YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရုသဝတ္ထု 3:12-18

ရုသဝတ္ထု 3:12-18 MSBU

ငါ​သည် ရွေးနုတ်​ခွင့်​ရှိ​သူ မှန်​သော်လည်း ငါ့​ထက် ပို၍​ရွေးနုတ်​ခွင့်​ရှိ​သူ​တစ်ဦး ရှိ​သေး​၏​။ ဤ​ည​တွင် အိပ်​ဦး​လော့​။ နံနက်​ရောက်​မှ ထို​သူ​သည် သင့်​ကို ရွေးနုတ်​မည်​ဆိုလျှင် ရွေးနုတ်​ပါစေ​။ ကောင်း​ပါ​၏​။ အကယ်၍ သူ​မ​ရွေးနုတ်​လျှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​ကို ငါ​ရွေးနုတ်​မည်​။ ယခုမူ နံနက်​တိုင်အောင် အိပ်​ဦး​လော့​”​ဟု ဆို​၏​။ ရုသ​သည် ဗောဇ​၏​ခြေရင်း​တွင် နံနက်​တိုင်အောင် အိပ်​ပြီး တစ်ယောက်​ကို​တစ်ယောက် သိ​နိုင်​သည့်​အချိန်​မ​ရောက်​မီ ထ​လေ​၏​။ ဗောဇ​က​လည်း သူ့​အား “​ဤ​တလင်းပြင်​သို့ သင်​လာ​သည်​ကို မည်သူ​မျှ​မ​သိ​စေ​နှင့်​”​ဟု ဆို​ပြီးလျှင် “သင့် ကိုယ်​ပေါ်​က ခြုံထည်​ကို ဖြန့်​၍ ကိုင်​ထား​ပါ​”​ဟု ဆို​၏​။ ရုသ​က​လည်း ခြုံထည်​ကို ဖြန့်​၍​ကိုင်​ထား​ရာ ဗောဇ​က မုယောစပါး​ခြောက်​ဧဖာ ခြင်ထည့်​ပြီး ရုသ​အား ပေး​၏​။ ရုသ​လည်း ယူ​၍ မြို့​သို့​ပြန်သွား​လေ​၏​။ ယောက္ခမ​ထံ​ပြန်ရောက်​သောအခါ ယောက္ခမ​က “​ငါ့​သမီး​၊ မည်သို့နည်း​”​ဟု မေး​သော် ရုသ​က​လည်း ဗောဇ​ပြု​ပေး​ခဲ့​သမျှ​ကို ပြန်​ပြောပြ​ပြီးလျှင် “​သူ​က ‘​ယောက္ခမ​ထံသို့ လက်ချည်းသက်သက်​ပြန်​မ​သွား​နှင့်​’​ဟု​ဆို​ကာ အကျွန်ုပ်​အား မုယောစပါး​ခြောက်​ဧဖာ​ကို​လည်း ပေးလိုက်​ပါ​၏​”​ဟု ဆို​၏​။ ထိုအခါ နောမိ​က ရုသ​အား “​ငါ့​သမီး​၊ ဤ​ကိစ္စ မည်သို့​ဖြစ်လာ​မည်​ကို သိ​ရ​သည်​အထိ စောင့်​နေ​ပါ​။ ထို​သူ​သည် ဤ​ကိစ္စ​ကို ယနေ့​ဖြေရှင်း​၍​မ​ပြီး​မ​ချင်း ငြိမ်ငြိမ်​နေ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။