YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 15:25-29

ရောမ 15:25-29 Judson Bible (JBMLE)

ယ​ခု​အ​ခါ သန့်​ရှင်း​သူ​တို့​ကို​လုပ်​ကျွေး၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​သွား​ရ​မည်။- အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆင်း​ရဲ​သော သန့်​ရှင်း​သူ​တို့​အား ဥ​စ္စာ​ကို​ဝေ​မျှ၍ စေ​တ​နာ​စိတ်​နှင့် လှူ​ကြ​ပြီ။- စေ​တ​နာ​စိတ်​ရှိ​သည်​ဟု ဆို​သော်၊ ထို​သူ​တို့​သည် ကျေး​ဇူး​တင်​သော​သူ ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဓ​မ္မ​ဥ​စ္စာ​ကို ယု​ဒ​အ​မျိုး​သား​တို့​နှင့် ဆက်​ဆံ၍​ခံ​ရ​သည်​မှန်​လျှင်၊ လော​ကီ​ဥ​စ္စာ​ကို လှူ၍ လုပ်​ကျွေး​အပ်၏။- ထို​ကြောင့်၊ ဤ​အ​မှု​ကို ငါ​ဆောင်​ရွက်၍ ဤ​အ​လှူ​လက်​ဆောင်​ကို လုံ​ခြုံ​စေ​ပြီး​လျှင်၊ သင်​တို့​အ​နား​မှာ လျှောက်၍ စ​ပါ​နိ​ပြည်​သို့​သွား​မည်။- သင်​တို့​ရှိ​ရာ​သို့ ငါ​ရောက်​သော​အ​ခါ၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၌​ပါ​သော ကောင်း​ချီး​မင်္ဂ​လာ​ပြည့်​စုံ​ခြင်း​နှင့် ရောက်​လာ​မည်​ကို ငါ​သိ၏။

ရောမ 15:25-29 Common Language Bible (BCL)

ယ​ခု​မှာ​မူ​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​ဂ​ရိ​ပြည်​ရှိ အ​သင်း​တော်​တို့​က ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထဲ​တွင် ဆင်း​ရဲ​သော​တ​ပည့် တော်​တို့​အား​စေ​တ​နာ​အ​လျောက်​ပေး​လှူ​ထောက် ပံ့​ရန်​ဆုံး​ဖြတ်​သ​ဖြင့် ထို​မြို့​ရှိ​တ​ပည့်​တော်​တို့ အား​ထောက်​ပံ့​ရန်​ငါ​သွား​မည်။- ယင်း​သို့​သူ​တို့​ဆုံး​ဖြတ်​ကြ​သည်​မှာ​မိ​မိ​တို့​စေ တ​နာ​အ​လျောက်​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​မှန်​အား ဖြင့်​ဆို​သော်​ထို​ဆင်း​ရဲ​သော​သူ​တို့​အား​ကူ​ညီ မ​စ​ရန်​သူ​တို့​မှာ​တာ​ဝန်​ရှိ​၏။ ယု​ဒ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ခံ​စား​ရ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​လူ​မျိုး​ခြား​တို့​အား​ဝေ​မျှ​ကြ​သည်​ဖြစ်​ရာ လူ​မျိုး​ခြား​တို့​က​လည်း​ယု​ဒ​အ​မျိုး​သား​တို့​အား စား​ဝတ်​နေ​ရေး​ကိစ္စ​တွင်​အ​ကူ​အ​ညီ​ပေး​သင့် ကြ​ပေ​သည်။- သို့​ဖြစ်​၍​ငါ​သည်​ကောက်​ခံ​ရ​ရှိ​သ​မျှ​သော​အ​လှူ ငွေ​ကို​ထို​သူ​တို့​အား​ပေး​အပ်​ရန်​ကိစ္စ​ပြီး​စီး​အောင် ဆောင်​ရွက်​ပြီး​နောက်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​မည်။ လမ်း​ကြုံ​ကြိုက်​၍​သင်​တို့​ထံ​သို့​ဝင်​ရောက်​လည်​ပတ် မည်။- သင်​တို့​ထံ​လာ​သော​အ​ခါ​ခ​ရစ်​တော်​၏​ကောင်း​ချီး မင်္ဂလာ​အ​ပြည့်​အ​စုံ​နှင့်​ငါ​ရောက်​လာ​မည်​ကို​ငါ သိ​၏။

ရောမ 15:25-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ယခု ငါ​သည် သန့်ရှင်း​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် ဂျေရုဆလင်​မြို့​သို့ သွား​ရ​မည်။ အဘယ်ကြောင့်​ဆိုသော် မာကေဒေါနိ​ပြည်သား​နှင့် အခါယ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သော သန့်ရှင်း​သူ​များ​ထဲမှ ဆင်းရဲ​သော​သူ​တို့​ကို ကူညီ​ပံ့ပိုး​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။ သူ​တို့​သည် စေတနာ​စိတ်​ရှိ​ကြ​သည်​မှန်​သကဲ့သို့ ထို​သူ​တို့​အပေါ် အကြွေး​တင်​သူ​များ​လည်း​ဖြစ်​ကြ​၏။ အကြောင်းမူကား လူမျိုးခြား​တို့​သည် ထို​သူ​တို့​၏​ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​များ​ကို မျှဝေ​ခံယူ​ရ​ကြ​သည်​ဆို​လျှင် ရုပ်ဝတ္ထု​နှင့်ဆိုင်သော​အရာ​များ​အားဖြင့် သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​သင့်​၏။ ထို့ကြောင့် ငါ​သည် ဤ​အမှုကိစ္စ​ကို ပြီးစီး​အောင်​ဆောင်ရွက်​၍ ဤ​အလှူ​ပစ္စည်း​ကို သူ​တို့​အား သေချာ​စွာ​အပ်နှင်း​ပြီးမှ သင်​တို့​နေရာ​ကို​ဖြတ်​လျက် စပိန်​ပြည်​သို့​သွား​မည်။ သင်​တို့​ထံသို့ ငါ​လာ​သောအခါ ခရစ်တော်​၏​ကောင်းချီး​မင်္ဂလာ​အပြည့်အစုံ​နှင့်​လာ​မည်​ကို ငါ​သိ​၏။