YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 3:10-20

ရောမဩဝါဒစာ 3:10-20 MSBU

ဤသည်ကား “ဖြောင့်မတ်​သော​သူ​မ​ရှိ၊ တစ်ယောက်မျှ​မ​ရှိ။ တတ်သိ​နားလည်​သော​သူ​မ​ရှိ၊ ဘုရားသခင်​ကို​ရှာ​သော​သူ​မ​ရှိ။ လူ​အပေါင်း​တို့​သည် လမ်းလွဲ​ကြ​၍ တညီတညွတ်တည်း​အသုံးမကျ​သော​သူ​များ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ၊ တစ်ယောက်မျှ​မ​ရှိ။ သူ​တို့​၏​လည်ချောင်း​သည် ဖွင့်​ထား​သော​သင်္ချိုင်း​တွင်း​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​လျှာ​ဖြင့် လိမ်လည်​ပြောဆို​တတ်​ကြ​၏။ သူ​တို့​၏​နှုတ်ခမ်း​အောက်၌ မြွေဆိုး​၏​အဆိပ်​အတောက်​ရှိ​၏။ သူ​တို့​၏​နှုတ်​သည် ကျိန်ဆဲ​သော​စကား၊ ခါးသီး​သော​စကား​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​၏။ သူ​တို့​၏​ခြေ​သည် လူ​ကို​သတ်ဖြတ်​ရန်​လျင်မြန်​ကြ​၏။ သူ​တို့​သွား​ရာ​လမ်း​၌ ပျက်စီး​ခြင်း​နှင့်​ဒုက္ခ​ဆင်းရဲ​ခြင်း​ရှိ​၍ သူ​တို့​သည် ငြိမ်းချမ်း​ရာ​လမ်း​ကို​မ​သိ​ကြ။ သူ​တို့​၏​မျက်စိ​ရှေ့တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​မ​ရှိ”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ ပညတ်​တရား​ဆို​ထား​သမျှ​တို့​သည် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​များ​အတွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤသည်ကား နှုတ်​ရှိသမျှ​သည် ပိတ်​ထား​ခြင်း​ခံရ​၍ လောကီသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​ခြင်း​လက်အောက်​သို့ ကျရောက်​ကြ​ရန်​ဖြစ်​၏။ သို့ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ အကြောင်းမူကား ပညတ်​တရား​အားဖြင့် အပြစ်​အကြောင်း​ကို​သိရှိ​ရုံ​မျှသာ​ဖြစ်​၏။