YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 16:17-27

ရောမ 16:17-27 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​ပြီး​သော ဆုံး​မ​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သော သင်း​ခွဲ​ခြင်း၊ မှား​ယွင်း​ခြင်း အ​ကြောင်း​ကို ပြု​တတ်​သော သူ​တို့​ကို​မှတ်၍ ရှောင်​ကြ​လော့​ဟု ငါ​သ​တိ​ပေး၏။- အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။- သင်​တို့ ယုံ​ကြည်​နား​ထောင်​ခြင်း အ​ကြောင်း​အ​ရာ​သည် လူ​အ​ပေါင်း​တို့​တွင် ကျော်​စော​သည်​ဖြစ်၍၊ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ သို့​သော်​လည်း၊ သင်​တို့​သည် ကောင်း​သော​အ​မှု၌​ကား၊ ပ​ညာ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​အ​မှု၌​ကား၊ အ​ပြစ်​ကင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​အ​လို​ရှိ၏။- ငြိမ်​သက်​ခြင်း​အ​ရှင် ဘု​ရား​သ​ခင်​သည် မ​ကြာ​မ​မြင့်​မီ စာ​တန်​ကို သင်​တို့​ခြေ​အောက်၌ နှိပ်​စက်​တော်​မူ​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။- ငါနှင့်​အ​တူ အ​မှု​တော်​ကို ဆောင်​ရွက်​သော တိမောသေမှစ၍ ငါ၏​အ​ဆွေ​အ​မျိုး​လု​ကိ၊ ယာ​သုန်၊ သော​သိ​ပ​တ​ရု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။- ဤ​စာ​ကို​ရေး​သော ကျွန်ုပ်​တေ​ရ​တိ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို နှုတ်​ဆက်​ပါ၏။- ငါ့​ကို​လည်း​ကောင်း၊ သင်း​ဝင်​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း လက်​ခံ၍ ဧည့်​သည်​ဝတ်​ပြု​တတ်​သော ဂါ​ယု၊ မြို့​စာ​ရေး ဧ​ရ​တ္တု၊ သင်​တို့​ညီ ကွာ​တု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။- ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​ပြီး​လျှင် ယ​ခု​မှာ ထင်​ရှား​သည်​ဖြစ်၍၊- လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​ကြ​မည်​အ​ကြောင်း ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း ထို​သူ​တို့​အား ဖော်​ပြ​ရ​သော နက်​နဲ​ရာ​ကို​ဖွင့်​ထား​ခြင်း ကျေး​ဇူး​တော်​နှင့်​လျော်​စွာ၊ ငါ​ဟော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်၊ သင်​တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော​အ​ရှင်၊- တစ်​ဆူ​တည်း​သာ​လျှင် ပ​ညာ​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရော​မ​ဩ​ဝါ​ဒ​စာ​ပြီး၏။

ရောမ 16:17-27 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​သြ​ဝါ​ဒ များ​ကို​ဆန့်​ကျင်​လျက်​လူ​တို့​အား​စိတ်​ဝမ်း​ကွဲ စေ​ခြင်း၊ လူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မှောက်​မှား လမ်း​လွဲ​စေ​ခြင်း​ကို​ပြု​သော​သူ​တို့​အား​သ​တိ ပြု​ကြ​လော့။ ထို​သူ​တို့​ကို​ရှောင်​ရှား​ကြ​လော့။- သူ​တို့​သည်​ငါ​တို့​၏​အ​ရှင်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​သူ​များ​မ​ဟုတ်။ မိ​မိ​တို့​၏​အ​မှု​ကို သာ​စိတ်​ဝင်​စား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​နူး​ညံ့ ချို​သာ​သော​စ​ကား​များ၊ မြှောက်​ပင့်​သော​စ​ကား​များ ဖြင့်​ရိုး​သား​သူ​တို့​၏​စိတ်​ကို​လှည့်​စား​တတ်​ကြ​၏။- သင်​တို့​သည်​သ​တင်း​ကောင်း​ကို​အ​ဘယ်​မျှ​စွဲ​မြဲ​စွာ ယုံ​ကြည်​ကြ​ကြောင်း​ကို​လူ​တိုင်း​ပင်​ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​၏။ သင်​တို့​သည်​ကောင်း​မြတ်​သော​အ​မှု​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို​သိ​သော​ပ​ညာ​ရှိ​များ​ဖြစ်​ပြီး​လျှင် ညစ်​ညမ်း​သော​အ​မှု​နှင့်​ပတ်​သက်​၍​အ​ပြစ်​ကင်း သူ​များ​ဖြစ်​ကြ​စေ​လို​၏။- ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည်​စာ​တန် အား သင်​တို့​၏​ခြေ​အောက်​တွင်​မ​ကြာ​မီ​ချေ​မှုန်း တော်​မူ​လိမ့်​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ ခံ​စား​ကြ​ရ​ပါ​စေ​သော။ ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​တိ​မော​သေ​နှင့်​ယု​ဒ အ​မျိုး​သား​ဖြစ်​ကြ​သူ​လု​ကိ၊ ယာ​သုန်​နှင့်​သော သိ​ပ​တ​ရု​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက် ကြ​၏။ ကျွန်ုပ်​တေ​ရ​တိ​သည်​ဤ​စာ​ကို​နှုတ်​တိုက်​လိုက်​၍ ရေး​သား​ခဲ့​ပါ​၏။ ကျွန်ုပ်​က​လည်း​ခ​ရစ်​တော်​အား ဖြင့်​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။ ငါ့​အား​ဧည့်​ဝတ်​ပြု​သူ၊ အ​သင်း​တော်​ဝင်​အ​ပေါင်း တို့​ဝတ်​ပြု​ရာ​အိမ်​ရှင်​ဂါ​ယု​က​လည်း​သင်​တို့​အား နှုတ်​ဆက်​လိုက်​၏။ မြို့​တော်​ဘဏ္ဍာ​ထိန်း​ဧရတ္တု​က လည်း​ကောင်း၊ ငါ​တို့​၏​ညီ​အစ်​ကို​ကွာ​တု​က လည်း​ကောင်း​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။- ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​ကို သင်​တို့​အား​လုံး​ခံ​စား​ကြ​ရ​ပါ​စေ​သော။ အာ​မင်။ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အား​ငါ တို့​ထော​မ​နာ​ပြု​ကြ​ကုန်​စို့။ ယေ​ရှု​ခ​ရစ်​အ​ကြောင်း ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​သော်​လည်း ကောင်း၊ ရှေး​ကာ​လ​အ​ဆက်​ဆက်​၌​ကွယ်​ဝှက်​နေ​ခဲ့ သော​သစ္စာ​တ​ရား​ပေါ်​လွင်​ထင်​ရှား​ချက်​အ​ရ​သော် လည်း​ကောင်း ကိုယ်​တော်​သည်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​ခိုင်​မြဲ​စေ​တော်​မူ​နိုင်​၏။- သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ထို​လျှို့​ဝှက်​သည့်​သစ္စာ တ​ရား​သည်​ပ​ရော​ဖက်​ကျမ်း​များ​အား​ဖြင့်​ပေါ် လွင်​ထင်​ရှား​လာ​လေ​ပြီ။ လူ​မျိုး​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကာ​ကိုယ်​တော်​၏​စ​ကား တော်​ကို​နာ​ခံ​လာ​ကြ​စေ​ရန် နိစ္စ​ထာ​ဝ​ရ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ထို သစ္စာ​တ​ရား​ကို​ကြေ​ညာ​လေ​ပြီ။ တစ်​ဆူ​တည်း​သာ​လျှင် ဉာဏ်​တော်​အ​နန္တ​နှင့်​ပြည့်​စုံ တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား ဖြင့် ထာ​ဝ​စဉ်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ ပါ​စေ​သ​တည်း။ အာ​မင်။ ရော​မ​သြ​ဝါ​ဒ​စာ​ပြီး​၏။

ရောမ 16:17-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ သင်​တို့​ခံယူ​ပြီး​သော​သွန်သင်​ချက်​ကို​ဆန့်ကျင်​၍ ကွဲပြား​ခြင်း​နှင့်​မှားယွင်း​ခြင်း​တို့​ကို ဖြစ်ပွား​စေ​သော​သူ​တို့​ကို​သတိပြု​လျက် ရှောင်ရှား​ကြ​ရန်​သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​၏။ အကြောင်းမူကား ထိုသို့​သော​သူ​တို့​သည် ငါ​တို့​၏​သခင်​ခရစ်တော်​ကို အစေ​မ​ခံ​ဘဲ မိမိ​တို့​၏​ဝမ်းဗိုက်​ကို​သာ အစေခံ​၍ ချိုသာ​သော​စကား​နှင့် မြှောက်ပင့်​သော​စကား​တို့​ဖြင့် ရိုးစင်း​သော​သူ​တို့​၏​စိတ်နှလုံး​ကို လှည့်ဖြား​တတ်​ကြ​၏။ သင်​တို့​၏​နာခံ​မှု​သည် လူ​အပေါင်း​တို့​တွင် ကျော်စော​သည်​ဖြစ်၍ သင်​တို့​အတွက် ငါ​ဝမ်းမြောက်​၏။ သို့ရာတွင် သင်​တို့​သည် ကောင်း​သော​အမှု​၌ ပညာရှိ​ဖြစ်​ကြ​ပြီး မကောင်း​သော​အမှု​၌ အပြစ်​ကင်းစင်​သော​သူ​ဖြစ်​ကြ​ရန် ငါ​အလိုရှိ​၏။ ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း စာတန်​ကို သင်​တို့​၏​ခြေ​အောက်၌ ကြေမွ​စေ​တော်မူ​လိမ့်မည်။ ငါ​တို့​သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။ ငါ​၏​လုပ်ဖော်ဆောင်ဖက်​တိမောသေ၊ ငါ့​အမျိုးသား​ချင်း လုကိ၊ ယာသုန်​နှင့် သောသိပါတရု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။ ဤ​စာ​ကို​ရေး​ပေး​သူ အကျွန်ုပ်​တေရတိ​သည် သခင်​ဘုရား​၌ သင်​တို့​ကို​နှုတ်ဆက်​ပါ​၏။ ငါ​မှစ၍ အသင်းတော်​တစ်ခုလုံး​ကို​လက်ခံ​သော​အိမ်ရှင်​ဂါယု​သည် သင်​တို့​ကို​နှုတ်ဆက်​၏။ မြို့​တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ငါ​တို့​၏​ညီအစ်ကို​ကွာတု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။ [ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။] ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ယေရှု​ခရစ်တော်​အကြောင်း​ကို​ဟောပြော​ခြင်း​အားဖြင့်​လည်းကောင်း၊ ရှေး​ကာလ​ပတ်လုံး ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ ထာဝရ​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ပရောဖက်​ကျမ်း​များ​၌​ထင်ရှား​ပြီး ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် လူမျိုး​အပေါင်း​တို့​အား​သိ​စေ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဖွင့်ပြ​ခြင်း​အားဖြင့်​လည်းကောင်း သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​နိုင်​သော​အရှင်​၊ ပညာ​နှင့်​ပြည့်စုံ​တော်မူ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ယေရှု​ခရစ်တော်​အားဖြင့် ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။