YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 5:1-14

ဗျာဒိတ် 5:1-14 Judson Bible (JBMLE)

ထို​အ​ခါ တစ်​ဖက်​တစ်​ချက်၌ အ​က္ခ​ရာ​တင်၍ တံ​ဆိပ်​ခု​နစ်​ချက်​ခတ်​သော စာ​စောင်​ကို ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ လက်​ယာ​လက်၌ ငါ​မြင်၏။- အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​က၊ ထို​စာ​စောင်​ကို​ဖွင့်၍ တံ​ဆိပ်​တို့​ကို​ခွာ​ခြင်း​ငှာ အ​ဘယ်​သူ​ထိုက် သ​နည်း​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။- ထို​စာ​စောင်​ကို ဖွင့်၍​ကြည့်​ခြင်း​ငှာ ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၌ အ​ဘယ်​သူ​မျှ​မ​တတ်​နိုင်။ ထို​စာ​စောင်​ကို​ဖွင့်၍ ကြည့်​ထိုက်​သော​သူ တစ်​ယောက်​ကို​မျှ ရှာ၍​မ​တွေ့​သော​ကြောင့်၊ ငါ​သည် များ​စွာ​ငို​ကြွေး​လေ၏။- ထို​အ​ခါ​အ​သက်​ကြီး​သော​သူ​တစ်​ပါး​က၊ မ​ငို​ကြွေး​နှင့်၊ ယု​ဒ​အ​မျိုး ခြင်္သေ့​တည်း​ဟူ​သော ဒါ​ဝိဒ်၏​အ​မြစ်​သည် ထို​စာ​စောင်​ကို​လည်း​ကောင်း၊- တံ​ဆိပ် ခု​နစ်​ချက်​တို့​ကို​လည်း​ကောင်း၊ ဖွင့်​ခြင်း​ငှာ အောင်​မြင်​လေ​ပြီ​ဟု ငါ့​ကို​ပြော​ဆို၏။ ထို​အ​ခါ ပ​လ္လင်​တော်​မှ​စ​သော သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး သူ​တို့​အ​လယ်၌၊ အ​သေ​သတ်​ပြီး​သ​ကဲ့​သို့​သော သိုး​သ​ငယ်​သည် ရပ်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။ ထို​သိုး​သ​ငယ်​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ လွှတ်​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မျက်​စိ​ခု​နစ်​လုံး​နှင့် ချို​ခု​နစ်​ချောင်း​ရှိ၏။- သူ​သည်​လာ၍ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ၏ လက်​ယာ​လက်​မှ​စာ​စောင်​ကို ခံ​ယူ​လေ၏။- ထို​စာ​စောင်​ကို ခံ​ယူ​သော​အ​ခါ၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည်၊ သန့်​ရှင်း​သူ​တို့၏ ပ​တ္ထ​နာ​တည်း​ဟူ​သော မီး​ရှို့​ရာ နံ့​သာ​ပေါင်း​နှင့်​ပြည့်​သော ရွှေ​ဖ​လား​တို့​ကို​လည်း​ကောင်း၊ စောင်း​တို့​ကို​လည်း​ကောင်း၊ အ​သီး​အ​သီး​ကိုင်၍ သိုး​သ​ငယ်​ရှေ့၌ ပျပ်​ဝပ်​လျက်၊- ကိုယ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အ​ထဲ​မှ အ​ကျွန်ုပ်​တို့​ကို​ယူ၍၊ အ​သွေး​တော်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ရွေး​နုတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ၊ ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား၍၊ မြေ​ကြီး​ပေါ်​မှာ စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် စာ​စောင်​ကို​ခံ​ယူ၍ တံ​ဆိပ်​တို့​ကို ဖွင့်​ထိုက်​တော်​မူ၏​ဟု အ​သစ်​သော​သီ​ချင်း​ကို​သီ၍ လျှောက်​ဆို​ကြ၏။- ထို​အ​ခါ ငါ​ကြည့်၍ ပ​လ္လင်​တော်​မှ​စ​သော သ​တ္တ​ဝါ​တို့​နှင့် အ​သက်​ကြီး​သူ​တို့၏ ပတ်​ဝန်း​ကျင်၌ ကု​ဋေ​သင်္ချေ​မ​က အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ အ​သံ​ကို ငါ​ကြား၏။- ထို​သူ​တို့​က​လည်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ပြီး​သော သိုး​သ​ငယ်​သည်၊ တန်​ခိုး၊ စည်း​စိမ်၊ ပ​ညာ၊ အ​စွမ်း​သ​တ္တိ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ထိုက်​တော်​မူ၏​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို​ကြ၏။- ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၊ သ​မု​ဒ္ဒ​ရာ​အ​ထဲ၊ အ​ရပ်​ရပ်​တို့၌ ရှိ​ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​က၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​နှင့် သိုး​သ​ငယ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား​လေ၏။- သ​တ္တ​ဝါ​လေး​ပါး​တို့​က​လည်း အာ​မင်​ဟု ခေါ်​ဝေါ်​ကြ၏။ အ​သက်​ကြီး​သူ​တို့​သည်​လည်း ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ၏။

ဗျာဒိတ် 5:1-14 Common Language Bible (BCL)

ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏ လက်​ယာ​လက်​တော်​တွင်​စာ​လိပ်​ကို​ငါ​မြင်​၏။ ထို​စာ​လိပ်​သည်​တံ​ဆိပ်​ခု​နစ်​ခု​ဖြင့်​ခတ်​နှိပ် ထား​၍ စာ​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင်​စာ များ​ရေး​သား​ထား​၏။- ထို​နောက်​ခွန်​အား​ကြီး​မား​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​က``အ​ဘယ်​သူ​သည်​တံ​ဆိပ်​များ​ကို​ခွာ ၍​ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​ပါ​သ​နည်း'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​လျက်​နေ​သည်​ကို​ငါ​မြင်​၏။- သို့​ရာ​တွင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​၌ ထို​စာ​လိပ်​ကို​ဖွင့်​နိုင်​သူ​သို့​မ​ဟုတ် ကြည့်​နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ။- ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​သူ​သို့​မ​ဟုတ်​ဖတ်​ထိုက် သူ တစ်​ယောက်​မျှ​ရှာ​၍​မ​တွေ့​ရ​သ​ဖြင့်​ငါ​သည် လွန်​စွာ​ငို​ကြွေး​၏။- ထို​အခါ​အ​ကြီး​အ​ကဲ​တစ်​ပါး​က​ငါ့​အား``မ​ငို ပါ​နှင့်။ ကြည့်​ရှု​လော့။ ယု​ဒ​အ​နွယ်​ဝင်​ခြင်္သေ့​တည်း ဟူ​သော​ဒါ​ဝိဒ်​မှ​ဆင်း​သက်​သူ​သည်​အောင်​မြင် လေ​ပြီ။ သူ​သည်​ဤ​စာ​လိပ်​နှင့်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​ကို​ဖွင့်​နိုင်​၏'' ဟု​ပြော​လေ​၏။ ထို​နောက်​သိုး​သူ​ငယ်​သည်​သက်​ရှိ​သတ္တဝါ​လေး ပါး​တို့​နှင့်​အ​ကြီး​အ​ကဲ​များ​ခြံ​ရံ​လျက်​ရှိ သည့်​ပလ္လင်​တော်​အ​လယ်​၌​ရပ်​လျက်​နေ​သည် ကို​ငါ​မြင်​၏။ သူ​သည်​ယဇ်​ပူ​ဇော်​ရန်​အ​သတ် ခံ​ရ​ပြီး​သည့်​သိုး​နှင့်​တူ​၏။ သူ့​မှာ​ဦး​ချို​ခု​နစ် ချောင်း​နှင့်​မျက်​စိ​ခု​နစ်​လုံး​ရှိ​၏။ ယင်း​တို့​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​သို့​ဘု​ရား​သ​ခင်​စေ လွှတ်​တော်​မူ​သော​ဝိ​ညာဉ်​ခု​နစ်​ပါး​ဖြစ်​၏။- ထို​သိုး​သူ​ငယ်​သည်​လာ​၍​ပလ္လင်​ပေါ်​တွင်​ထိုင် လျက် နေ​သော​အ​ရှင်​၏​လက်ယာ​လက်​တော်​မှ စာ​လိပ်​ကို​ယူ​၏။- ထို​သို့​ယူ​လိုက်​သော​အ​ခါ​သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည် အ​သီး သီး​စောင်း​များ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် လူ​စု​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​တည်း​ဟူ​သော နံ့​သာ​ပေါင်း​နှင့်​ပြည့်​လျက်​ရှိ​သည့်​ရွှေ​ဖ​လား များ​ကို​လည်း​ကောင်း ကိုင်​ဆောင်​ကာ​သိုး​သူ​ငယ် တော်​၏​ရှေ့​တော်​တွင်​ပျပ်​ဝပ်​လျက်၊ ``ကိုယ်​တော်​ရှင်​သည်​အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော၊ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​မှ​လူ​တို့​ကို ဘု​ရား​သခင်​အ​ဖို့​ဝယ်​ယူ​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​စာ​လိပ်​တော် ကို ယူ​၍​ချိပ်​တံ​ဆိပ်​များ​ကို​ဖွင့်​ထိုက်​သူ​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား အ​ကျွန်ုပ်​တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​နိုင်​ကြ​စေ​ရန် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ပေး​အပ်​တော်​မူ​၏။ သူ​တို့​သည်​လည်း​ကမ္ဘာ​လော​က​တွင် စိုး​စံ​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။'' ဟု​သီ​ချင်း​သစ်​ကို​သီ​ဆို​ကြ​၏။ ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ပလ္လင်​တော် ပတ်​လည်​၌​လည်း​ကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​များ​၏​ပတ်​လည်​၌​လည်း​ကောင်း ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​၏ အ​သံ​ကို​ကြား​ရ​၏။ ထို​ကောင်း​ကင်​တ​မန် များ​၏​အ​ရေ​အ​တွက်​မှာ​သိန်း​သန်း​ကု​ဋေ မ​က​အ​တိုင်း​မ​သိ​များ​ပြား​၏။- သူ​တို့​က၊ ``အ​သေ​သတ်​ခြင်း​ခံ​ရ​သော​သိုး​သူ​ငယ်​တော်​သည် တန်​ခိုး၊စည်း​စိမ်​ချမ်း​သာ၊ဉာဏ်​ပ​ညာ၊ခွန်​အား စွမ်း​ရည်၊ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊ ချီး​မွမ်း​ခြင်း​တို့​ကို​ခံ​ထိုက်​တော်​မူ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​မြွက်​ဆို​ကြ​၏။- ထို့​ပြင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​ပင်​လယ်​အ​ရပ်​ရပ်​၌​ရှိ​သ​မျှ​သော သတ္တဝါ​အ​ပေါင်း​တို့​က၊ ပလ္လင်​ပေါ်​တွင်​ထိုင်​နေ​တော်​မူ​သော​အ​ရှင်​နှင့် သိုး​သူ​ငယ်​တော်​သည် ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။ ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊တန်​ခိုး​တို့​ဖြင့် ပြည့်​စုံ​တော်​မူ​ပါ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​သည်​ကို​ငါ​ကြား​ရ​၏။- သတ္တဝါ​လေး​ပါး​တို့​က``အာ​မင်'' ဟု​တုံ့​ပြန်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​လည်း​ပျပ်​ဝပ်​ရှိ​ခိုး ကြ​၏။

ဗျာဒိတ် 5:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​လက်ယာ​လက်​၌ အတွင်း​အပြင်​နှစ်ဖက်​စလုံး​တွင် စာ​များ​ရေး​ထား​ပြီး တံဆိပ်​ခုနစ်​ခု​ဖြင့်​ခတ်နှိပ်​ထား​သော စာလိပ်​တစ်လိပ်​ရှိ​သည်​ကို ငါ​မြင်​ရ​၏။ ထိုအခါ ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​က “မည်သူ​သည် စာလိပ်​ကို​ဖွင့်​၍ ၎င်း​၏​တံဆိပ်​များ​ကို​ခွာ​ထိုက်​သနည်း”​ဟု ကျယ်လောင်​သော​အသံ​နှင့် ကြွေးကြော်​နေ​သည်​ကို ငါ​မြင်​ရ​၏။ သို့သော် ကောင်းကင်​၌​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ဖြစ်စေ၊ မြေကြီး​အောက်၌​ဖြစ်စေ စာလိပ်​ကို​ဖွင့်​ရန်​၊ သို့မဟုတ် ကြည့်​ရန် တတ်နိုင်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ထို​စာလိပ်​ကို​ဖွင့်​ရန်​၊ သို့မဟုတ် ကြည့်​ရန် ထိုက်တန်​သူ​တစ်စုံတစ်ဦး​မျှ​မ​တွေ့​ရ​သောကြောင့် ငါ​သည် သည်းထန်​စွာ​ငိုကြွေး​၏။ ထိုအခါ သက်ကြီးဝါကြီး​များ​ထဲမှ​တစ်​ပါး​က “မ​ငိုကြွေး​နှင့်။ ကြည့်ရှု​လော့။ ယုဒ​အနွယ်​မှ​ပေါ်ထွန်း​သော​ခြင်္သေ့၊ ဒါဝိဒ်​၏​အမြစ်​ဖြစ်​တော်မူ​သော​အရှင်​သည် အောင်မြင်​သဖြင့် ထို​စာလိပ်​နှင့်​တံဆိပ်​ခုနစ်​ခု​ကို​ဖွင့်​နိုင်​၏”​ဟု ငါ့​အား​ပြောဆို​၏။ ထို့နောက် အသေ​သတ်​ခြင်း​ခံ​ခဲ့​ရ​ပုံ​ပေါ်​သော သိုးသငယ်​တော်​သည် ပလ္လင်​တော်​နှင့်​သတ္တဝါ​လေး​ပါး​တို့​၏​အကြား၊ သက်ကြီးဝါကြီး​တို့​၏​အလယ်​၌ ရပ်​လျက်​နေ​သည်​ကို ငါ​မြင်​ရ​၏။ ထို​သိုးသငယ်​တော်​၌ ဦးချို​ခုနစ်​ချောင်း​နှင့် မျက်စိ​ခုနစ်​လုံး​ရှိ​၏။ ထို​မျက်စိ​တို့​သည် မြေကြီး​တစ်ပြင်လုံး​သို့​စေလွှတ်​ခြင်း​ခံရ​သော ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​ကြ​၏။ သိုးသငယ်​တော်​သည် လာ​၍ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​လက်ယာ​လက်​မှ စာလိပ်​ကို​ယူ​လေ​၏။ ထိုသို့ စာလိပ်​ကို​ယူ​လိုက်​သောအခါ သတ္တဝါ​လေး​ပါး​တို့​နှင့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် စောင်း​များ​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​ဖြစ်​ကြ​သော နံ့သာပေါင်း​နှင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​များ​ကို​လည်းကောင်း အသီးသီး​ကိုင်ဆောင်​လျက် သိုးသငယ်​တော်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏။ ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး သူ​တို့​ကို အကျွန်ုပ်​တို့​၏​ဘုရားသခင်​အတွက် နိုင်ငံ​တော်​တစ်​ခု​နှင့် ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သဖြင့် သူ​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင် အုပ်စိုး​ရ​ကြ​လိမ့်မည်”​ဟု ဆို​ကြ​၏။ ထို့နောက် ငါ​ကြည့်​လိုက်​ရာ ပလ္လင်​တော်၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ပတ်ဝန်းကျင်​မှ များစွာ​သော​ကောင်းကင်​တမန်​တို့​၏​အသံ​ကို​ကြား​ရ​၏။ သူ​တို့​၏​အရေအတွက်​သည် သိန်းသန်း​ကုဋေ​ရှိ​၏။ သူ​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့် “အသေ​သတ်​ခြင်း​ခံရ​သော​သိုးသငယ်​တော်​သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်း​အသရေ​နှင့် ကောင်းချီး​မင်္ဂလာ​တို့​ကို​ခံယူ​ထိုက်​သော​အရှင်​ဖြစ်​ပါ​၏”​ဟု ကြွေးကြော်​ကြ​၏။ ထို့ပြင် ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်​နှင့်​ပင်လယ်​ထဲ၌​လည်းကောင်း ရှိ​ကြ​သော သတ္တဝါ​အပေါင်း​တို့​နှင့် ခပ်သိမ်း​သော​အရာ​တို့​က “ကောင်းချီး​မင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်း​အသရေ​နှင့် တန်ခိုး​အရှိန်အဝါ​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​နှင့် သိုးသငယ်​တော်​၌ ကမ္ဘာ​အဆက်ဆက်​ရှိ​ပါစေသော”​ဟု ကြွေးကြော်​ကြ​သည်​ကို ငါ​ကြား​ရ​၏။ ထိုအခါ သတ္တဝါ​လေး​ပါး​တို့​က “အာမင်”​ဟု ဆို​ကြ​၏။ သက်ကြီးဝါကြီး​တို့​သည်​လည်း ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။