YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရော​မ 3:10-20

ရော​မ 3:10-20 BCL

ကျမ်း​စာ​တော်​တွင်၊``ဖြောင့်​မတ်​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ။ ပ​ညာ​ရှိ​သူ​ဟူ​၍​မ​ရှိ။ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ တစ်​ယောက်​မျှ​မ​ရှိ။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကျော​ခိုင်း​သွား​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​လမ်း​လွဲ​ကြ​လေ​ပြီ။ အ​မှန်​တ​ရား​ကို​ပြု​ကျင့်​သူ​ဟူ​၍​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သော စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​လျှာ​ဖြင့်​လိမ်​လည်​လှည့် စား​ကြ​၏။ မြွေ​ဆိုး​ကဲ့​သို့​သူ​တို့​၏​နှုတ်​ခမ်း​တွင် အ​ဆိပ်​အ​တောက်​ရှိ​၏။ သူ​တို့​၏​ခံ​တွင်း​သည်​ခါး​သီး​စွာ​ကျိန်​စာ သင့်​သော စ​ကား​နှင့်​ပြည့်​ဝ​လျက်​ရှိ​၏။ သူ​တို့​သည်​လူ့​အ​သက်​ကို​သတ်​ရန်​လက်​မ​နှေး ကြ။ သူ​တို့​ရောက်​လေ​ရာ​တွင်​သူ​တို့​လက်​ချက်​ဖြင့် ပျက်​စီး​ဆုံး​ရှုံး​မှု​ရှိ​၏။ သူ​တို့​သည်​ငြိမ်း​ချမ်း​ရေး​လမ်း​စဉ်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​လိုက်​ကြ။ သူ​တို့​တွင်​ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​သော စိတ်​မ​ရှိ​ကြ'' ဟူ​၍​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​သ​တည်း။ ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။- ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။