YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 1:1-13

ရောမ 1:1-13 Judson Bible (JBMLE)

လူ​ဇာ​တိ​အား​ဖြင့် ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​တော်​မူ​ထ​သော၊- သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​အား​ဖြင့်၊- တန်​ခိုး​နှင့်​တ​ကွ ဘု​ရား​သ​ခင်၏​သား​တော် ထင်​ရှား​ဖြစ်​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော မိ​မိ​သား​တော်​ကို အ​ကြောင်း​ပြု၍ ဘု​ရား​သ​ခင်​သည် ရှေး​က​မိ​မိ​ပ​ရော​ဖက်​များ​အား​ဖြင့်၊ သန့်​ရှင်း​သော​ကျမ်း​စာ၌ က​တိ​ထား​တော်​မူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​ခွဲ​ထား၍ တ​မန်​တော်​အ​ရာ၌ ခန့်​ထား​သော ယေ​ရှု​ခ​ရစ်၏​ကျွန် ငါ​ပေါ​လု​သည်၊- ဘု​ရား​သ​ခင်​ချစ်​တော်​မူ၍၊ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​စေ​ခြင်း​ငှာ ထို​သ​ခင်​ထံ၌ ကျေး​ဇူး​တော်​နှင့် တ​မန်​တော်​အ​ရာ​ကို ငါ​တို့​သည် ခံ​ရ​ကြ​ပြီ။ ထို​သ​ခင်​ခေါ်​ထား​တော်​မူ​သော သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့၌ အ​ပါ​အ​ဝင်​ဖြစ်​ကြ၏။ သင်​တို့၏​ယုံ​ကြည်​ခြင်း​အ​ရာ​သည် မြေ​တစ်​ပြင်​လုံး၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ယေ​ရှု​ခ​ရစ်​အား​ဖြင့်၊ ငါ၏​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို ရှေ့​ဦး​စွာ ငါ​ချီး​မွမ်း၏။- ငါ​သည်​သင်​တို့​ကို မ​ခြား​မ​လပ်​အောက်​မေ့၍ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သည်​ဟု သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ အ​မှု​တော်​ကို စိတ်​ဝိ​ညာဉ်​နှင့်​တ​ကွ ငါ​ဆောင်​ရွက်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် ငါ၏​သက်​သေ​ခံ​ဖြစ်​တော်​မူ၏။- မ​ကြာ​မ​မြင့်​မီ ဘု​ရား​သ​ခင်​အ​လို​တော်​အား​ဖြင့် အ​ဆင်​သင့်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​လာ​ရ​သော​အ​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- သင်​တို့​သည် မြဲ​မြံ​ခိုင်​ခံ့​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့၌ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တစ်​စုံ​တစ်​ခု​ကို အပ်​ပေး​ခြင်း​ငှာ၊ သင်​တို့​ကို အ​လွန်​တွေ့​မြင်​ချင်​ပါ၏။- ထို​သို့​ဆို​သော်၊ ငါ​နှင့်​သင်​တို့​သည် ယုံ​ကြည်​သော​အား​ဖြင့် အ​ချင်း​ချင်း အား​ရ​သက်​သာ​ခြင်း​သို့ ရောက်​ကြ​မည်​အ​ကြောင်း​ကို ဆို​လို​သ​တည်း။ ညီ​အစ်​ကို​တို့၊ ငါ​သည်​အ​ခြား​သော တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ကျိုး​ကို​ရ​သ​ကဲ့​သို့ သင်​တို့​တွင်​လည်း အ​ကျိုး​တစ်​စုံ​တစ်​ခု​ကို​ရ​ခြင်း​ငှာ၊ သင်​တို့​ရှိ​ရာ​သို့​သွား​မည်​ဟု အ​ဖန်​ဖန်​အ​ကြံ​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ၊ ထို​သို့​အ​ကြံ​ရှိ​သော်​လည်း၊ ယ​ခု​တိုင်​အောင် မြစ်​တား​သော အ​ကြောင်း​ရှိ၏။

ရောမ 1:1-13 Common Language Bible (BCL)

သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​တ​မန်​တော် အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​သူ၊ ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။- ရှေး​အ​ခါ​က​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏ ပ​ရော​ဖက်​များ​အား​ဖြင့် ထို​သ​တင်း​ကောင်း ကို​က​တိ​ထား​တော်​မူ​ခဲ့​ကြောင်း​ကျမ်း​စာ တော်​က​ဖော်​ပြ​၏။- ထို​သ​တင်း​ကောင်း​ကား​ဘု​ရား​သ​ခင်​၏​သား တော် ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း ပင်​ဖြစ်​ပေ​သည်။ ထို​အ​ရှင်​သည်​လူ့​ဇာ​တိ​အား ဖြင့်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​တော်​မူ​သည်။- ဘု​ရား​ဇာ​တိ​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​ထင်​ရှား​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​အား ဖြင့်​ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ထ​မြောက်​စေ တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​အား​ဖြင့်​ငါ့ အား​ခ​ရစ်​တော်​အ​တွက်​ကြောင့် ထူး​မြတ်​သည့် တ​မန်​တော်​ရာ​ထူး​ကို​ပေး​သ​နား​တော်​မူ​၏။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​၍​လိုက်​နာ ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​ငါ့​အား​ထို သူ​အ​ပေါင်း​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။- ရော​မ​မြို့​၌​နေ​ထိုင်​သော​သင်​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​၏​တ​ပည့်​များ​အ​ဖြစ် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​များ​ဖြစ် သော​ကြောင့်​ထို​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သ​ဖြင့်​မိ​မိ​၏ လူ​စု​တော်​ဝင်​ဖြစ်​စေ​ရန် ရွေး​ကောက်​တော်​မူ သည့်​ရော​မ​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ ထံ​သို့​ဤ​စာ​ကို​ရေး​လိုက်​ပါ​၏။ ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။ သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ပျံ့​နှံ့​လျက်​ရှိ​သ​ဖြင့် ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​ယေ​ရှု​ခ​ရစ် ကို​အ​မှီ​ပြု​၍​ဦး​စွာ​ပ​ထ​မ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။- သား​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထမ်း ဆောင်​လျက်​ရှိ​၏။ ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​အား​အ​စဉ်​သ​တိ ရ​ကြောင်း​ကို​ဘု​ရား​သ​ခင်​သည်​သက်​သေ ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ပါ​က​မ​ကြာ​မီ​သင်​တို့​ထံ​သို့​ငါ​လာ နိုင်​ရန်​လမ်း​ဖွင့်​ပေး​တော်​မူ​ရန်​ဆု​တောင်း​၏။- သင်​တို့​သည်​တည်​ကြည်​ကြံ့​ခိုင်​စေ​ရန်​သင် တို့​အား​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ဝေ​မျှ​လို သ​ဖြင့် ငါ​သည်​သင်​တို့​နှင့်​အ​လွန်​တွေ့​လို ၏။- တစ်​နည်း​ကား​ယင်း​သို့​တွေ့​ဆုံ​မိ​ကြ​သော အ​ခါ​သင်​တို့​နှင့်​ငါ​သည် မိ​မိ​တို့​အ​သီး သီး​၏​ယုံ​ကြည်​ခြင်း​ကို​ဝေ​မျှ​၍​အ​ပြန် အ​လှန်​အား​ပေး​နိုင်​လိမ့်​မည်​ဖြစ်​သည်။ ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။

ရောမ 1:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​အတွက် သီးသန့်​ရွေးချယ်​ထား​ခြင်း​ခံရ​၍ တမန်တော်​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ခရစ်တော်​ယေရှု​၏​အစေအပါး​ငါ​ပေါလု​သည် စာ​ရေး​လိုက်​ပါ​၏။ ဤ​ကောင်းမြတ်​သော​သတင်း​သည် မိမိ​၏​ပရောဖက်​များ​အားဖြင့် သန့်ရှင်း​သော​ကျမ်းစာ​၌ ရှေးမဆွ​က​ပင် ဘုရားသခင်​ကတိ​ပေး​ထား​တော်မူ​သော​အရာ​ဖြစ်​ပြီး ဘုရားသခင်​၏​သား​တော်​အကြောင်း​ဖြစ်​၏။ သား​တော်​သည် လူသား​အနေဖြင့် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​တော်မူ​၍ မြင့်မြတ်​သန့်ရှင်း​ခြင်း​၏​ဝိညာဉ်​တော်​အနေဖြင့်​ဆို​လျှင် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​ဖြင့် တန်ခိုး​နှင့်တကွ ဘုရားသခင်​၏​သား​တော်​အရာ​၌ ခန့်အပ်​ထား​ခြင်း​ခံရ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ဖြစ်​၏။ ထို​သခင်​၏​နာမ​တော်​အတွက် လူမျိုး​အပေါင်း​တို့​ထဲတွင် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် ကျေးဇူး​တော်​ကို​လည်းကောင်း၊ တမန်တော်​ဖြစ်​ခြင်း​အခွင့်​ကို​လည်းကောင်း ကိုယ်တော်​အားဖြင့် ငါ​တို့​ရရှိ​ကြ​၏။ သင်​တို့​သည်​လည်း ထို​လူမျိုး​တို့​ထဲတွင်​ပါဝင်​၍ ယေရှု​ခရစ်တော်​နှင့်​သက်ဆိုင်​မည့်​အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​များ​ဖြစ်​ကြ​၏။ ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။ သင်​တို့​၏​ယုံကြည်​ခြင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကျော်ကြား​လျက်​ရှိ​သည်​ဖြစ်၍ ငါ​သည် သင်​တို့​အားလုံး​အတွက် ငါ​၏​ဘုရားသခင်​ကို ယေရှု​ခရစ်တော်​အားဖြင့် ပထမ​ဦးစွာ​ကျေးဇူးတင်​၏။ ငါ​သည်​ဆုတောင်း​သောအခါ သင်​တို့​ကို​အမြဲမပြတ်​သတိရ​လျက် ဘုရားသခင်​၏​အလို​တော်​ရှိ​လျှင် တစ်ချိန်ချိန်​တွင် တစ်နည်းနည်း​ဖြင့် သင်​တို့​ထံသို့​လာ​ရ​သော​အခွင့်​ရှိ​ပါ​မည့်​အကြောင်း အစဉ်​တောင်းလျှောက်​နေ​၏။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ ငါ့​အတွက်​သက်သေခံ​ပေး​သော​သူ​မှာ သား​တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​ဟောပြော​လျက် ငါ​၏​ဝိညာဉ်​အားဖြင့် ဝတ်ပြု​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏။ သင်​တို့​ကို ငါ​အလွန်​တွေ့မြင်​လို​သည်​မှာ သင်​တို့​အား ဝိညာဉ်​ဆု​ကျေးဇူး​အချို့​ကို​ဝေမျှ​ပေး​၍ သင်​တို့​ကို​ခိုင်ခံ့​မြဲမြံ​စေ​ရန်​ဖြစ်​၏။ ထိုသို့​ဆိုသော် သင်​တို့​နှင့်အတူ​ရှိ​စဉ် ငါ​နှင့်​သင်​တို့​နှစ်ဦးနှစ်ဖက်​၏​ယုံကြည်​ခြင်း​အားဖြင့် နှစ်သိမ့်​မှု​ကို အတူတကွ​ခံစား​နိုင်​ရန်​ဖြစ်​၏။ ညီအစ်ကို​တို့၊ ငါ​သည် အခြား​သော​လူမျိုးခြား​တို့​တွင် အသီးအပွင့်​ရရှိ​သကဲ့သို့ သင်​တို့​တွင်​လည်း အသီးအပွင့်​တစ်စုံတစ်ခု​ရရှိ​ရန် သင်​တို့​ထံသို့​လာ​မည်​ဟု အကြိမ်ကြိမ်​စီစဉ်​ခဲ့​သော်လည်း ယခု​တိုင်အောင် တားဆီး​ခြင်း​ခံရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။