YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 5:8-10

ဗျာဒိတ် 5:8-10 Judson Bible (JBMLE)

ထို​စာ​စောင်​ကို ခံ​ယူ​သော​အ​ခါ၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည်၊ သန့်​ရှင်း​သူ​တို့၏ ပ​တ္ထ​နာ​တည်း​ဟူ​သော မီး​ရှို့​ရာ နံ့​သာ​ပေါင်း​နှင့်​ပြည့်​သော ရွှေ​ဖ​လား​တို့​ကို​လည်း​ကောင်း၊ စောင်း​တို့​ကို​လည်း​ကောင်း၊ အ​သီး​အ​သီး​ကိုင်၍ သိုး​သ​ငယ်​ရှေ့၌ ပျပ်​ဝပ်​လျက်၊- ကိုယ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အ​ထဲ​မှ အ​ကျွန်ုပ်​တို့​ကို​ယူ၍၊ အ​သွေး​တော်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ရွေး​နုတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ၊ ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား၍၊ မြေ​ကြီး​ပေါ်​မှာ စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် စာ​စောင်​ကို​ခံ​ယူ၍ တံ​ဆိပ်​တို့​ကို ဖွင့်​ထိုက်​တော်​မူ၏​ဟု အ​သစ်​သော​သီ​ချင်း​ကို​သီ၍ လျှောက်​ဆို​ကြ၏။

ဗျာဒိတ် 5:8-10 Common Language Bible (BCL)

ထို​သို့​ယူ​လိုက်​သော​အ​ခါ​သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည် အ​သီး သီး​စောင်း​များ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် လူ​စု​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​တည်း​ဟူ​သော နံ့​သာ​ပေါင်း​နှင့်​ပြည့်​လျက်​ရှိ​သည့်​ရွှေ​ဖ​လား များ​ကို​လည်း​ကောင်း ကိုင်​ဆောင်​ကာ​သိုး​သူ​ငယ် တော်​၏​ရှေ့​တော်​တွင်​ပျပ်​ဝပ်​လျက်၊ ``ကိုယ်​တော်​ရှင်​သည်​အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော၊ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​မှ​လူ​တို့​ကို ဘု​ရား​သခင်​အ​ဖို့​ဝယ်​ယူ​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​စာ​လိပ်​တော် ကို ယူ​၍​ချိပ်​တံ​ဆိပ်​များ​ကို​ဖွင့်​ထိုက်​သူ​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား အ​ကျွန်ုပ်​တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​နိုင်​ကြ​စေ​ရန် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ပေး​အပ်​တော်​မူ​၏။ သူ​တို့​သည်​လည်း​ကမ္ဘာ​လော​က​တွင် စိုး​စံ​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။'' ဟု​သီ​ချင်း​သစ်​ကို​သီ​ဆို​ကြ​၏။

ဗျာဒိတ် 5:8-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုသို့ စာလိပ်​ကို​ယူ​လိုက်​သောအခါ သတ္တဝါ​လေး​ပါး​တို့​နှင့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် စောင်း​များ​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​ဖြစ်​ကြ​သော နံ့သာပေါင်း​နှင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​များ​ကို​လည်းကောင်း အသီးသီး​ကိုင်ဆောင်​လျက် သိုးသငယ်​တော်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏။ ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး သူ​တို့​ကို အကျွန်ုပ်​တို့​၏​ဘုရားသခင်​အတွက် နိုင်ငံ​တော်​တစ်​ခု​နှင့် ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သဖြင့် သူ​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင် အုပ်စိုး​ရ​ကြ​လိမ့်မည်”​ဟု ဆို​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။