YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 15

15
ဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသောကောင်းကင်တမန်ခုနစ်ပါး
1ထို့နောက် ကောင်းကင်​၌ ကြီးမား​၍​အံ့သြဖွယ်​ကောင်း​သည့် အခြား​နိမိတ်​လက္ခဏာ​တည်းဟူသော နောက်ဆုံး​ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ ထို​ဘေးဒဏ်​များ​အားဖြင့် ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။ 2တစ်ဖန် မီး​နှင့်​ရော​ထား​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ကို​လည်းကောင်း၊ သားရဲ၊ သူ​၏​ရုပ်တု​နှင့် သူ့​အမည်​၏​ကိန်းဂဏန်း​တို့​အပေါ် အနိုင်ရ​သော​သူ​တို့​သည် ဘုရားသခင်​၏​စောင်း​များ​ကို​ကိုင်ဆောင်​လျက် ထို​ဖန်​ပင်လယ်​ပေါ်တွင်​ရပ်​နေ​ကြ​သည်​ကို​လည်းကောင်း ငါ​မြင်​ရ​၏။ 3သူ​တို့​သည် ဘုရားသခင်​၏​ကျွန် မောရှေ​၏​သီချင်း​နှင့် သိုးသငယ်​တော်​၏​သီချင်း​များ​ကို​သီဆို​ကာ “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​၍ အံ့သြဖွယ်​ကောင်း​လှ​ပါ​၏။ လူမျိုး​တကာ​တို့​၏​ဘုရင်၊ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် ဖြောင့်မတ်​၍​မှန်ကန်​ပါ​၏။ 4အို ထာဝရ​ဘုရား၊ မည်သူ​သည် ကိုယ်တော်​ကို​မ​ကြောက်ရွံ့၊ နာမ​တော်​ကို​လည်း မ​ချီးမွမ်း​ဘဲ နေ​လိမ့်မည်​နည်း။ အကြောင်းမူကား ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သန့်ရှင်း​တော်မူ​၏။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်​ချက်​တို့​သည် ထင်ရှား​သည်​ဖြစ်၍ လူမျိုး​တကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​လာ​၍ ရှိခိုး​ကြ​ပါ​လိမ့်မည်”​ဟု ဆို​ကြ​၏။
5ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​၌​ရှိ​သော​သက်သေခံ​ချက်​တဲ​တော်​တည်​ရာ​ဗိမာန်​တော်​သည် ဖွင့်​ထား​လျက်​ရှိ​၍ 6ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​သည် ထို​ဗိမာန်​တော်​ထဲမှ ထွက်လာ​ကြ​၏။ သူ​တို့​သည် စင်ကြယ်​တောက်ပ​သော​ပိတ်ချော​ကို​ဝတ်ဆင်​လျက် ရင်ဘတ်​၌ ရွှေ​ရင်စည်း​ကို​စည်း​ထား​၏။ 7ထိုအခါ သတ္တဝါ​လေး​ပါး​ထဲမှ​တစ်​ပါး​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖြင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​ခုနစ်​လုံး​ကို ထို​ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ပေး​လေ​၏။ 8ဗိမာန်​တော်​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်​တန်ခိုး​တော်​တို့​မှ​ထွက်ပေါ်​သော အခိုးအငွေ့​များ​နှင့်​ပြည့်​သဖြင့် ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​၏​ဘေးဒဏ်​ခုနစ်​မျိုး​မပြီးမချင်း မည်သူမျှ ဗိမာန်​တော်​ထဲသို့​မ​ဝင်​နိုင်​ချေ။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ