တိုင်​အောင် ဤ​နေ​ရာ​တွင်​နေ​ပါ​လော့။ သင်​၏​အ​တွက်​ထို သူ​တာ​ဝန်​ယူ​လို​သည်​မ​ယူ​လို​သည်​ကို​မိုး သောက်​သော​အ​ခါ ငါ​တို့​မေး​မြန်း​စုံ​စမ်း​ကြ မည်။ အ​ကယ်​၍​သူ​တာ​ဝန်​ယူ​လို​ပါ​လျှင်​ယူ ပါ​လေ​စေ။ သူ​မ​ယူ​လို​လျှင်​မူ​ကား ငါ​တာ​ဝန် ယူ​မည်​ဖြစ်​ကြောင်း​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏။ ယ​ခု သင်​သည် ဤ​နေ​ရာ​တွင်​လဲ​လျောင်း​လျက်​မိုး သောက်​ချိန်​တိုင်​အောင်​နေ​ပါ​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည်​မိုး​သောက်​ချိန်​တိုင်​အောင် ဗော​ဇ​၏​ခြေ​ရင်း​တွင်​အိပ်​လျက်​နေ​၏။ သို့​သော် လည်း​ဗော​ဇ​သည်​ရု​သ​ရောက်​ရှိ​လာ​ကြောင်း ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​လို​သော​ကြောင့် ရု​သ​သည်​မိုး​မ​လင်း​မီ​အိပ်​ရာ​မှ​ထ​လေ သည်။- ထို​အ​ခါ​ဗော​ဇ​က​သူ့​အား``သင်​၏​ခြုံ​ထည် ကို​ဤ​နေ​ရာ​တွင်​ဖြန့်​လော့'' ဟု​ဆို​သည် အ​တိုင်း​သူ​သည်​ပြု​၏။ ဗော​ဇ​သည်​မု​ယော စ​ပါး​တစ်​တင်း​ခန့်​ကို​လောင်း​ထည့်​ပြီး​လျှင် ချီ​ပင့်​၍​ပေး​သ​ဖြင့်​ရု​သ​သည်​ထို​စ​ပါး ထုပ်​နှင့်​မြို့​သို့​ပြန်​လေ​၏။- သူ​သည်​မိ​မိ​၏​ယောက္ခမ​ထံ​သို့​ရောက်​သော အ​ခါ ယောက္ခ​မ​က``ငါ့​သ​မီး၊ သင့်​အ​ရေး အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။ ရု​သ​သည်​ဗော​ဇ​ပြု​သ​မျှ​ကို​နော​မိ အား​ပြန်​ကြား​ပြီး​နောက်၊- ``သူ​သည်​ကျွန်​မ​အား`မိ​ခင်​ထံ​သို့​လက်​ချည်း သက်​သက်​မ​ပြန်​ရ' ဟု​ဆို​ကာ​ဤ​မု​ယော​စ​ပါး ကို​ပေး​လိုက်​ပါ​သေး​သည်'' ဟု​ပြော​၏။ နော​မိ​က``ရု​သ၊ ဤ​အ​မှု​အ​ဘယ်​သို့​အ​ဆုံး သတ်​သည် ကို​သိ​ရှိ​ရ​သည်​တိုင်​အောင်​စိတ်​ရှည် လျက်​စောင့်​နေ​ပါ​လော့။ ဗော​ဇ​သည်​ယ​နေ့ ဤ​ကိစ္စ​မ​ပြီး​ပြတ်​မ​ချင်း နား​နေ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။

ရု​သ​ 3:12-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ရွေးနုတ်​ခွင့်​ရှိ​သူ မှန်​သော်လည်း ငါ့​ထက် ပို၍​ရွေးနုတ်​ခွင့်​ရှိ​သူ​တစ်ဦး ရှိ​သေး​၏​။ ဤ​ည​တွင် အိပ်​ဦး​လော့​။ နံနက်​ရောက်​မှ ထို​သူ​သည် သင့်​ကို ရွေးနုတ်​မည်​ဆိုလျှင် ရွေးနုတ်​ပါစေ​။ ကောင်း​ပါ​၏​။ အကယ်၍ သူ​မ​ရွေးနုတ်​လျှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​ကို ငါ​ရွေးနုတ်​မည်​။ ယခုမူ နံနက်​တိုင်အောင် အိပ်​ဦး​လော့​”​ဟု ဆို​၏​။ ရုသ​သည် ဗောဇ​၏​ခြေရင်း​တွင် နံနက်​တိုင်အောင် အိပ်​ပြီး တစ်ယောက်​ကို​တစ်ယောက် သိ​နိုင်​သည့်​အချိန်​မ​ရောက်​မီ ထ​လေ​၏​။ ဗောဇ​က​လည်း သူ့​အား “​ဤ​တလင်းပြင်​သို့ သင်​လာ​သည်​ကို မည်သူ​မျှ​မ​သိ​စေ​နှင့်​”​ဟု ဆို​ပြီးလျှင် “သင့် ကိုယ်​ပေါ်​က ခြုံထည်​ကို ဖြန့်​၍ ကိုင်​ထား​ပါ​”​ဟု ဆို​၏​။ ရုသ​က​လည်း ခြုံထည်​ကို ဖြန့်​၍​ကိုင်​ထား​ရာ ဗောဇ​က မုယောစပါး​ခြောက်​ဧဖာ ခြင်ထည့်​ပြီး ရုသ​အား ပေး​၏​။ ရုသ​လည်း ယူ​၍ မြို့​သို့​ပြန်သွား​လေ​၏​။ ယောက္ခမ​ထံ​ပြန်ရောက်​သောအခါ ယောက္ခမ​က “​ငါ့​သမီး​၊ မည်သို့နည်း​”​ဟု မေး​သော် ရုသ​က​လည်း ဗောဇ​ပြု​ပေး​ခဲ့​သမျှ​ကို ပြန်​ပြောပြ​ပြီးလျှင် “​သူ​က ‘​ယောက္ခမ​ထံသို့ လက်ချည်းသက်သက်​ပြန်​မ​သွား​နှင့်​’​ဟု​ဆို​ကာ အကျွန်ုပ်​အား မုယောစပါး​ခြောက်​ဧဖာ​ကို​လည်း ပေးလိုက်​ပါ​၏​”​ဟု ဆို​၏​။ ထိုအခါ နောမိ​က ရုသ​အား “​ငါ့​သမီး​၊ ဤ​ကိစ္စ မည်သို့​ဖြစ်လာ​မည်​ကို သိ​ရ​သည်​အထိ စောင့်​နေ​ပါ​။ ထို​သူ​သည် ဤ​ကိစ္စ​ကို ယနေ့​ဖြေရှင်း​၍​မ​ပြီး​မ​ချင်း ငြိမ်ငြိမ်​နေ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။