YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 10:1-11

ရောမ 10:1-11 JBMLE

ညီ​အစ်​ကို​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​စေ​တ​နာ​အ​လို​ရှိ၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လေ့​ရှိ၏။- ထို​သူ​တို့​သည် မှန်​သော​ပ​ညာ​မ​ရှိ​သော်​လည်း၊ ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​ဟု သူ​တို့​အ​ဖို့ ငါ​သက်​သေ​ခံ၏။- ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​သိ​ဘဲ၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို တည်​စေ​ခြင်း​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဝန်​မ​ခံ​ကြ။- ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​အား​ဖြင့် စုံ​လင်​ခြင်း​ရှိ၏။ မော​ရှေ​က​လည်း၊ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ပ​ညတ်​တ​ရား​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ရည်​မှတ်၍ ရေး​ထား​သ​တည်း။- ယုံ​ကြည်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား ဆို​သည်​ကား၊- ကောင်း​ကင်​သို့ အ​ဘယ်​သူ​တက်​လိမ့်​မည်​နည်း။ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဆင်း​လိမ့်​မည်​နည်း​ဟု စိတ်​ထဲ​မှာ မ​အောက်​မေ့​နှင့်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ခ​ရစ်​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ ကောင်း​ကင်​သို့ အ​ဘယ်​သူ တက်​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ ဆင်း​လိမ့်​မည်​နည်း​ဟု ဆို​လို​သ​တည်း။- တစ်​ဖန်​ဆို​သည်​ကား၊ တ​ရား​တော်​သည် သင်​နှင့်​နီး၏။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သင်၏​နှ​လုံး၌​လည်း​ကောင်း ရှိ​သည်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ငါ​တို့​ဟော​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ဆို​လို​သ​တည်း။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။- ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။- ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ နှုတ်​ဖြင့်​ဝန်​ခံ​ရ၏။ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကျောက်​ကို အ​မှီ​ပြု​သော သူ​မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။