YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 15:25-29

ရောမဩဝါဒစာ 15:25-29 MSBU

သို့သော် ယခု ငါ​သည် သန့်ရှင်း​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် ဂျေရုဆလင်​မြို့​သို့ သွား​ရ​မည်။ အဘယ်ကြောင့်​ဆိုသော် မာကေဒေါနိ​ပြည်သား​နှင့် အခါယ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သော သန့်ရှင်း​သူ​များ​ထဲမှ ဆင်းရဲ​သော​သူ​တို့​ကို ကူညီ​ပံ့ပိုး​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။ သူ​တို့​သည် စေတနာ​စိတ်​ရှိ​ကြ​သည်​မှန်​သကဲ့သို့ ထို​သူ​တို့​အပေါ် အကြွေး​တင်​သူ​များ​လည်း​ဖြစ်​ကြ​၏။ အကြောင်းမူကား လူမျိုးခြား​တို့​သည် ထို​သူ​တို့​၏​ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​များ​ကို မျှဝေ​ခံယူ​ရ​ကြ​သည်​ဆို​လျှင် ရုပ်ဝတ္ထု​နှင့်ဆိုင်သော​အရာ​များ​အားဖြင့် သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​သင့်​၏။ ထို့ကြောင့် ငါ​သည် ဤ​အမှုကိစ္စ​ကို ပြီးစီး​အောင်​ဆောင်ရွက်​၍ ဤ​အလှူ​ပစ္စည်း​ကို သူ​တို့​အား သေချာ​စွာ​အပ်နှင်း​ပြီးမှ သင်​တို့​နေရာ​ကို​ဖြတ်​လျက် စပိန်​ပြည်​သို့​သွား​မည်။ သင်​တို့​ထံသို့ ငါ​လာ​သောအခါ ခရစ်တော်​၏​ကောင်းချီး​မင်္ဂလာ​အပြည့်အစုံ​နှင့်​လာ​မည်​ကို ငါ​သိ​၏။