YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 12:3-18

ရောမ 12:3-18 Judson Bible (JBMLE)

သင်​တို့​သည် ကိုယ်​ကို​ထင်​သင့်​သည် အ​တိုင်း​ထက် လွန်၍​မ​ထင်​ဘဲ၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား ယုံ​ကြည်​ခြင်း​ကို ဝေ​ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​ကို လျောက်​ပတ်​စွာ ထင်​ရ​မည်​အ​ကြောင်း ငါ​သည် ကိုယ်​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​အ​မှီ​ပြု​လျက်၊ သင်​တို့​တွင် ရှိ​သ​မျှ​သော​သူ​တို့​ကို မှာ​ထား၏။- ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍၊ ထို​အင်္ဂါ​အ​များ​သည် ဆောင်​ရွက်​စ​ရာ​အ​မှု တစ်​ခု​တည်း​မ​ရှိ​သ​ကဲ့​သို့၊- ထို​အ​တူ၊ အ​များ​ဖြစ်​သော​ငါ​တို့​သည် ခ​ရစ်​တော်၌ တစ်​ကိုယ်​တည်း​ဖြစ်၍၊ အ​သီး​အ​သီး​အင်္ဂါ​ချင်း ဖြစ်​ကြ၏။- ထို​သို့​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း ငါ​တို့​သည် အ​သီး​သီး​အ​ပြား​ပြား​သော ဆု​များ​ကို​ခံ​ရ​သည်​ဖြစ်၍၊ ပ​ရော​ဖက်​အ​ရာ​ရှိ​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​မာ​ဏ​ကို ရ​သည်​အ​တိုင်း ပ​ရော​ဖက်​ပြု​ကြ​ကုန်​အံ့။- ဓ​မ္မ​ဆ​ရာ​အ​ရာ​ရှိ​လျှင်၊ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ဆောင်​ရွက်​ကြ​ကုန်​အံ့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​သူ​သည် ထို​အ​မှု​ကို​ဆောင်​ရွက်​စေ။- နှိုး​ဆော်​သွေး​ဆောင်​သော​သူ​သည် ထို​အ​မှု​ကို ဆောင်​ရွက်​စေ။ အ​စွန့်​အ​ကြဲ​ဝေ​ငှ​သော​သူ​သည် လျစ်​လျူ​သော​စိတ်​နှင့် ဝေ​ငှ​စေ။ အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝိ​ရိ​ယ​နှင့် အုပ်​ချုပ်​စေ။ မ​စ​သ​နား​ခြင်း အ​မှု​ကို​ပြု​သော​သူ​သည် စေ​တ​နာ​စိတ်​နှင့်​ပြု​စေ။ မေ​တ္တာ​စိတ်​သည် လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စေ​လော့။ ဆိုး​ညစ်​သော​အ​မှု​ကို စက်​ဆုပ်​ရွံ​ရှာ​ကြ​လော့။ ကောင်း​မွန်​သော​အ​မှု၌ မှီ​ဝဲ​ဆည်း​ကပ်​ကြ​လော့။- ညီ​အစ်​ကို​ချစ်​ခြင်း​အ​ရာ​မှာ၊ ပ​က​တိ​ပေါက်​ဖော်​ကဲ့​သို့ တစ်​ယောက်​ကို​တစ်​ယောက် စုံ​မက်​ကြ​လော့။ ချီး​မွမ်း​ခြင်း​အ​ရာ​မှာ၊ သူ​တစ်​ပါး​ကို ကိုယ်​ထက် ချီး​မြှောက်​ကြ​လော့။- အား​ထုတ်​ခြင်း​အ​ရာ​မှာ ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ​လျက်၊ စိတ်​တန်း​သ​ဖြင့် သ​ခင်​ဘု​ရား၏​အ​လို​တော်​သို့ လိုက်၍ အား​ထုတ်​ကြ​လော့။- မျှော်​လင့်​လျက် ဝမ်း​မြောက်​ကြ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ရောက်​သော​အ​ခါ သည်း​ခံ​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု​ကြ​လော့။- သန့်​ရှင်း​သူ​တို့​သည် ဆင်း​ရဲ​သော​အ​ခါ ဝေ​ငှ​ပေး​ကမ်း​ကြ​လော့။ အာ​ဂ​န္တု​တို့​အား ဧည့်​သည်​ဝတ်​ကို ကြိုး​စား၍​ပြု​ကြ​လော့။- သင်​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အ​ဖို့ မေ​တ္တာ​ပို့​ကြ​လော့။ ကျိန်​ဆဲ​ခြင်း​ကို​မ​ပြု၊ မေ​တ္တာ​ပို့​ခြင်း​ကို​သာ ပြု​ကြ​လော့။- ဝမ်း​မြောက်​သော​သူ​တို့​နှင့်​အ​တူ၊ ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ငို​ကြွေး​သော​သူ​တို့​နှင့်​အ​တူ ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း ပြု​ကြ​လော့။- အ​ချင်း​ချင်း စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ ဂုဏ်​စည်း​စိမ်​ကို ငဲ့​ကွက်​ခြင်း​မ​ရှိ​ကြ​နှင့်။ နှိမ့်​ချ​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော်​လုပ်​ကြ​လော့။ ငါ​သည် ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​ကြ​နှင့်။- အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။- သင်​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ​ကြ​လော့။

ရောမ 12:3-18 Common Language Bible (BCL)

သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထင်​သင့်​သည် ထက်​ပို​၍​အ​ထင်​မ​ကြီး​ကြ​စေ​ရန် ငါ​ခံ​စား ရ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် သင်​တို့​အ​ပေါင်း​အား​ငါ​မှာ​ကြား​လို​၏။ သင် တို့​အ​သီး​သီး​တို့​အား​ဘု​ရား​သ​ခင်​ချ ပေး​တော်​မူ​သော​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​မိ​မိ​တို့​ကိုယ်​ကို​သင့်​လျော်​စွာ​ထင် ကြ​လော့။- ငါ​တို့​ခန္ဓာ​ကိုယ်​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ရှိ​၍ ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အား​လုံး​တွင် အ​လုပ်​တာ​ဝန်​အ​သီး​သီး​ရှိ​ကြ​၏။- ထို​နည်း​တူ​စွာ​ငါ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​သော်​လည်း ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ကြ​သ​ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု တည်း​၌​တည်​လျက်​ရှိ​ကြ​၏။ ငါ​တို့​အ​သီး​သီး သည်​အ​ချင်း​ချင်း​ဆက်​စပ်​လျက်​ရှိ​သော​ကိုယ် အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။- သို့​ဖြစ်​၍​ငါ​တို့​အ​သီး​သီး​သည်​မိ​မိ​တို့ ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​နှင့်​အ​ညီ ဘု​ရား သ​ခင်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​ကို အ​သုံး​ပြု​ကြ​ရ​မည်။ ငါ​တို့​ရ​ရှိ​သည့်​ဆု ကျေး​ဇူး​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​နိုင်​စွမ်း​ဖြစ်​ပါ​က ငါ​တို့ သည်​မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​ထို​ဆု​ကျေး​ဇူး​ကို​အ​သုံး ပြု​ကြ​ရ​မည်။- အ​ကယ်​၍​ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး တို့​အား ကူ​ညီ​မ​စ​နိုင်​စွမ်း​ဖြစ်​ပါ​က​ကူ​ညီ​မ​စ ကြ​ရ​မည်။ ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​နိုင်​စွမ်း​ဖြစ်​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​ကြ​ရ​မည်။- ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး​တို့​ကို အား​ပေး​နိုင်​စွမ်း​ဖြစ်​ပါ​က​အား​ပေး​ကြ​ရ​မည်။ ပေး​ကမ်း​ဝေ​မျှ​သူ​သည်​ရက်​ရော​စွာ​ပေး​ကမ်း ဝေ​မျှ​ရ​မည်။ အာ​ဏာ​ရှိ​သူ​သည်​လုံ့​လ​ထုတ်​၍ အ​လုပ်​လုပ်​ရ​မည်။ သူ​တစ်​ပါး​တို့​အား​သ​နား ကြင်​နာ​မ​စ​သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကူ​ညီ​မ​စ​ရ​မည်။ သင်​တို့​၏​မေတ္တာ​သည်​ဟန်​ဆောင်​မှု​နှင့်​လုံး​ဝ ကင်း​ရ​မည်။ သင်​တို့​သည်​ဆိုး​ညစ်​မှု​ကို​မုန်း ၍​ကောင်း​မြတ်​မှု​ကို​စွဲ​လမ်း​လော့။- သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့်​တစ်​ဦး​ကို​တစ်​ဦး​ချစ်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​ချီး​မွမ်း​ရန်​လျင်​မြန်​ကြ​စေ။- မ​ပျင်း​မ​ရိ​ဘဲ​အ​လုပ်​ကို​ကြိုး​စား​အား ထုတ်​လုပ်​ကိုင်​ကြ​လော့။ စိတ်​အား​ထက်​သန် စွာ​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ကြ​လော့။- သင်​တို့​၌​မျှော်​လင့်​ချက်​ရှိ​သော​ကြောင့်​ဝမ်း မြောက်​ရွှင်​လန်း​ကြ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ သော​အ​ခါ​သည်း​ခံ​ကြ​လော့။ မ​ပြတ်​မ​လပ် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။- ဆင်း​ရဲ​သော​တ​ပည့်​တော်​တို့​အား​ပေး​ကမ်း ကြ​လော့။ ဧည့်​သည်​ဝတ်​ကို​ပြု​ကြ​လော့။ သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​ကို​ကောင်း ချီး​ပေး​ကြ​လော့။ သူ​တို့​ကို​မ​ကျိန်​မ​ဆဲ ဘဲ​ကောင်း​ချီး​ပေး​ကြ​လော့။- ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။- အ​ချင်း​ချင်း​အား​အ​လေး​ဂ​ရု​ပြု​ကြ​လော့။ မောက်​မာ​မှု​မ​ရှိ​ကြ​နှင့်။ သေး​ငယ်​သော​တာ​ဝန် တို့​ကို​လက်​ခံ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​ကို​ပညာ ရှိ​ဟူ​၍​မ​ထင်​ကြ​နှင့်။ အ​ဘယ်​သူ​ကို​မျှ​လက်​စား​မ​ချေ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တင့်​တယ်​လျောက်​ပတ် စွာ​ပြု​ကျင့်​ကြ​လော့။- လူ​တိုင်း​နှင့်​တတ်​နိုင်​သ​မျှ​ငြိမ်း​ချမ်း​စွာ​နေ ထိုင်​ကြ​လော့။

ရောမ 12:3-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​အား​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ထဲတွင်​ရှိ​သော​သူ​အားလုံး​ကို ငါ​မှာကြား​လို​သည်​မှာ သင်​တို့​သည် မိမိကိုယ်ကို ထင်​သင့်​သည်​ထက် ပို၍​အထင်​မ​ကြီး​ကြ​ဘဲ သင်​တို့​အသီးသီး​အား ဘုရားသခင်​ခွဲဝေ​ပေး​တော်မူ​သော ယုံကြည်​ခြင်း​အတိုင်းအတာ​နှင့်အညီ သင့်တင့်​လျောက်ပတ်​စွာ ထင်မြင်​ကြ​လော့။ အကြောင်းမူကား ကိုယ်ခန္ဓာ​တစ်​ခု​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ထို​အင်္ဂါ​အစိတ်အပိုင်း​အားလုံး​သည် တူညီ​သော​လုပ်ဆောင်​မှု​ကို လုပ်ဆောင်​ကြ​သည်​မ​ဟုတ်​သကဲ့သို့ အရေအတွက်​များ​သော​ငါ​တို့​သည်​လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း​ဖြစ်​ကြ​ကာ ငါ​တို့​၌​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အတိုင်း အထူးထူး​အပြားပြား​သော​ဆု​ကျေးဇူး​များ​ကို ရရှိ​ကြ​၏။ သို့ဖြစ်၍ ထို​ဆု​ကျေးဇူး​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်လျှင် ယုံကြည်​ခြင်း​၏​ပမာဏ​အတိုင်း ပရောဖက်ပြု​ဟောပြော​စေ။ အမှု​တော်​ဆောင်​ဖြစ်လျှင် အမှု​တော်​ကို​ဆောင်ရွက်​စေ။ သွန်သင်​သော​သူ​ဖြစ်လျှင် သွန်သင်​ခြင်း​ကို​ပြု​စေ။ တိုက်တွန်း​နှိုးဆော်​သူ​ဖြစ်လျှင် တိုက်တွန်း​နှိုးဆော်​ခြင်း​ကို​ပြု​စေ။ ပေးကမ်း​ဝေမျှ​သော​သူ​သည် ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​စေ။ စီမံ​အုပ်ချုပ်​သော​သူ​သည် လုံ့လ​ဝီရိယ​ဖြင့်​စီမံ​အုပ်ချုပ်​စေ။ မစ​သနား​ခြင်း​အမှု​ကို​ပြု​သော​သူ​သည် ကြည်ဖြူ​သော​စိတ်​နှင့်​ပြု​စေ။ ချစ်​ခြင်း​မေတ္တာ​သည် ဟန်ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မကောင်း​သော​အရာ​ကို​ရွံမုန်း​၍ ကောင်း​သော​အရာ​ကို​တွယ်တာ​ကြ​လော့။ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​အားဖြင့် အချင်းချင်း​ချစ်ခင်​ကြင်နာ​ကြ​၍ ရိုသေသမှုပြုခြင်း​၌ သူတစ်ပါး​သည် မိမိ​ထက်​သာလွန်​သည်​ဟု မှတ်ယူ​ကြ​လော့။ လုံ့လ​ဝီရိယ​စိုက်ထုတ်​ရာ​တွင် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်ရေး​၌​ထက်သန်​လျက် သခင်​ဘုရား​ကို​အစေခံ​ကြ​လော့။ မျှော်လင့်​ခြင်း​၌​ဝမ်းမြောက်​လျက် ဆင်းရဲ​ဒုက္ခ​ကို​သည်းခံ​ကာ ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။ သန့်ရှင်း​သူ​တို့​၏​လိုအပ်​ချက်​များ​ကို ပါဝင်​ဖြည့်ဆည်း​လျက် ဧည့်ဝတ်​ကို ကြိုးစား​ပြု​ကြ​လော့။ သင်​တို့​အား​ညှဉ်းဆဲ​သော​သူ​တို့​ကို ကောင်းချီး​ပေး​ကြ​လော့။ ကောင်းချီး​ကို​သာ​ပေး​၍ ကျိန်ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ဝမ်းမြောက်​သော​သူ​တို့​နှင့်အတူ​ဝမ်းမြောက်​၍ ငိုကြွေး​သော​သူ​တို့​နှင့်အတူ​ငိုကြွေး​ကြ​လော့။ အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​လော့။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ အခြေအနေ​နိမ့်ပါး​သော​သူ​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​ကြ​လော့။ မိမိတို့ကိုယ်ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍ မ​ထင်မှတ်​ကြ​နှင့်။ မည်သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မ​တုံ့ပြန်​ကြ​နှင့်။ လူ​အပေါင်း​တို့​ရှေ့​၌ တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​လော့။ သင်​တို့​ဘက်​မှ တတ်နိုင်​သမျှ လူ​အပေါင်း​တို့​နှင့် သင့်မြတ်​စွာ​နေ​ကြ​လော့။