YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 12:1-8

ရောမဩဝါဒစာ 12:1-8 MSBU

သို့ဖြစ်၍ ညီအစ်ကို​တို့၊ ဘုရားသခင်​၏​ကရုဏာ​တော်​အားဖြင့် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​သည့် သန့်ရှင်း​၍​အသက်ရှင်​သော​ယဇ်​အဖြစ် ပူဇော်​ကြ​လော့။ ဤသည်ကား သင်​တို့​ပြု​အပ်​သော ဝိညာဉ်ရေး​ဆိုင်ရာ​ဝတ်ပြု​ခြင်း​ဖြစ်​၏။ သင်​တို့​သည် ဤ​လောက​၏​ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်​သော​အရာ၊ နှစ်သက်​ဖွယ်​သော​အရာ၊ စုံလင်​သော​အရာ​တည်းဟူသော ဘုရားသခင်​အလို​တော်​ရှိ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​နိုင်​ရန် စိတ်နှလုံး​ကို အသစ်​ပြုပြင်​ခြင်း​ဖြင့် ပုံသဏ္ဌာန်​ပြောင်းလဲ​ခြင်း​ရှိ​ကြ​လော့။ ငါ့​အား​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ထဲတွင်​ရှိ​သော​သူ​အားလုံး​ကို ငါ​မှာကြား​လို​သည်​မှာ သင်​တို့​သည် မိမိကိုယ်ကို ထင်​သင့်​သည်​ထက် ပို၍​အထင်​မ​ကြီး​ကြ​ဘဲ သင်​တို့​အသီးသီး​အား ဘုရားသခင်​ခွဲဝေ​ပေး​တော်မူ​သော ယုံကြည်​ခြင်း​အတိုင်းအတာ​နှင့်အညီ သင့်တင့်​လျောက်ပတ်​စွာ ထင်မြင်​ကြ​လော့။ အကြောင်းမူကား ကိုယ်ခန္ဓာ​တစ်​ခု​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ထို​အင်္ဂါ​အစိတ်အပိုင်း​အားလုံး​သည် တူညီ​သော​လုပ်ဆောင်​မှု​ကို လုပ်ဆောင်​ကြ​သည်​မ​ဟုတ်​သကဲ့သို့ အရေအတွက်​များ​သော​ငါ​တို့​သည်​လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း​ဖြစ်​ကြ​ကာ ငါ​တို့​၌​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အတိုင်း အထူးထူး​အပြားပြား​သော​ဆု​ကျေးဇူး​များ​ကို ရရှိ​ကြ​၏။ သို့ဖြစ်၍ ထို​ဆု​ကျေးဇူး​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်လျှင် ယုံကြည်​ခြင်း​၏​ပမာဏ​အတိုင်း ပရောဖက်ပြု​ဟောပြော​စေ။ အမှု​တော်​ဆောင်​ဖြစ်လျှင် အမှု​တော်​ကို​ဆောင်ရွက်​စေ။ သွန်သင်​သော​သူ​ဖြစ်လျှင် သွန်သင်​ခြင်း​ကို​ပြု​စေ။ တိုက်တွန်း​နှိုးဆော်​သူ​ဖြစ်လျှင် တိုက်တွန်း​နှိုးဆော်​ခြင်း​ကို​ပြု​စေ။ ပေးကမ်း​ဝေမျှ​သော​သူ​သည် ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​စေ။ စီမံ​အုပ်ချုပ်​သော​သူ​သည် လုံ့လ​ဝီရိယ​ဖြင့်​စီမံ​အုပ်ချုပ်​စေ။ မစ​သနား​ခြင်း​အမှု​ကို​ပြု​သော​သူ​သည် ကြည်ဖြူ​သော​စိတ်​နှင့်​ပြု​စေ။

​ရောမဩဝါဒစာ 12:1-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။