YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 3:10-20

ရောမ 3:10-20 Judson Bible (JBMLE)

ကျမ်း​စာ​လာ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။- နား​လည်​သော​သူ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​မ​ရှိ။- လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း အ​သုံး​မ​ရ​သော​သူ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။- သူ​တို့၏​လည်​ချောင်း​သည် ဖွင့်​ထား​သော သင်္ချိုင်း​တွင်း​ဖြစ်၏။ သူ​တို့​သည် လျှာ​နှင့် လှည့်​စား​တတ်​ကြ၏။ သူ​တို့​နှုတ်​ခမ်း​အ​ထဲ​မှာ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ရှိ၏။- သူ​တို့​နှုတ်​သည် ကျိန်​ဆဲ​သော​စ​ကား၊ ကြမ်း​တမ်း​သော​စ​ကား​နှင့် ပြည့်​ဝ၏။- သူ​တို့​ခြေ​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ လျင်​မြန်၏။- သူ​တို့​သွား​ရာ​လမ်း၌ ပျက်​စီး​ခြင်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ရှိ၏။- ချမ်း​သာ​လမ်း​ကို သူ​တို့​မ​သိ​ကြ။- ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​သော​အ​ကြောင်း​သည် သူ​တို့​မျက်​စိ၌​မ​ထင်​ဟု ကျမ်း​စာ​လာ​သ​တည်း။- ပ​ညတ်​တ​ရား၌ ပါ​သ​မျှ​သော​စ​ကား​တို့​သည် ပ​ညတ်​တ​ရား​ကို ခံ​သော​သူ​တို့​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့ သိ​ကြ၏။ ထို​သို့​ဖြစ်၍၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နိုင်​ဘဲ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ပြစ်​သင့်သော​သူ​ဖြစ်​ကြ၏။- ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။

ရောမ 3:10-20 Common Language Bible (BCL)

ကျမ်း​စာ​တော်​တွင်၊``ဖြောင့်​မတ်​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ။ ပ​ညာ​ရှိ​သူ​ဟူ​၍​မ​ရှိ။ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ တစ်​ယောက်​မျှ​မ​ရှိ။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကျော​ခိုင်း​သွား​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​လမ်း​လွဲ​ကြ​လေ​ပြီ။ အ​မှန်​တ​ရား​ကို​ပြု​ကျင့်​သူ​ဟူ​၍​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သော စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​လျှာ​ဖြင့်​လိမ်​လည်​လှည့် စား​ကြ​၏။ မြွေ​ဆိုး​ကဲ့​သို့​သူ​တို့​၏​နှုတ်​ခမ်း​တွင် အ​ဆိပ်​အ​တောက်​ရှိ​၏။ သူ​တို့​၏​ခံ​တွင်း​သည်​ခါး​သီး​စွာ​ကျိန်​စာ သင့်​သော စ​ကား​နှင့်​ပြည့်​ဝ​လျက်​ရှိ​၏။ သူ​တို့​သည်​လူ့​အ​သက်​ကို​သတ်​ရန်​လက်​မ​နှေး ကြ။ သူ​တို့​ရောက်​လေ​ရာ​တွင်​သူ​တို့​လက်​ချက်​ဖြင့် ပျက်​စီး​ဆုံး​ရှုံး​မှု​ရှိ​၏။ သူ​တို့​သည်​ငြိမ်း​ချမ်း​ရေး​လမ်း​စဉ်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​လိုက်​ကြ။ သူ​တို့​တွင်​ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​သော စိတ်​မ​ရှိ​ကြ'' ဟူ​၍​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​သ​တည်း။ ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။- ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။

ရောမ 3:10-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသည်ကား “ဖြောင့်မတ်​သော​သူ​မ​ရှိ၊ တစ်ယောက်မျှ​မ​ရှိ။ တတ်သိ​နားလည်​သော​သူ​မ​ရှိ၊ ဘုရားသခင်​ကို​ရှာ​သော​သူ​မ​ရှိ။ လူ​အပေါင်း​တို့​သည် လမ်းလွဲ​ကြ​၍ တညီတညွတ်တည်း​အသုံးမကျ​သော​သူ​များ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ၊ တစ်ယောက်မျှ​မ​ရှိ။ သူ​တို့​၏​လည်ချောင်း​သည် ဖွင့်​ထား​သော​သင်္ချိုင်း​တွင်း​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​လျှာ​ဖြင့် လိမ်လည်​ပြောဆို​တတ်​ကြ​၏။ သူ​တို့​၏​နှုတ်ခမ်း​အောက်၌ မြွေဆိုး​၏​အဆိပ်​အတောက်​ရှိ​၏။ သူ​တို့​၏​နှုတ်​သည် ကျိန်ဆဲ​သော​စကား၊ ခါးသီး​သော​စကား​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​၏။ သူ​တို့​၏​ခြေ​သည် လူ​ကို​သတ်ဖြတ်​ရန်​လျင်မြန်​ကြ​၏။ သူ​တို့​သွား​ရာ​လမ်း​၌ ပျက်စီး​ခြင်း​နှင့်​ဒုက္ခ​ဆင်းရဲ​ခြင်း​ရှိ​၍ သူ​တို့​သည် ငြိမ်းချမ်း​ရာ​လမ်း​ကို​မ​သိ​ကြ။ သူ​တို့​၏​မျက်စိ​ရှေ့တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​မ​ရှိ”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ ပညတ်​တရား​ဆို​ထား​သမျှ​တို့​သည် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​များ​အတွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤသည်ကား နှုတ်​ရှိသမျှ​သည် ပိတ်​ထား​ခြင်း​ခံရ​၍ လောကီသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​ခြင်း​လက်အောက်​သို့ ကျရောက်​ကြ​ရန်​ဖြစ်​၏။ သို့ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ အကြောင်းမူကား ပညတ်​တရား​အားဖြင့် အပြစ်​အကြောင်း​ကို​သိရှိ​ရုံ​မျှသာ​ဖြစ်​၏။