YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရုသဝတ္ထု 3

3
ဗောဇထံ ရုသအသနားခံခြင်း
1တစ်နေ့တွင် ယောက္ခမ​နောမိ​က ရုသ​အား “​ငါ့​သမီး​၊ သင့်​အတွက် အေးချမ်း​သော​နားခို​ရာ​ကို ငါ​ရှာပေး​သင့်​သည်​မ​ဟုတ်​လော​။ 2သင်​သွား​၍​အလုပ်​အတူတူ​လုပ်​ခဲ့​သော​အစေအပါး​တို့​၏​သခင် ဗောဇ​သည် ငါ​တို့​၏​ဆွေမျိုးသားချင်း မ​ဟုတ်​လော​။ ယခု​ည သူ​သည် တလင်းပြင်​တွင် မုယောစပါး​လာ​လှေ့​လိမ့်မည်​။ 3သင်​သည် ရေချိုး​၊ ဖီးလိမ်း​ပြီးလျှင် ကောင်းကောင်းမွန်မွန် ဝတ်ဆင်​၍ တလင်းပြင်​သို့​သွား​ပါ​။ သူ စား​သောက်​၍​မ​ပြီး​မ​ချင်း သင်​ရောက်​နေ​သည်​ကို သူ​မ​သိ​စေ​နှင့်​။ 4သူ​အိပ်​သောအခါ သူ​အိပ်​သည့်​နေရာ​ကို မှတ်ထား​ပြီး သူ​၏​ခြေ​၌​ဖုံး​ထား​သော​အဝတ်​ကို​လှစ်​၍ သင်​လှဲအိပ်​နေ​ပါ​။ ထိုအခါ သင်​ပြု​ရ​မည့်​အရာ​ကို သူ​ပြောပြ​လိမ့်မည်​”​ဟု ဆို​၏​။
5ရုသ​က​လည်း “​အမေ​ပြော​သည့်​အတိုင်း အကျွန်ုပ် လုပ်​ပါ​မည်​”​ဟု ဆို​ပြီး 6တလင်းပြင်​သို့​သွား​၍ ယောက္ခမ​ပြော​သည့်​အတိုင်း ပြု​လေ​၏​။ 7ဗောဇ​သည် စား​သောက်​ပြီးလျှင် စိတ်အလို​ပြည့်စုံ​သွား​ပြီ​ဖြစ်၍ ကောက်လှိုင်းပုံ​အစွန်​တွင် သွား​အိပ်​လေ​၏​။ ရုသ​လည်း ဗောဇ​အနီး​သို့ တိတ်တဆိတ်​ချဉ်းကပ်​လာ​၍ သူ​၏​ခြေ​၌​ဖုံး​ထား​သော​အဝတ်​ကို​လှစ်​၍ လှဲအိပ်​လေ​၏​။ 8ညသန်းခေါင်​အချိန်​တွင် ဗောဇ​သည် နိုး​၍​လှည့်ကြည့်​လိုက်​ရာ ခြေရင်း​၌ အမျိုးသမီး​တစ်​ယောက် အိပ်​နေ​သည်​ကို တွေ့​သဖြင့် ထိတ်လန့်​သွား​၏​။ 9ထို့ကြောင့် ဗောဇ​က “​သင် မည်သူ​နည်း​”​ဟု မေး​ရာ ရုသ​က “​အကျွန်ုပ်​သည် သခင့်​ကျွန်မ ရုသ ဖြစ်​ပါ​၏​။ သခင်​သည် အကျွန်ုပ်​ကို ရွေးနုတ်​ခွင့်​ရှိ​သူ​ဖြစ်​သောကြောင့် သခင်​၏​ဝတ်လုံစွန်း#3:9 တိုက်ရိုက်ပြန်ဆိုလျှင် “အတောင်ပံ”။​ဖြင့် သခင့်​ကျွန်မ​ကို လွှမ်းခြုံ​ပေး​ပါ​တော့​”​ဟု ဆို​၏​။
10ဗောဇ​က​လည်း “​ငါ့​သမီး​၊ ထာဝရဘုရား​သည် သင့်​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​။ သင်​သည် ဆင်းရဲ​သော​လူပျို​၊ ချမ်းသာ​သော​လူပျို​တို့​နောက်သို့ မ​လိုက်​။ ယခု သင်​ပြ​သော​မေတ္တာကရုဏာ​သည် ယခင် ပြ​ခဲ့​သည်​ထက် သာ၍​မြတ်​၏​။ 11ယခုမှာ ငါ့​သမီး​၊ ဘာမျှ​မ​စိုးရိမ်​နှင့်​။ သင်​တောင်း​သမျှ​ကို ငါ​ပြု​ပေး​မည်​။ သင်​သည် အကျင့်သီလ​နှင့်​ပြည့်စုံ​သော​အမျိုးသမီး​ဖြစ်ကြောင်း​ကို ဤ​တစ်မြို့လုံး​ရှိ​ငါ​တို့​လူမျိုး​တို့ သိ​ကြ​၏​။ 12ငါ​သည် ရွေးနုတ်​ခွင့်​ရှိ​သူ မှန်​သော်လည်း ငါ့​ထက် ပို၍​ရွေးနုတ်​ခွင့်​ရှိ​သူ​တစ်ဦး ရှိ​သေး​၏​။ 13ဤ​ည​တွင် အိပ်​ဦး​လော့​။ နံနက်​ရောက်​မှ ထို​သူ​သည် သင့်​ကို ရွေးနုတ်​မည်​ဆိုလျှင် ရွေးနုတ်​ပါစေ​။ ကောင်း​ပါ​၏​။ အကယ်၍ သူ​မ​ရွေးနုတ်​လျှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​ကို ငါ​ရွေးနုတ်​မည်​။ ယခုမူ နံနက်​တိုင်အောင် အိပ်​ဦး​လော့​”​ဟု ဆို​၏​။
14ရုသ​သည် ဗောဇ​၏​ခြေရင်း​တွင် နံနက်​တိုင်အောင် အိပ်​ပြီး တစ်ယောက်​ကို​တစ်ယောက် သိ​နိုင်​သည့်​အချိန်​မ​ရောက်​မီ ထ​လေ​၏​။ ဗောဇ​က​လည်း သူ့​အား “​ဤ​တလင်းပြင်​သို့ သင်​လာ​သည်​ကို မည်သူ​မျှ​မ​သိ​စေ​နှင့်​”​ဟု ဆို​ပြီးလျှင်
15“သင့် ကိုယ်​ပေါ်​က ခြုံထည်​ကို ဖြန့်​၍ ကိုင်​ထား​ပါ​”​ဟု ဆို​၏​။ ရုသ​က​လည်း ခြုံထည်​ကို ဖြန့်​၍​ကိုင်​ထား​ရာ ဗောဇ​က မုယောစပါး​ခြောက်​ဧဖာ ခြင်ထည့်​ပြီး ရုသ​အား ပေး​၏​။ ရုသ​လည်း ယူ​၍ မြို့​သို့​ပြန်သွား​လေ​၏​။ 16ယောက္ခမ​ထံ​ပြန်ရောက်​သောအခါ ယောက္ခမ​က “​ငါ့​သမီး​၊ မည်သို့နည်း​”​ဟု မေး​သော် ရုသ​က​လည်း ဗောဇ​ပြု​ပေး​ခဲ့​သမျှ​ကို ပြန်​ပြောပြ​ပြီးလျှင် 17“​သူ​က ‘​ယောက္ခမ​ထံသို့ လက်ချည်းသက်သက်​ပြန်​မ​သွား​နှင့်​’​ဟု​ဆို​ကာ အကျွန်ုပ်​အား မုယောစပါး​ခြောက်​ဧဖာ​ကို​လည်း ပေးလိုက်​ပါ​၏​”​ဟု ဆို​၏​။
18ထိုအခါ နောမိ​က ရုသ​အား “​ငါ့​သမီး​၊ ဤ​ကိစ္စ မည်သို့​ဖြစ်လာ​မည်​ကို သိ​ရ​သည်​အထိ စောင့်​နေ​ပါ​။ ထို​သူ​သည် ဤ​ကိစ္စ​ကို ယနေ့​ဖြေရှင်း​၍​မ​ပြီး​မ​ချင်း ငြိမ်ငြိမ်​နေ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ရုသဝတ္ထု 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။