YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 12:1-8

ရောမ 12:1-8 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။- သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။- သင်​တို့​သည် ကိုယ်​ကို​ထင်​သင့်​သည် အ​တိုင်း​ထက် လွန်၍​မ​ထင်​ဘဲ၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား ယုံ​ကြည်​ခြင်း​ကို ဝေ​ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​ကို လျောက်​ပတ်​စွာ ထင်​ရ​မည်​အ​ကြောင်း ငါ​သည် ကိုယ်​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​အ​မှီ​ပြု​လျက်၊ သင်​တို့​တွင် ရှိ​သ​မျှ​သော​သူ​တို့​ကို မှာ​ထား၏။- ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍၊ ထို​အင်္ဂါ​အ​များ​သည် ဆောင်​ရွက်​စ​ရာ​အ​မှု တစ်​ခု​တည်း​မ​ရှိ​သ​ကဲ့​သို့၊- ထို​အ​တူ၊ အ​များ​ဖြစ်​သော​ငါ​တို့​သည် ခ​ရစ်​တော်၌ တစ်​ကိုယ်​တည်း​ဖြစ်၍၊ အ​သီး​အ​သီး​အင်္ဂါ​ချင်း ဖြစ်​ကြ၏။- ထို​သို့​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း ငါ​တို့​သည် အ​သီး​သီး​အ​ပြား​ပြား​သော ဆု​များ​ကို​ခံ​ရ​သည်​ဖြစ်၍၊ ပ​ရော​ဖက်​အ​ရာ​ရှိ​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​မာ​ဏ​ကို ရ​သည်​အ​တိုင်း ပ​ရော​ဖက်​ပြု​ကြ​ကုန်​အံ့။- ဓ​မ္မ​ဆ​ရာ​အ​ရာ​ရှိ​လျှင်၊ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ဆောင်​ရွက်​ကြ​ကုန်​အံ့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​သူ​သည် ထို​အ​မှု​ကို​ဆောင်​ရွက်​စေ။- နှိုး​ဆော်​သွေး​ဆောင်​သော​သူ​သည် ထို​အ​မှု​ကို ဆောင်​ရွက်​စေ။ အ​စွန့်​အ​ကြဲ​ဝေ​ငှ​သော​သူ​သည် လျစ်​လျူ​သော​စိတ်​နှင့် ဝေ​ငှ​စေ။ အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝိ​ရိ​ယ​နှင့် အုပ်​ချုပ်​စေ။ မ​စ​သ​နား​ခြင်း အ​မှု​ကို​ပြု​သော​သူ​သည် စေ​တ​နာ​စိတ်​နှင့်​ပြု​စေ။

ရောမ 12:1-8 Common Language Bible (BCL)

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ တို့​အား​လွန်​စွာ​က​ရု​ဏာ​ထား​တော်​မူ​သော ကြောင့် သင်​တို့​အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​လို သည်​မှာ​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ရန်​နှင့် ကိုယ်​တော်​နှစ်​သက်​သော​သက်​ရှိ​ယဇ်​ကောင် သ​ဖွယ်​ဖြစ်​ရန်​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သည်​ကား​သင်​တို့​သည်​ကိုယ်​တော် အား​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဖြစ်​သည်။- သင်​တို့​သည်​လော​ကီ​စံ​နှုန်း​ကို​လိုက်​၍​မ​ကျင့် ကြ​နှင့်။ သင်​တို့​သည်​မိ​မိ​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​လုံး​ဝ​ပြောင်း​လဲ​စေ​သော​အား ဖြင့် စိတ်​သ​ဘော​သစ်​ကို​ခံ​ယူ​လျက်​ပုံ​သဏ္ဌာန် ပြောင်း​လဲ​ကြ​လော့။ သို့​ပြု​လျှင်​ကောင်း​မြတ် သော​အ​ရာ၊ ကိုယ်​တော်​နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​သင်​တို့​သိ ရှိ​ကြ​လိမ့်​မည်။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထင်​သင့်​သည် ထက်​ပို​၍​အ​ထင်​မ​ကြီး​ကြ​စေ​ရန် ငါ​ခံ​စား ရ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် သင်​တို့​အ​ပေါင်း​အား​ငါ​မှာ​ကြား​လို​၏။ သင် တို့​အ​သီး​သီး​တို့​အား​ဘု​ရား​သ​ခင်​ချ ပေး​တော်​မူ​သော​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​မိ​မိ​တို့​ကိုယ်​ကို​သင့်​လျော်​စွာ​ထင် ကြ​လော့။- ငါ​တို့​ခန္ဓာ​ကိုယ်​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ရှိ​၍ ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အား​လုံး​တွင် အ​လုပ်​တာ​ဝန်​အ​သီး​သီး​ရှိ​ကြ​၏။- ထို​နည်း​တူ​စွာ​ငါ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​သော်​လည်း ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ကြ​သ​ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု တည်း​၌​တည်​လျက်​ရှိ​ကြ​၏။ ငါ​တို့​အ​သီး​သီး သည်​အ​ချင်း​ချင်း​ဆက်​စပ်​လျက်​ရှိ​သော​ကိုယ် အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။- သို့​ဖြစ်​၍​ငါ​တို့​အ​သီး​သီး​သည်​မိ​မိ​တို့ ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​နှင့်​အ​ညီ ဘု​ရား သ​ခင်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​ကို အ​သုံး​ပြု​ကြ​ရ​မည်။ ငါ​တို့​ရ​ရှိ​သည့်​ဆု ကျေး​ဇူး​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​နိုင်​စွမ်း​ဖြစ်​ပါ​က ငါ​တို့ သည်​မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​ထို​ဆု​ကျေး​ဇူး​ကို​အ​သုံး ပြု​ကြ​ရ​မည်။- အ​ကယ်​၍​ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး တို့​အား ကူ​ညီ​မ​စ​နိုင်​စွမ်း​ဖြစ်​ပါ​က​ကူ​ညီ​မ​စ ကြ​ရ​မည်။ ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​နိုင်​စွမ်း​ဖြစ်​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​ကြ​ရ​မည်။- ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး​တို့​ကို အား​ပေး​နိုင်​စွမ်း​ဖြစ်​ပါ​က​အား​ပေး​ကြ​ရ​မည်။ ပေး​ကမ်း​ဝေ​မျှ​သူ​သည်​ရက်​ရော​စွာ​ပေး​ကမ်း ဝေ​မျှ​ရ​မည်။ အာ​ဏာ​ရှိ​သူ​သည်​လုံ့​လ​ထုတ်​၍ အ​လုပ်​လုပ်​ရ​မည်။ သူ​တစ်​ပါး​တို့​အား​သ​နား ကြင်​နာ​မ​စ​သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကူ​ညီ​မ​စ​ရ​မည်။

ရောမ 12:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ညီအစ်ကို​တို့၊ ဘုရားသခင်​၏​ကရုဏာ​တော်​အားဖြင့် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​သည့် သန့်ရှင်း​၍​အသက်ရှင်​သော​ယဇ်​အဖြစ် ပူဇော်​ကြ​လော့။ ဤသည်ကား သင်​တို့​ပြု​အပ်​သော ဝိညာဉ်ရေး​ဆိုင်ရာ​ဝတ်ပြု​ခြင်း​ဖြစ်​၏။ သင်​တို့​သည် ဤ​လောက​၏​ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်​သော​အရာ၊ နှစ်သက်​ဖွယ်​သော​အရာ၊ စုံလင်​သော​အရာ​တည်းဟူသော ဘုရားသခင်​အလို​တော်​ရှိ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​နိုင်​ရန် စိတ်နှလုံး​ကို အသစ်​ပြုပြင်​ခြင်း​ဖြင့် ပုံသဏ္ဌာန်​ပြောင်းလဲ​ခြင်း​ရှိ​ကြ​လော့။ ငါ့​အား​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ထဲတွင်​ရှိ​သော​သူ​အားလုံး​ကို ငါ​မှာကြား​လို​သည်​မှာ သင်​တို့​သည် မိမိကိုယ်ကို ထင်​သင့်​သည်​ထက် ပို၍​အထင်​မ​ကြီး​ကြ​ဘဲ သင်​တို့​အသီးသီး​အား ဘုရားသခင်​ခွဲဝေ​ပေး​တော်မူ​သော ယုံကြည်​ခြင်း​အတိုင်းအတာ​နှင့်အညီ သင့်တင့်​လျောက်ပတ်​စွာ ထင်မြင်​ကြ​လော့။ အကြောင်းမူကား ကိုယ်ခန္ဓာ​တစ်​ခု​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ထို​အင်္ဂါ​အစိတ်အပိုင်း​အားလုံး​သည် တူညီ​သော​လုပ်ဆောင်​မှု​ကို လုပ်ဆောင်​ကြ​သည်​မ​ဟုတ်​သကဲ့သို့ အရေအတွက်​များ​သော​ငါ​တို့​သည်​လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း​ဖြစ်​ကြ​ကာ ငါ​တို့​၌​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အတိုင်း အထူးထူး​အပြားပြား​သော​ဆု​ကျေးဇူး​များ​ကို ရရှိ​ကြ​၏။ သို့ဖြစ်၍ ထို​ဆု​ကျေးဇူး​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်လျှင် ယုံကြည်​ခြင်း​၏​ပမာဏ​အတိုင်း ပရောဖက်ပြု​ဟောပြော​စေ။ အမှု​တော်​ဆောင်​ဖြစ်လျှင် အမှု​တော်​ကို​ဆောင်ရွက်​စေ။ သွန်သင်​သော​သူ​ဖြစ်လျှင် သွန်သင်​ခြင်း​ကို​ပြု​စေ။ တိုက်တွန်း​နှိုးဆော်​သူ​ဖြစ်လျှင် တိုက်တွန်း​နှိုးဆော်​ခြင်း​ကို​ပြု​စေ။ ပေးကမ်း​ဝေမျှ​သော​သူ​သည် ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​စေ။ စီမံ​အုပ်ချုပ်​သော​သူ​သည် လုံ့လ​ဝီရိယ​ဖြင့်​စီမံ​အုပ်ချုပ်​စေ။ မစ​သနား​ခြင်း​အမှု​ကို​ပြု​သော​သူ​သည် ကြည်ဖြူ​သော​စိတ်​နှင့်​ပြု​စေ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။