YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 15:1-8

ဗျာဒိတ် 15:1-8 Judson Bible (JBMLE)

တစ်​ဖန်​တုံ၊ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို ပြီး​စီး​စေ​သော နောက်​ဆုံး​ဘေး​ဒဏ် ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး တည်း​ဟူ​သော၊ ကောင်း​ကင်၌ အံ့​ဖွယ်​သော​နိ​မိတ်​ကြီး အ​ခြား​တစ်​ပါး​ကို ငါ​မြင်​ရ၏။- မီး​နှင့်​ရော​သော ဖန်​ရေ​ကန်​ကဲ့​သို့ ရှိ​သည်​ကို​လည်း မြင်​ရ၏။ သား​ရဲ​နှင့်​လည်း​ကောင်း၊ သူ၏ ရုပ်​တု​နှင့်​လည်း​ကောင်း၊ သူ၏​နာ​မ အ​ရေ​အ​တွက်​နှင့်​လည်း​ကောင်း၊ လွတ်၍ အောင်​မြင်​သော သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ စောင်း​တော်​တို့​ကို ကိုင်​လျက်၊ ဖန်​ရေ​ကန်​နား​မှာ ရပ်​နေ​ကြ​သည်​ကို မြင်​ရ၏။- ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။- အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​ဘဲ၊ နာ​မ​တော်​ကို မ​ချီး​မွမ်း​ဘဲ အ​ဘယ်​သူ​နေ​ရ​ပါ​အံ့​နည်း။ ကိုယ်​တော် တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ထင်​ရှား​သည်​ဖြစ်၍၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ၍ ရှေ့​တော်၌ ကိုး​ကွယ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ဆို​ကြ၏။ ထို​နောက် ငါ​ကြည့်​လျှင်၊ ကောင်း​ကင်​ဘုံ၌ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ တဲ​တော်​ရှိ​သော ဗိ​မာန်​တော်​ကို ဖွင့်​ထား​ပြီ။- ဘေး​ဒဏ်​ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​သည် စင်​ကြယ်​ပြောင်​လက်​သော ပိုက်​ဆန်​အ​ဝတ်​ကို ဝတ်​လျက်၊ ရင်၌ ရွှေ​ရင်​စည်း​ကို စည်း​လျက် ဗိ​မာန်​တော်​ထဲ​က ထွက်​လာ​ကြ၏။- သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​သည် က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ အ​မျက်​တော်​နှင့် ပြည့်​သော ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​အား ပေး၏။- ဘု​ရား​သ​ခင်၏ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​ကြောင့်၊ ဗိ​မာန်​တော်​သည် မီး​ခိုး​နှင့်​ပြည့်၍ ကောင်း​ကင်​တ​မန် ခု​နစ်​ပါး၏ ဘေး​ဒဏ်​ခု​နစ်​ပါး မ​ကုန်​မီ​တိုင်​အောင် ဗိ​မာန်​တော်​ထဲ​သို့ အ​ဘယ်​သူ​မျှ မ​ဝင်​နိုင်။

ဗျာဒိတ် 15:1-8 Common Language Bible (BCL)

ထို​နောက်​ငါ​သည်​ကောင်း​ကင်​တွင်​အံ့​သြ​ဖွယ် ကောင်း​သည့် အ​တိတ်​နိ​မိတ်​ကြီး​တစ်​ရပ်​ကို​မြင် ရ​ပြန်​၏။ ထို​အ​တိတ်​နိ​မိတ်​ကား​ကပ်​ခု​နစ်​ပါး ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ် ပါး​ဖြစ်​၏။ ထို​ကပ်​ရော​ဂါ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​ကို​နောက်​ဆုံး​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​ဖြစ်​၍ နောက်​ဆုံး​ကျ ရောက်​လာ​မည့်​ကပ်​များ​ဖြစ်​ပေ​သည်။ ထို​နောက်​ငါ​သည်​မီး​နှင့်​ရော​သည့်​ဖန်​ရေ​ကန် နှင့်​တူ​သော​အ​ရာ​တစ်​ခု​ကို​မြင်​ရ​၏။ သား​ရဲ နှင့်​သူ​၏​ရုပ်​တု​အား​လည်း​ကောင်း၊ ကိန်း​ဂ​ဏန်း ၏​နာ​မည်​ကို​ပိုင်​ဆိုင်​သူ​အား​လည်း​ကောင်း၊ အ​နိုင်​ရ​သူ​များ​ကို​လည်း​ငါ​မြင်​ရ​၏။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​စောင်း​များ ကို​ကိုင်​လျက်​ဖန်​ရေ​ကန်​အ​နီး​တွင်​ရပ်​လျက် နေ​ကြ​၏။- သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​လှ ပါ​သည်​တ​ကား။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်၊ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​သည် အ​လွန်​မျှ​တ​မှန်​ကန်​လှ​ပါ​သည်​တ​ကား။ အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​အား​မ​ကြောက်​ရွံ့ မ​ရို​သေ​ဘဲ​အ​ဘယ်​သူ​နေ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် တ​ရား​မျှ​တ​ကြောင်း​ပေါ်​လွင်​ထင်​ရှား​သ​ဖြင့် လူ​မျိုး​တ​ကာ​တို့​သည်​ရှေ့​တော်​သို့​လာ​၍ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​ပါ​လိမ့်​မည်'' ဟူ​၍​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​၏ သီ​ချင်း​နှင့် သိုး​သူ​ငယ်​တော်​၏​သီ​ချင်း​ကို သီ​ဆို​လျက်​နေ​ကြ​၏။ ထို​နောက်​ကောင်း​ကင်​ဘုံ​၌​ပ​ဋိ​ညာဉ်​တဲ​တော်​ရှိ သော ဗိ​မာန်​တော်​သည်​ပွင့်​၍​လာ​သည်​ကို​မြင်​ရ​၏။- ထို​အ​ခါ​ကပ်​ခု​နစ်​ပါး​ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​သည်​ဗိ​မာန်​တော် ထဲ​မှ​ထွက်​လာ​ကြ​၏။ သူ​တို့​သည်​ပြောင်​လက် စင်​ကြယ်​သော ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍ ရွှေ​ရင်​စည်း​ကို​ပတ်​ထား​ကြ​၏။- သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ်​ပါး​သည် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ပြည့်​လျက်​ရှိ သည့် ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို​ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား​ပေး​အပ်​၏။- ဗိ​မာန်​တော်​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​တန်​ခိုး တော်​ကြောင့်​မီး​ခိုး​နှင့်​ပြည့်​လျက်​ရှိ​၏။ သို့​ဖြစ် ၍​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ယူ​ဆောင်​လာ သည့်​ကပ်​ခု​နစ်​ပါး​မ​ပြီး​ဆုံး​မီ​အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်။

ဗျာဒိတ် 15:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကောင်းကင်​၌ ကြီးမား​၍​အံ့သြဖွယ်​ကောင်း​သည့် အခြား​နိမိတ်​လက္ခဏာ​တည်းဟူသော နောက်ဆုံး​ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ ထို​ဘေးဒဏ်​များ​အားဖြင့် ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။ တစ်ဖန် မီး​နှင့်​ရော​ထား​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ကို​လည်းကောင်း၊ သားရဲ၊ သူ​၏​ရုပ်တု​နှင့် သူ့​အမည်​၏​ကိန်းဂဏန်း​တို့​အပေါ် အနိုင်ရ​သော​သူ​တို့​သည် ဘုရားသခင်​၏​စောင်း​များ​ကို​ကိုင်ဆောင်​လျက် ထို​ဖန်​ပင်လယ်​ပေါ်တွင်​ရပ်​နေ​ကြ​သည်​ကို​လည်းကောင်း ငါ​မြင်​ရ​၏။ သူ​တို့​သည် ဘုရားသခင်​၏​ကျွန် မောရှေ​၏​သီချင်း​နှင့် သိုးသငယ်​တော်​၏​သီချင်း​များ​ကို​သီဆို​ကာ “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​၍ အံ့သြဖွယ်​ကောင်း​လှ​ပါ​၏။ လူမျိုး​တကာ​တို့​၏​ဘုရင်၊ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် ဖြောင့်မတ်​၍​မှန်ကန်​ပါ​၏။ အို ထာဝရ​ဘုရား၊ မည်သူ​သည် ကိုယ်တော်​ကို​မ​ကြောက်ရွံ့၊ နာမ​တော်​ကို​လည်း မ​ချီးမွမ်း​ဘဲ နေ​လိမ့်မည်​နည်း။ အကြောင်းမူကား ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သန့်ရှင်း​တော်မူ​၏။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်​ချက်​တို့​သည် ထင်ရှား​သည်​ဖြစ်၍ လူမျိုး​တကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​လာ​၍ ရှိခိုး​ကြ​ပါ​လိမ့်မည်”​ဟု ဆို​ကြ​၏။ ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​၌​ရှိ​သော​သက်သေခံ​ချက်​တဲ​တော်​တည်​ရာ​ဗိမာန်​တော်​သည် ဖွင့်​ထား​လျက်​ရှိ​၍ ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​သည် ထို​ဗိမာန်​တော်​ထဲမှ ထွက်လာ​ကြ​၏။ သူ​တို့​သည် စင်ကြယ်​တောက်ပ​သော​ပိတ်ချော​ကို​ဝတ်ဆင်​လျက် ရင်ဘတ်​၌ ရွှေ​ရင်စည်း​ကို​စည်း​ထား​၏။ ထိုအခါ သတ္တဝါ​လေး​ပါး​ထဲမှ​တစ်​ပါး​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖြင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​ခုနစ်​လုံး​ကို ထို​ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ပေး​လေ​၏။ ဗိမာန်​တော်​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်​တန်ခိုး​တော်​တို့​မှ​ထွက်ပေါ်​သော အခိုးအငွေ့​များ​နှင့်​ပြည့်​သဖြင့် ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​၏​ဘေးဒဏ်​ခုနစ်​မျိုး​မပြီးမချင်း မည်သူမျှ ဗိမာန်​တော်​ထဲသို့​မ​ဝင်​နိုင်​ချေ။