YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 5:8-10

ဗျာဒိတ်ကျမ်း 5:8-10 MSBU

ထိုသို့ စာလိပ်​ကို​ယူ​လိုက်​သောအခါ သတ္တဝါ​လေး​ပါး​တို့​နှင့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် စောင်း​များ​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​ဖြစ်​ကြ​သော နံ့သာပေါင်း​နှင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​များ​ကို​လည်းကောင်း အသီးသီး​ကိုင်ဆောင်​လျက် သိုးသငယ်​တော်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏။ ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး သူ​တို့​ကို အကျွန်ုပ်​တို့​၏​ဘုရားသခင်​အတွက် နိုင်ငံ​တော်​တစ်​ခု​နှင့် ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သဖြင့် သူ​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင် အုပ်စိုး​ရ​ကြ​လိမ့်မည်”​ဟု ဆို​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။