YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 15

15
ကိုယ်အ​လို​သို့မ​လိုက်
1သို့​ဖြစ်၍၊ အား​ရှိ​သော​ငါ​တို့​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ အား​နည်း​သော​သူ​တို့၏ အား​နည်း​ခြင်း​ကို သည်း​ခံ​ရ​ကြ​မည်။- 2ထို​သို့​ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို ထောက်၍၊ သူ့​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သူ၏​အ​လို​သို့ လိုက်​ကြ​ကုန်​အံ့။- 3အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ကိုယ်​အ​လို​သို့ မ​လိုက်။ ကျမ်း​စာ​လာ​သည်​အ​တိုင်း ကဲ့​ရဲ့​ခြင်း​ကို ခံ​တော်​မူ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော​သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏​ဟု ကျမ်း​စာ​လာ​သ​တည်း။-#ဆာ၊ ၆၉:၉။ 4ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။- 5သင်​တို့​သည် ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ကို တ​ညီ​တ​ညွတ်​တည်း နှုတ်​မြွက်၍ ချီး​မွမ်း​စေ​ခြင်း​ငှာ၊- 6ယေ​ရှု​ခ​ရစ်၏​အ​လို​တော်​အ​တိုင်း အ​ချင်း​ချင်း စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။
လူ​မျိုး​ခြား​အ​တွက်​သ​တင်း​ကောင်း
7ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​လျက်၊ သင်​တို့​ကို လက်​ခံ​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် လက်​ခံ​ကြ​လော့။
8တစ်​ဖန် ငါ​ဆို​သည်​ကား၊ ယေ​ရှု​ခ​ရစ်​သည် ဘု​ရား​သ​ခင်၏ သ​စ္စာ​တော်​ကို​ထောက်၍၊ ဘိုး​ဘေး​များ​ခံ​ရ​သော က​တိ​တော်​တို့​ကို တည်​စေ​ခြင်း​ငှာ၊- 9အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည်​လည်း၊ ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​လိမ့်​မည်။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကြောင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း၍၊ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ပါ​မည်​ဟု လာ​သ​တည်း။-#၂​ရာ၊ ၂၂:၅၀။ ဆာ၊ ၁၈:၄၉။ 10တစ်​ဖန်​လာ​သည်​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏​လူ​မျိုး​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့​ဟု​လာ၏။-#တ​ရား၊ ၃၂:၄၃။ 11တစ်​ဖန်​ကား၊ လူ​မျိုး​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ လူ​အ​နွယ်​အ​ပေါင်း​တို့၊ အ​လွန်​ချီး​မွမ်း​ကြ​လော့​ဟု​လာ၏။-#ဆာ၊ ၁၁၇:၁။ 12တစ်​ဖန် ဟေ​ရှာ​ယ​ဆို​သည်​ကား၊ ယေ​ရှဲ၏​အ​မြစ်​ပေါက်၍ တစ်​ပါး​အ​မျိုး​သား​တို့​ကို အုပ်​စိုး​ခြင်း​ငှာ ပေါ်​ထွန်း​သော​သူ ဖြစ်​လိမ့်​မည်။ ထို​သူ​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုး​စား​ကြ​လိမ့်​မည်​ဟု ဆို​သ​တည်း။-#ဟေ​ရှာ၊ ၁၁:၁၀။ 13သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။
ရဲ​ရင့်​စွာ​ရေး​သား​ရ​ခြင်း
14ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ကောင်း​သော​ပ​က​တိ​သ​ဘော​နှင့် ပြည့်​စုံ၍ အ​ရာ​ရာ​တို့​ကို သိ​နား​လည်​သ​ဖြင့်၊ အ​ချင်း​ချင်း​ဆုံး​မ​ခြင်း​ငှာ တတ်​နိုင်​သည်​ကို ငါ​သ​ဘော​ကျ​လျက်​ရှိ၏။- 15-16သို့​သော်​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​စေ​တော်​မူ​သော နှစ်​သက်​ဖွယ်​ရာ ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော တစ်​ပါး​အ​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​ငှာ ငါ​သည် ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု​ကို ဆောင်​ရွက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ယေ​ရှု​ခ​ရစ်၏ အ​မှု​ဆောင်​ဖြစ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အပ်​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​ကို ငါ​အ​မှီ​ပြု၍၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ကို သ​တိ​ပေး​လျက် သာ၍​ရဲ​ရင့်​စွာ ရေး​လိုက်​ပါ၏။- 17ထို​ကြောင့်၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ ငါ​သည် ယေ​ရှု​ခ​ရစ်​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ရှိ၏။- 18-19တစ်​ပါး​အ​မျိုး​သား​တို့​သည် စ​ကား​အား​ဖြင့်​လည်း​ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း၊ နား​ထောင်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​များ၌ ပါ​သော​တန်​ခိုး၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏​တန်​ခိုး​ကို ပြ၍၊ ငါ့​အား​ဖြင့် ပြု​တော်​မူ​သ​မျှ​တို့​ကို​သာ ငါ​ပြော​ဝံ့၏။ ထို​ကျေး​ဇူး​တော်​ကို အ​မှီ​ပြု​လျက်၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ဣ​လု​ရိတ်​ပြည်​တိုင်​အောင် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို အ​ကုန်​အ​စင် ဟော​ပြော​ခဲ့​ပြီ။- 20ထို​သို့ အ​ခြား​သူ​တည်​သော တိုက်​မြစ်​အ​ပေါ်​မှာ ငါ​ထပ်၍ မ​တည်​မ​ဆောက်။ ခ​ရစ်​တော်၏​နာ​မ​ကို မ​ကြား​ဖူး​သော​အ​ရပ်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​ဟော​ခြင်း​ငှာ စေ​တ​နာ​စိတ်​နှင့် ငါ​ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။- 21ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထို​သူ၏​အ​ကြောင်း​ကို အ​ဘယ်​သူ​မျှ​မ​ပြ​ဖူး​သော်​လည်း၊ သူ​တို့​သည် မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဖူး​သော​သူ​တို့​သည် နား​လည်​ကြ​လိမ့်​မည်​ဟု လာ​သ​တည်း။ #ဟေ​ရှာ၊ ၅၃:၁၅။
ရော​မ​မြို့​သို့​သွား​ရန်​စီစဥ်​ခြင်း
22ထို​ကြောင့် သင်​တို့​ရှိ​ရာ​သို့ ငါ​လာ​ရ​သော​အ​ခွင့် မ​ရှိ။ အ​ဆီး​အ​တား များ​လှ​ပြီ။-#ရော၊ ၁:၁၃။ 23ယ​ခု​မူ​ကား၊ ဤ​အ​ရပ်​တို့၌ အ​ခွင့်​မ​ရ​သည်​ဖြစ်၍၊ သင်​တို့​ရှိ​ရာ​သို့​သွား​ခြင်း​ငှာ တာ​ရှည်​စွာ ကာ​လ​ပတ်​လုံး အ​လို​ရှိ​သော​ကြောင့်၊- 24စ​ပါ​နိ​ပြည်​သို့​ငါ​သွား​သော​အ​ခါ၊ လမ်း​ခ​ရီး၌ သင်​တို့​ကို တွေ့​မြင်၍ သင်​တို့​နှင့်​အ​တူ​ပေါင်း​ဖော်​လျက် အ​တန်​အ​ရာ အ​လို​ပြည့်​စုံ​ပြီး​မှ၊ ထို​ပြည်​သို့ သင်​တို့ ပို့​ဆောင်​ခြင်း​ကျေး​ဇူး​ကို​ခံ​မည်​ဟု မျှော်​လင့်၏။- 25ယ​ခု​အ​ခါ သန့်​ရှင်း​သူ​တို့​ကို​လုပ်​ကျွေး၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​သွား​ရ​မည်။-#၁​ကော၊ ၁၆:၁-၄။ 26အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆင်း​ရဲ​သော သန့်​ရှင်း​သူ​တို့​အား ဥ​စ္စာ​ကို​ဝေ​မျှ၍ စေ​တ​နာ​စိတ်​နှင့် လှူ​ကြ​ပြီ။- 27စေ​တ​နာ​စိတ်​ရှိ​သည်​ဟု ဆို​သော်၊ ထို​သူ​တို့​သည် ကျေး​ဇူး​တင်​သော​သူ ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဓ​မ္မ​ဥ​စ္စာ​ကို ယု​ဒ​အ​မျိုး​သား​တို့​နှင့် ဆက်​ဆံ၍​ခံ​ရ​သည်​မှန်​လျှင်၊ လော​ကီ​ဥ​စ္စာ​ကို လှူ၍ လုပ်​ကျွေး​အပ်၏။-#၁​ကော၊ ၉:၁၁။ 28ထို​ကြောင့်၊ ဤ​အ​မှု​ကို ငါ​ဆောင်​ရွက်၍ ဤ​အ​လှူ​လက်​ဆောင်​ကို လုံ​ခြုံ​စေ​ပြီး​လျှင်၊ သင်​တို့​အ​နား​မှာ လျှောက်၍ စ​ပါ​နိ​ပြည်​သို့​သွား​မည်။- 29သင်​တို့​ရှိ​ရာ​သို့ ငါ​ရောက်​သော​အ​ခါ၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၌​ပါ​သော ကောင်း​ချီး​မင်္ဂ​လာ​ပြည့်​စုံ​ခြင်း​နှင့် ရောက်​လာ​မည်​ကို ငါ​သိ၏။
30-31ငါ​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​ရာ​သို့ ရောက်၍ သင်​တို့​နှင့်​အ​တူ သက်​သာ​ခြင်း​ကို ခံ​စား​လို​သော​ငှာ၊ ယု​ဒ​ပြည်၌ ငြင်း​ဆန်​သော​သူ​တို့​လက်​မှ ငါ​လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​အား ငါ​လုပ်​ကျွေး​ခြင်း​အ​မှု​ကို သန့်​ရှင်း​သူ​တို့​သည် နှစ်​သက်​မည်​အ​ကြောင်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​တူ ကြိုး​စား​အား​ထုတ်၍ ငါ့​အ​ဖို့​အ​လို​ငှာ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ဝိ​ညာဉ်​တော်၏ မေ​တ္တာ​က​ရု​ဏာ​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ၏။- 32ငြိမ်​သက်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ တည်​နေ​တော်​မူ​ပါ​စေ​သော။ အာ​မင်။

လက်ရှိရွေးချယ်ထားမှု

ရောမ 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။