YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 15:1-3

ဗျာဒိတ် 15:1-3 Judson Bible (JBMLE)

တစ်​ဖန်​တုံ၊ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို ပြီး​စီး​စေ​သော နောက်​ဆုံး​ဘေး​ဒဏ် ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး တည်း​ဟူ​သော၊ ကောင်း​ကင်၌ အံ့​ဖွယ်​သော​နိ​မိတ်​ကြီး အ​ခြား​တစ်​ပါး​ကို ငါ​မြင်​ရ၏။- မီး​နှင့်​ရော​သော ဖန်​ရေ​ကန်​ကဲ့​သို့ ရှိ​သည်​ကို​လည်း မြင်​ရ၏။ သား​ရဲ​နှင့်​လည်း​ကောင်း၊ သူ၏ ရုပ်​တု​နှင့်​လည်း​ကောင်း၊ သူ၏​နာ​မ အ​ရေ​အ​တွက်​နှင့်​လည်း​ကောင်း၊ လွတ်၍ အောင်​မြင်​သော သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ စောင်း​တော်​တို့​ကို ကိုင်​လျက်၊ ဖန်​ရေ​ကန်​နား​မှာ ရပ်​နေ​ကြ​သည်​ကို မြင်​ရ၏။- ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။

ဗျာဒိတ် 15:1-3 Common Language Bible (BCL)

ထို​နောက်​ငါ​သည်​ကောင်း​ကင်​တွင်​အံ့​သြ​ဖွယ် ကောင်း​သည့် အ​တိတ်​နိ​မိတ်​ကြီး​တစ်​ရပ်​ကို​မြင် ရ​ပြန်​၏။ ထို​အ​တိတ်​နိ​မိတ်​ကား​ကပ်​ခု​နစ်​ပါး ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ် ပါး​ဖြစ်​၏။ ထို​ကပ်​ရော​ဂါ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​ကို​နောက်​ဆုံး​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​ဖြစ်​၍ နောက်​ဆုံး​ကျ ရောက်​လာ​မည့်​ကပ်​များ​ဖြစ်​ပေ​သည်။ ထို​နောက်​ငါ​သည်​မီး​နှင့်​ရော​သည့်​ဖန်​ရေ​ကန် နှင့်​တူ​သော​အ​ရာ​တစ်​ခု​ကို​မြင်​ရ​၏။ သား​ရဲ နှင့်​သူ​၏​ရုပ်​တု​အား​လည်း​ကောင်း၊ ကိန်း​ဂ​ဏန်း ၏​နာ​မည်​ကို​ပိုင်​ဆိုင်​သူ​အား​လည်း​ကောင်း၊ အ​နိုင်​ရ​သူ​များ​ကို​လည်း​ငါ​မြင်​ရ​၏။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​စောင်း​များ ကို​ကိုင်​လျက်​ဖန်​ရေ​ကန်​အ​နီး​တွင်​ရပ်​လျက် နေ​ကြ​၏။- သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​လှ ပါ​သည်​တ​ကား။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်၊ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​သည် အ​လွန်​မျှ​တ​မှန်​ကန်​လှ​ပါ​သည်​တ​ကား။

ဗျာဒိတ် 15:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကောင်းကင်​၌ ကြီးမား​၍​အံ့သြဖွယ်​ကောင်း​သည့် အခြား​နိမိတ်​လက္ခဏာ​တည်းဟူသော နောက်ဆုံး​ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ ထို​ဘေးဒဏ်​များ​အားဖြင့် ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။ တစ်ဖန် မီး​နှင့်​ရော​ထား​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ကို​လည်းကောင်း၊ သားရဲ၊ သူ​၏​ရုပ်တု​နှင့် သူ့​အမည်​၏​ကိန်းဂဏန်း​တို့​အပေါ် အနိုင်ရ​သော​သူ​တို့​သည် ဘုရားသခင်​၏​စောင်း​များ​ကို​ကိုင်ဆောင်​လျက် ထို​ဖန်​ပင်လယ်​ပေါ်တွင်​ရပ်​နေ​ကြ​သည်​ကို​လည်းကောင်း ငါ​မြင်​ရ​၏။ သူ​တို့​သည် ဘုရားသခင်​၏​ကျွန် မောရှေ​၏​သီချင်း​နှင့် သိုးသငယ်​တော်​၏​သီချင်း​များ​ကို​သီဆို​ကာ “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​၍ အံ့သြဖွယ်​ကောင်း​လှ​ပါ​၏။ လူမျိုး​တကာ​တို့​၏​ဘုရင်၊ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် ဖြောင့်မတ်​၍​မှန်ကန်​ပါ​၏။