ရောမ 10:1-11
ရောမ 10:1-11 Judson Bible (JBMLE)
ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှာ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။- ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဖို့ ငါသက်သေခံ၏။- ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှာ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။- ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။ မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ်၍ ရေးထားသတည်း။- ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရား ဆိုသည်ကား၊- ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှာ ကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှာ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။- တစ်ဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့်နီး၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏နှလုံး၌လည်းကောင်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ဟောသော ယုံကြည်ခြင်းတရားကို ဆိုလိုသတည်း။- အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။- ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။- ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
ရောမ 10:1-11 Common Language Bible (BCL)
ညီအစ်ကိုတို့၊ ငါသည်မိမိ၏အမျိုးသား များကယ်တင်ခြင်းခံရစေရန်စိတ်နှလုံး အကြွင်းမဲ့လိုလားတောင့်တလျက် ဘုရား သခင်၏ထံတော်သို့ဆုတောင်း၏။- သူတို့သည်ဘုရားသခင်အား အလွန်ကြည်ညို သူများဖြစ်ကြောင်းကိုငါအာမခံနိုင်၏။ သို့ သော်သူတို့၏ကြည်ညိုမှုနည်းလမ်းသည်မှန် သောအသိပညာအပေါ်၌မတည်။- သူတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက် သွယ်နိုင်မည့်လမ်းစဉ်ကိုမသိသဖြင့် ထိုလမ်း စဉ်ကိုမလိုက်ဘဲမိမိတို့ကိုယ်တိုင်တီထွင် သည့်လမ်းစဉ်ကိုလိုက်ကြပေသည်။- ခရစ်တော်သည်ပညတ်တရားကိုအဆုံး သတ်စေတော်မူပြီဖြစ်ရာယုံကြည်သူအပေါင်း တို့သည် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် မှုကိုရရှိကြပြီ။ ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရား သခင်နှင့်မှန်ကန်စွာဆက်သွယ်ခြင်းအကြောင်း နှင့်ပတ်သက်၍ မောရှေက``ပညတ်တရားကို စောင့်ထိန်းသူသည်အသက်ရှင်လိမ့်မည်'' ဟု ဖော်ပြ၏။- သို့ရာတွင်ဘုရားသခင်ကိုယုံကြည်ခြင်းအား ဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်ခြင်း နှင့်ပတ်သက်၍ ကျမ်းစာတော်က ``အဘယ်သူ သည်ကောင်းကင်ဘုံသို့တက်ရပါမည်နည်း။ (ဆိုလိုသည်မှာခရစ်တော်အားအောက်သို့ပင့်ရန်)- အဘယ်သူသည်မရဏာနိုင်ငံသို့ဆင်းရပါ မည်နည်းဟုမမေးကြနှင့်'' ဟူ၍ဖော်ပြပေ သည်။ (ဆိုလိုသည်မှာခရစ်တော်အားသေခြင်း မှပင့်ရန်)- ကျမ်းစာတော်ကဆိုလိုသည်မှာနှုတ်ကပတ် တရားတော်သည် ``သင်၏နှုတ်၊ သင်၏စိတ်နှလုံး၊ သင်၏အနီး၌ရှိ၏'' ဟူ၍ဖြစ်သည်။ ထိုနှုတ် ကပတ်တရားကားသင်တို့အားငါဟောပြော ကြေညာသည့်ဘုရားသခင်ကိုယုံကြည်ခြင်း နှင့်ဆိုင်သောတရားတော်ပင်ဖြစ်သည်။- သင်တို့သည်သခင်ယေရှုသည်အရှင်သခင် ဖြစ်တော်မူကြောင်းကိုနှုတ်ဖြင့်ဝန်ခံ၍ ဘုရား သခင်သည်ထိုအရှင်အားသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူကြောင်းကို စိတ်နှလုံးထဲ ၌ယုံကြည်ကြလျှင်ဘုရားသခင်သည်သင် တို့ကိုကယ်တင်တော်မူလိမ့်မည်။- အဘယ်ကြောင့်ဆိုသော်ငါတို့သည်ယုံကြည် ခြင်းအားဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ခွင့်ရ၍ နှုတ်ဖြင့်ဝန်ခံခြင်းအား ဖြင့်ကယ်တင်ခြင်းခံရသောကြောင့်ဖြစ်၏။- ကျမ်းစာတော်က``မည်သူမဆိုကိုယ်တော်ကို ယုံကြည်လျှင်စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဆိုသည်။
ရောမ 10:1-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။ သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။ ခရစ်တော်သည် ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းကိုရရှိရန် ပညတ်တရား၏အဆုံးသတ်ရာဖြစ်တော်မူ၏။ မောရှေကလည်း ပညတ်တရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ “ဤအရာများကိုလိုက်နာကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်လိမ့်မည်”ဟု ရေးထား၏။ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းမူကား “သင်၏စိတ်နှလုံးထဲ၌ ကောင်းကင်သို့ မည်သူတက်မည်နည်းဟု မပြောနှင့်။ (ဤသည်ကား ခရစ်တော်ကို အောက်သို့ခေါ်ဆောင်လာခြင်းဖြစ်၏။) သို့မဟုတ် အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့ မည်သူဆင်းမည်နည်းဟူ၍လည်း မပြောနှင့် (ဤသည်ကား ခရစ်တော်ကို သေသောသူတို့ထဲမှ ခေါ်ထုတ်ခြင်းဖြစ်၏)”ဟု ဆိုထား၏။ ထို့ပြင် မည်သို့ဆိုထားသနည်း။ “တရားစကားသည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏စိတ်နှလုံး၌လည်းကောင်း ရှိ၏”ဟု ဆိုထား၏။ ဤသည်ကား ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားဖြစ်၏။ သင်သည် မိမိနှုတ်ဖြင့် ယေရှုသည် အရှင်သခင်ဖြစ်ကြောင်းဝန်ခံ၍ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်သည် သူ့ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူပြီဟု ယုံကြည်လျှင် ကယ်တင်ခြင်းခံရမည်။ အကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာက “ထိုကျောက်ကိုယုံကြည်သမျှသောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ဆိုထား၏။