YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 19:1-6

ဗျာဒိတ် 19:1-6 Judson Bible (JBMLE)

ထို​နောက်​မှ ကောင်း​ကင်​ဘုံ၌ စည်း​ဝေး​သော သူ​အ​များ​တို့၏ အ​သံ​ကြီး​ကား၊ ဟာ​လေ​လု​ယ၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ချမ်း​သာ၊ ဘုန်း​အ​သ​ရေ​တန်​ခိုး​တော်​ပေ​တည်း။- စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။- တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ​ဟူ၍​လည်း​ကောင်း၊ သူ၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​သည် ဟူ၍​လည်း​ကောင်း ပြော​ဆို​ကြ၏။- အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​နှင့် သ​တ္တ​ဝါ လေး​ပါး​တို့​သည် ပျပ်​ဝပ်၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊ အာ​မင်၊ ဟာ​လေ​လု​ယ​ဟု လျှောက်​ဆို​ကြ၏။ ပ​လ္လင်​တော်​ပေါ်​က ထွက်​သော​အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ ကျွန်​အ​ပေါင်း​တို့​နှင့် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့၊ ငါ​တို့ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့​ဟု ဆို​သ​တည်း။ တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် စိုး​စံ​တော်​မူ၏။

ဗျာဒိတ် 19:1-6 Common Language Bible (BCL)

ထို​နောက်​ကောင်း​ကင်​ပ​ရိ​သတ်​ကြီး​မှ ထွက် ပေါ်​လာ​သော​အ​သံ​နှင့်​တူ​သည့်​အ​သံ​ကို​ငါ ကြား​ရ​၏။ ထို​သူ​တို့​က``ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် သည်​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ဘုန်း​အ​သ ရေ​တော်၊ တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။- ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။- တစ်​ဖန်​ထို​သူ​တို့​၏``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ကြ​လော့'' ထို​မြို့​မှ​မီး​ခိုး​တို့​သည် ထာ​ဝ​စဉ်​လွင့်​တက်​လျက်​ရှိ​၏'' ဟု​ကြွေး​ကြော် ကြ​ပြန်​၏။- ထို​အ​ခါ​အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​နှင့် သက် ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​က``အာ​မင်၊ ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့'' ဟု​ဆို​ကာ​ပလ္လင် တော်​ပေါ်​တွင် စံ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင် အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။ ``ဘု​ရား​သခင်​၏​အ​စေ​ခံ​အ​ပေါင်း​တို့၊ ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ကြီး​အ​ငယ်​အ​ပေါင်း တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့'' ဟု​ပလ္လင်​တော်​မှ​အ​သံ​ထွက်​ပေါ်​လာ​၏။- ထို​နောက်​လူ​ပ​ရိ​သတ်​ကြီး​၏​အ​သံ​ကဲ့​သို့​လည်း ကောင်း၊ အ​ဟုန်​ဖြင့်​စီး​သော​ရေ​သံ​နှင့်​မိုး​ချုန်း​သံ ကဲ့​သို့​လည်း​ကောင်း​ထွက်​ပေါ်​လာ​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​ကြီး​က``ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ အ​နန္တ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​စိုး​စံ​တော်​မူ​လေ​ပြီ။

ဗျာဒိတ် 19:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကောင်းကင်​ရှိ များစွာ​သော​လူထု​ပရိသတ်​တို့​၏​ကျယ်လောင်​သည့်​အသံ​ကဲ့သို့သော​အသံ​ကို ငါ​ကြား​ရ​၏။ သူ​တို့​က “ဟာလေလုယာ။ ကယ်တင်​ခြင်း၊ ဘုန်း​အသရေ​တော်​နှင့် တန်ခိုး​တော်​တို့​သည် ငါ​တို့​ဘုရားသခင်​နှင့်ဆိုင်​တော်မူ​၏။ အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။ ထို့နောက် တစ်ဖန် သူ​တို့​က “ဟာလေလုယာ။ သူ​၏​မီးခိုး​သည် ကမ္ဘာ​အဆက်ဆက်​တက်​သွား​လျက်​ရှိ​၏”​ဟု ဆို​ကြ​၏။ သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​နှင့် သတ္တဝါ​လေး​ပါး​တို့​သည်​လည်း ပျပ်ဝပ်​လျက် ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​ဘုရားသခင်​ကို​ရှိခိုး​ကာ “အာမင်။ ဟာလေလုယာ”​ဟု ဆို​ကြ​၏။ ပလ္လင်​တော်​မှ​ထွက်လာ​သော​အသံ​က​လည်း “ဘုရားသခင်​၏​အစေအပါး​များ​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​အကြီး​အငယ်​အပေါင်း​တို့၊ ငါ​တို့​၏​ဘုရားသခင်​ကို ချီးမွမ်း​ကြ​လော့”​ဟု ဆို​၏။ ထို့နောက် များစွာ​သော​လူ​အစုအဝေး​၏​အသံ​နှင့်​လည်းကောင်း၊ များစွာ​သော​ရေဟုန်​၏​အသံ​နှင့်​လည်းကောင်း၊ ပြင်းထန်​သော​မိုးကြိုး​သံ​နှင့်​လည်းကောင်း တူ​သော​အသံ​က “ဟာလေလုယာ။ အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် စိုးစံ​တော်မူ​သည်​ဖြစ်​၍