YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 15

15
ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​နှင့် ဘေး​ဒဏ်​ခု​နစ်​ပါး
1တစ်​ဖန်​တုံ၊ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို ပြီး​စီး​စေ​သော နောက်​ဆုံး​ဘေး​ဒဏ် ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး တည်း​ဟူ​သော၊ ကောင်း​ကင်၌ အံ့​ဖွယ်​သော​နိ​မိတ်​ကြီး အ​ခြား​တစ်​ပါး​ကို ငါ​မြင်​ရ၏။- 2မီး​နှင့်​ရော​သော ဖန်​ရေ​ကန်​ကဲ့​သို့ ရှိ​သည်​ကို​လည်း မြင်​ရ၏။ သား​ရဲ​နှင့်​လည်း​ကောင်း၊ သူ၏ ရုပ်​တု​နှင့်​လည်း​ကောင်း၊ သူ၏​နာ​မ အ​ရေ​အ​တွက်​နှင့်​လည်း​ကောင်း၊ လွတ်၍ အောင်​မြင်​သော သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ စောင်း​တော်​တို့​ကို ကိုင်​လျက်၊ ဖန်​ရေ​ကန်​နား​မှာ ရပ်​နေ​ကြ​သည်​ကို မြင်​ရ၏။- 3ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-#ထွ၊ ၁၅:၁ 4အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​ဘဲ၊ နာ​မ​တော်​ကို မ​ချီး​မွမ်း​ဘဲ အ​ဘယ်​သူ​နေ​ရ​ပါ​အံ့​နည်း။ ကိုယ်​တော် တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ထင်​ရှား​သည်​ဖြစ်၍၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ၍ ရှေ့​တော်၌ ကိုး​ကွယ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ဆို​ကြ၏။#ယေ၊ ၁၀:၇။ ဆာ၊ ၈၆:၉။
5ထို​နောက် ငါ​ကြည့်​လျှင်၊ ကောင်း​ကင်​ဘုံ၌ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ တဲ​တော်​ရှိ​သော ဗိ​မာန်​တော်​ကို ဖွင့်​ထား​ပြီ။-#ထွ၊ ၃၈:၂၁။ 6ဘေး​ဒဏ်​ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​သည် စင်​ကြယ်​ပြောင်​လက်​သော ပိုက်​ဆန်​အ​ဝတ်​ကို ဝတ်​လျက်၊ ရင်၌ ရွှေ​ရင်​စည်း​ကို စည်း​လျက် ဗိ​မာန်​တော်​ထဲ​က ထွက်​လာ​ကြ၏။- 7သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​သည် က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ အ​မျက်​တော်​နှင့် ပြည့်​သော ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​အား ပေး၏။- 8ဘု​ရား​သ​ခင်၏ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​ကြောင့်၊ ဗိ​မာန်​တော်​သည် မီး​ခိုး​နှင့်​ပြည့်၍ ကောင်း​ကင်​တ​မန် ခု​နစ်​ပါး၏ ဘေး​ဒဏ်​ခု​နစ်​ပါး မ​ကုန်​မီ​တိုင်​အောင် ဗိ​မာန်​တော်​ထဲ​သို့ အ​ဘယ်​သူ​မျှ မ​ဝင်​နိုင်။#ထွ၊ ၄၀:၃၄။ ၃​ရာ၊ ၈:၁၀-၁၁။ ၆​ရာ၊ ၅:၁၃-၁၄။ ဟေ​ရှာ၊ ၆:၄။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။