YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 19:11-16

ဗျာဒိတ် 19:11-16 Judson Bible (JBMLE)

ထို​အ​ခါ ကောင်း​ကင်​ဘုံ ဖွင့်​လှစ်​လျက်​ရှိ​သည်​ကို ငါ​မြင်​လျှင်၊ မြင်း​ဖြူ​ရှိ၏။ မြင်း​စီး​သော သူ​သည် သ​စ္စာ​ဟူ​သော​အ​မည်၊ သ​မ္မာ​ဟူ​သော​အ​မည်​ရှိ သ​တည်း။ ထို​သူ​သည် တ​ရား​သ​ဖြင့် စီ​ရင်​တတ်၏။ တ​ရား​သ​ဖြင့် စစ်​တိုက်​တတ်၏။- မျက်​စိ​တော်​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်၏။ ခေါင်း​တော်​ပေါ်၌ သ​ရ​ဖူ​များ​ကို ဆောင်း၏။ ကိုယ်​တိုင်​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ​မ​သိ​သော နာ​မ​တော်​သည် ရေး​ထား​လျက် ရှိ၏။- အ​သွေး၌ နှစ်​ပြီး​သော​အ​ဝတ်​ကို ဝတ်၏။ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ဟူ​သော အ​မည်​ရှိ၏။- ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် မြင်း​ဖြူ​ကို​စီး​လျက်၊ စင်​ကြယ်​သော ပိတ်​ချော​ဖြူ​ကို ဝတ်​လျက်၊ နောက်​တော်​သို့ လိုက်​ကြ၏။- လူ​မျိုး​တို့​ကို ဒဏ်​ခတ်​စ​ရာ​ဖို့၊ ထက်​သော သန်​လျက်​သည် ခံ​တွင်း​တော်​ထဲ​က ထွက်၏။ သူ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​တော်​မူ​မည်။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော် မူ​သော ဘု​ရား​သ​ခင်၏ ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​ကို ဖိ​နင်း​တော်​မူ​မည်။- ဘု​ရင်​တို့၏​ဘု​ရင်၊ သ​ခင်​တို့၏​သ​ခင်​ဟု ဘွဲ့​နာ​မ​တော်​သည် အ​ဝတ်​တော်၌​လည်း​ကောင်း၊ ပေါင်​တော်၌​လည်း​ကောင်း ရေး​ထား​လျက်​ရှိ၏။

ဗျာဒိတ် 19:11-16 Common Language Bible (BCL)

ထို​နောက်​ကောင်း​ကင်​ဘုံ​ပွင့်​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ ထို​အ​ရပ်​တွင်​မြင်း​ဖြူ​တစ်​စီး​ရှိ​၏။ ထို မြင်း​ကို​စီး​သူ​သည်​သစ္စာ​သမ္မာ​ဟူ​၍​နာ​မည်​တွင်​၏။ ထို​အ​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တတ်​၏။ တ​ရား​သ​ဖြင့်​စစ်​တိုက်​တတ်​၏။- သူ​၏​မျက်​လုံး​တော်​တို့​သည်​မီး​လျှံ​ကဲ့​သို့ တောက်​ပ​၏။ သူ​၏​ဦး​ခေါင်း​တော်​တွင်​သ​ရ​ဖူ များ​ကို​ဆောင်း​ထား​၏။ မိ​မိ​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​မ​သိ​သည့်​အ​မည်​နာ​မ တော်​ကို​သူ​၏​အ​ပေါ်​မှာ​ရေး​မှတ်​ထား​၏။- ထို​အ​ရှင်​သည်​သွေး​တွင်​နှစ်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​၏။ သူ​၏​နာ​မ​တော်​မှာ``ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်'' ဟူ​၍​ဖြစ်​၏။- ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည်​စင်​ကြယ်​သည့်​ပိတ် ချော​ဖြူ​ထည်​ကို​ဝတ်​ဆင်​ကာ​မြင်း​ဖြူ​များ​စီး လျက်​ထို​အ​ရှင်​၏​နောက်​တော်​က​လိုက်​ကြ​၏။- လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ရန်​အ​တွက်​ကိုယ် တော်​၏​ခံ​တွင်း​မှ​ထက်​သော​သန်​လျက်​ထွက်​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ အနန္တ​တန်​ခိုး​ရှင်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် သီး​နယ်​ရာ​ကျင်း​တွင်​စ​ပျစ်​ရည်​များ​ကို နင်း​တော်​မူ​လိမ့်​မည်။- ကိုယ်​တော်​၏​ဝတ်​လုံ​တော်​နှင့်​ပေါင်​တော်​တွင်``ဘု​ရင် တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်'' ဟူ​သော​အ​မည်​နာ​မ​တော်​ကို​ရေး​ထား​လျက် ရှိ​၏။

ဗျာဒိတ် 19:11-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​သည်​ပွင့်​လျက်​နေ​၍ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၏။ ၎င်း​ပေါ်တွင်​ထိုင်​သော​သူ​ကား သစ္စာ​ရှိ​သော​သူ၊ ဖြောင့်မှန်​သော​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏။ သူ​သည် ဖြောင့်မတ်​စွာ​တရား​စီရင်​၍ စစ်တိုက်​လေ​၏။ သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ပြီး သူ​၏​ဦးခေါင်း​ပေါ်၌ သရဖူ​များ​ကို​ဆောင်း​ထား​၏။ သူ​၌​ရေး​ထား​သော​နာမ​တစ်​ခု​ရှိ​၍ ၎င်း​ကို သူ​ကိုယ်တိုင်​မှတစ်ပါး မည်သူ​မျှ​မ​သိ။ သူ​သည် သွေး​၌​နှစ်​ထား​သော​ဝတ်ရုံ​ကို​ဝတ်​ထား​လျက် သူ​၏​အမည်​ကို ဘုရားသခင်​၏​နှုတ်ကပတ်တော်​ဟု ခေါ်​၏။ ကောင်းကင်​ဗိုလ်ခြေ​တို့​သည် စင်ကြယ်​သော​ပိတ်ချော​ဖြူ​ကို​ဝတ်ဆင်​လျက် မြင်း​ဖြူ​ကို​စီး​ကာ သူ​၏​နောက်​သို့​လိုက်​ကြ​၏။ လူမျိုး​တကာ​တို့​ကို​ဒဏ်ခတ်​ရန် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​လိမ့်မည်။ သူ​သည် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​၏​အမျက်​တော်​ဆိုင်ရာ ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​၏​စပျစ်သီး​နယ်ရာ​ကျင်း​ကို နင်းနယ်​လိမ့်မည်။ သူ​၏​ဝတ်ရုံ​နှင့်​ပေါင်​တို့​၌ “ဘုရင်​တကာ​တို့​၏​ဘုရင်၊ အရှင်​တကာ​တို့​၏​အရှင်”​ဟု ရေး​ထား​သော​ဘွဲ့​နာမ​ရှိ​၏။