ညီအစ်ကိုတို့၊ သင်တို့ခံယူရရှိသည့်သြဝါဒ များကိုဆန့်ကျင်လျက်လူတို့အားစိတ်ဝမ်းကွဲ စေခြင်း၊ လူတို့၏ယုံကြည်ခြင်းကိုမှောက်မှား လမ်းလွဲစေခြင်းကိုပြုသောသူတို့အားသတိ ပြုကြလော့။ ထိုသူတို့ကိုရှောင်ရှားကြလော့။- သူတို့သည်ငါတို့၏အရှင်ခရစ်တော်၏အမှုတော် ကိုထမ်းဆောင်သူများမဟုတ်။ မိမိတို့၏အမှုကို သာစိတ်ဝင်စားသူများဖြစ်ကြ၏။ သူတို့သည်နူးညံ့ ချိုသာသောစကားများ၊ မြှောက်ပင့်သောစကားများ ဖြင့်ရိုးသားသူတို့၏စိတ်ကိုလှည့်စားတတ်ကြ၏။- သင်တို့သည်သတင်းကောင်းကိုအဘယ်မျှစွဲမြဲစွာ ယုံကြည်ကြကြောင်းကိုလူတိုင်းပင်ကြားသိရ၏။ သို့ဖြစ်၍ငါသည်သင်တို့အတွက်ဝမ်းမြောက်၏။ သင်တို့သည်ကောင်းမြတ်သောအမှုအဘယ်အရာ ဖြစ်သည်ကိုသိသောပညာရှိများဖြစ်ပြီးလျှင် ညစ်ညမ်းသောအမှုနှင့်ပတ်သက်၍အပြစ်ကင်း သူများဖြစ်ကြစေလို၏။- ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။ ငါ၏လုပ်ဖော်ဆောင်ဘက်တိမောသေနှင့်ယုဒ အမျိုးသားဖြစ်ကြသူလုကိ၊ ယာသုန်နှင့်သော သိပတရုတို့ကသင်တို့အားနှုတ်ဆက်လိုက် ကြ၏။ ကျွန်ုပ်တေရတိသည်ဤစာကိုနှုတ်တိုက်လိုက်၍ ရေးသားခဲ့ပါ၏။ ကျွန်ုပ်ကလည်းခရစ်တော်အား ဖြင့်သင်တို့အားနှုတ်ဆက်လိုက်ပါ၏။ ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။- ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်ကို သင်တို့အားလုံးခံစားကြရပါစေသော။ အာမင်။ ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။- သို့ရာတွင်ယခုအခါ၌ထိုလျှို့ဝှက်သည့်သစ္စာ တရားသည်ပရောဖက်ကျမ်းများအားဖြင့်ပေါ် လွင်ထင်ရှားလာလေပြီ။ လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကိုယုံကြည်ကာကိုယ်တော်၏စကား တော်ကိုနာခံလာကြစေရန် နိစ္စထာဝရအသက် ရှင်တော်မူသောဘုရား၏အမိန့်တော်အရထို သစ္စာတရားကိုကြေညာလေပြီ။ တစ်ဆူတည်းသာလျှင် ဉာဏ်တော်အနန္တနှင့်ပြည့်စုံ တော်မူသောဘုရားသခင်သည်ယေရှုခရစ်အား ဖြင့် ထာဝစဉ်ဘုန်းအသရေထွန်းတောက်တော်မူ ပါစေသတည်း။ အာမင်။ ရောမသြဝါဒစာပြီး၏။
ရောမ 16 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 16:17-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ