YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 13:4-18

ဗျာဒိတ် 13:4-18 Judson Bible (JBMLE)

ထို​သား​ရဲ၌ အာ​ဏာ​စက်​ကို အပ်​ပေး​သော န​ဂါး​ကို ကိုး​ကွယ်​ကြ၏။ သား​ရဲ​ကို​လည်း ကိုး​ကွယ်၍၊ အ​ဘယ်​သူ​သည် သား​ရဲ​နှင့်​တူ​သ​နည်း။ အ​ဘယ်​သူ​သည် သူ့​ကို​စစ်​ပြိုင်​နိုင်​သ​နည်း​ဟု ပြော​ဆို​ကြ၏။- ထို​သား​ရဲ​သည်​လည်း ကြီး​စွာ​သော စ​ကား​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော စ​ကား​ကို​လည်း​ကောင်း၊ ပြော​တတ်​သော​နှုတ်​နှင့် ပြည့်​စုံ၍၊ လ​လေး​ဆယ်​နှစ်​လ​ပတ်​လုံး စီ​ရင်​ရ​သော​အ​ခွင့်​ကို​ရ၏။- ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​စ​ကား​အား​ဖြင့် နာ​မ​တော်​နှင့် တဲ​တော်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​သား​တို့​ကို​လည်း​ကောင်း၊ ပြစ်​မှား​ခြင်း​ငှာ နှုတ်​ကို​ဖွင့်​ထား၏။- သန့်​ရှင်း​သူ​တို့​ကို စစ်​တိုက်၍ နိုင်​ရ​သော​အ​ခွင့် ကို​ရ၏။ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။- ကွပ်​မျက်​သော​သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ က​မ္ဘာ​ဦး​က​ပင် စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား အ​ပေါင်း​တို့​သည် သား​ရဲ​ကို ကိုး​ကွယ်​ကြ၏။- နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။- သူ​တစ်​ပါး​ကို ဖမ်း​ဆီး​ယူ​သွား​သော​သူ​သည် ကိုယ်​တိုင်​ဖမ်း​ဆီး​ယူ​သွား​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဓား​ဖြင့် သတ်​တတ်​သော သူ​သည်​လည်း ကိုယ်​တိုင် ဓား​ဖြင့်​သေ​ရ​မည်။ ဤ​အ​ရာ၌ သန့်​ရှင်း​သူ​တို့​လည်း သည်း​ခံ​စ​ရာ​အ​ကြောင်း၊ ယုံ​ကြည်​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ခြား​သော သား​ရဲ​တစ်​ကောင်​သည်၊ သိုး​သ​ငယ်၏ ချို​နှင့်​တူ​သော ချို​နှစ်​ချောင်း​ရှိ၍၊ န​ဂါး​ကဲ့​သို့ စ​ကား​ပြော​လျက်၊ မြေ​ကြီး​ထဲ​က ထွက်​သည်​ကို ငါ​မြင်၏။- ထို​သား​ရဲ​သည် သူ့​အ​ရင်​ဖြစ်​သော ပ​ထ​မ​သား​ရဲ၏ အာ​ဏာ​စက်​ရှိ​သ​မျှ​ကို သုံး​စွဲ၏။ သေ​စေ​သော ဒဏ်​ချက် ပျောက်​ခဲ့​ပြီး​သော ပ​ထ​မ​သား​ရဲ​ကို မြေ​ကြီး​မှ​စ၍ မြေ​ကြီး​သား​တို့​သည် ကိုး​ကွယ်​စေ​ခြင်း​ငှာ ပြု၏။- ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​လည်း ပြ၏။ လူ​တို့​မျက်​မှောက်၌ ကောင်း​ကင်​က မြေ​ကြီး​အ​ပေါ်​သို့ မီး​ကို ဆင်း​စေ၏။- ပ​ထ​မ​သား​ရဲ​ရှေ့၌ ပြ​ပိုင်​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​အား​ဖြင့် မြေ​ကြီး​သား​တို့​ကို လှည့်​ဖြား၏။ ဓား​နှင့် ခုတ်​သော​ဒဏ်​ချက်​ကို ခံ​ရ၍ အ​သက်​ရှင်​သေး​သော သား​ရဲ၏ ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ မြေ​ကြီး​သား​တို့​ကို မှာ​ထား၏။- သား​ရဲ၏ ရုပ်​တု​သည် စ​ကား​ပြော​နိုင်​မည် အ​ကြောင်း​နှင့်၊ မိ​မိ​ကို မ​ကိုး​ကွယ်​သော​သူ ရှိ​သ​မျှ​တို့​ကို သတ်​ခြင်း​ငှာ ပြု​နိုင်​မည်​အ​ကြောင်း၊ ရုပ်​တု၌ အ​သက်​ကို သွင်း​ပေး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။- ငွေ​ရ​တတ်​သော​သူ၊ ဆင်း​ရဲ​သော​သူ၊ ကျွန်​ခံ​ရ​သော​သူ၊ လွတ်​သော​သူ၊ အ​ကြီး​အ​ငယ် ရှိ​သ​မျှ​တို့​သည် လက်​ယာ​လက်၌​ဖြစ်​စေ၊ န​ဖူး၌​ဖြစ်​စေ၊ တံ​ဆိပ်​လက်​မှတ်​ကို ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ထို​တံ​ဆိပ်​လက်​မှတ်​တည်း​ဟူ​သော သား​ရဲ၏ နာ​မ​ဖြစ်​စေ၊ နာ​မ၏ အ​ရေ​အ​တွက်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို မ​ခံ​သော​သူ​တစ်​ယောက်​မျှ မ​ရောင်း​မ​ဝယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်၏။- ဤ​အ​ရာ၌ ပ​ညာ​ရှိ၏။ ဉာဏ်​ရှိ​သော​သူ​သည် သား​ရဲ၏​အ​ရေ​အ​တွက်​ကို ရေ​တွက်​စေ။ လူ၏ အ​ရေ​အ​တွက်​ဖြစ်၏။ ခြောက်​ရာ​ခြောက်​ဆယ်​ခြောက်​လည်း ဖြစ်၏။

ဗျာဒိတ် 13:4-18 Common Language Bible (BCL)

န​ဂါး​သည်​မိ​မိ​၏​အာ​ဏာ​ကို​သား​ရဲ​အား အပ်​နှင်း​ပေး​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​န​ဂါး ကို​ကိုး​ကွယ်​ကြ​၏။ လူ​တို့​က``ဤ​သား​ရဲ​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ သူ့​အား​အ​ဘယ် သူ​ဆိုင်​ပြိုင်​တိုက်​ခိုက်​နိုင်​ပါ​သ​နည်း'' ဟု​ဆို လျက်​သား​ရဲ​ကို​လည်း​ရှိ​ခိုး​ကြ​၏။ ထို​သား​ရဲ​သည်​ကြွား​ဝါ​၍​ဘု​ရား​သ​ခင်​အား ပြစ်​မှား​ပြော​ဆို​ခွင့်​ကို​လည်း​ကောင်း၊ လေး​ဆယ့် နှစ်​လ​ပတ်​လုံး​အုပ်​စိုး​ပိုင်​ခွင့်​ကို​လည်း​ကောင်း ရ​ရှိ​ထား​၏။- သူ​သည်​ဘု​ရား​သ​ခင်​နှင့်​ကိုယ်​တော်​၏​နာ​မ တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်း​ဝပ်​တော် မူ​ရာ​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​တွင်​စံ​စား သူ​တို့​ကို​လည်း​ကောင်း​ပြစ်​မှား​ပြော​ဆို​ရန် မိ​မိ​၏​နှုတ်​ကို​ဖွင့်​လေ​၏။- သူ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား​တိုက် ခိုက်​၍ အ​နိုင်​ရ​ခွင့်​နှင့်​တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ အ​မျိုး​အ​နွယ်​ခပ်​သိမ်း​အား အုပ်​စိုး​ပိုင်​ခွင့်​ကို လည်း​ရ​ရှိ​ပေ​သည်။- အ​သေ​သတ်​ခြင်း​ခံ​ရ​သည့်​သိုး​သူ​ငယ်​တော် ၏​အ​သက်​စာ​စောင်​တွင် ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မ​မူ​မီ​က​ပင် စာ​ရင်း​ဝင်​သူ​တို့​မှ တစ်​ပါး​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ထို​သား​ရဲ​အား​ရှိ​ခိုး​ကြ​လိမ့်​မည်။ ``ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ပါ​စေ။- အ​ဖမ်း​ခံ​ရ​မည့်​သူ​သည်​အ​ဖမ်း​ခံ​ရ​မည် သာ​ဖြစ်​သည်။ ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည့်​သူ​သည် လည်း​ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည်​သာ​ဖြစ်​၏။ ဤ အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​သည်​တည်​ကြည်​သူ​များ၊ သစ္စာ​ရှိ​သူ များ​ဖြစ်​ရန်​လို​ပေ​သည်။ ထို​နောက်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​ငါ​မြင် ရ​၏။ သူ​သည်​မြေ​ကြီး​ထဲ​မှ​ထွက်​လာ​၏။ သူ့ မှာ​သိုး​ချို​နှင့်​တူ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​၏။ သူ​သည်​န​ဂါး​ကဲ့​သို့​စ​ကား​ပြော​၏။- သူ​သည်​ပ​ထ​မ​သား​ရဲ​၏​အာ​ဏာ​ရှိ​သ​မျှ ကို​ထို​သား​ရဲ​၏​ရှေ့​တွင်​သုံး​စွဲ​၏။ သူ​သည် သေ​လောက်​သည့်​ဒဏ်​ရာ​ပျောက်​ကင်း​သွား​သည့် ပ​ထ​မ​သား​ရဲ​ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​ကိုး​ကွယ်​စေ​၏။- ဒု​တိ​ယ​သား​ရဲ​သည်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​၏။ လူ​အ​ပေါင်း​တို့​မျက်​မှောက် ၌​ကောင်း​ကင်​မှ​ကမ္ဘာ​မြေ​ပေါ်​သို့​မီး​များ ကျ​လာ​စေ​၏။- သူ​သည်​ပ​ထ​မ​သား​ရဲ​၏​ရှေ့​၌​ပြ​ပိုင်​ခွင့် ရှိ​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​၍ ကမ္ဘာ သူ​ကမ္ဘာ​သား​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ လေ​သည်။ ဋ္ဌား​ဒဏ်​ရာ​ကို​ရ​ရှိ​သော်​လည်း မ​သေ​ဘဲ​ရှင်​နေ​သူ​ထို​သား​ရဲ​အား ရို​သေ ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့်​သူ​၏​ရုပ်​တု​ကို​ပြု လုပ်​ရန်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​စေ​ခိုင်း ၏။- ထို​ရုပ်​တု​သည်​စ​ကား​ပြော​နိုင်​ရန်​လည်း ကောင်း၊ မိ​မိ​အား​မ​ရှိ​ခိုး​သူ​အ​ပေါင်း​တို့ အား​သေ​စေ​နိုင်​ရန်​လည်း​ကောင်း ဒု​တိ​ယ သား​ရဲ​သည်​ထို​ရုပ်​တု​ကို​အ​သက်​သွင်း ပေး​ခွင့်​ကို​လည်း​ရ​၏။- ထို​သား​ရဲ​သည်​ကြီး​မြတ်​သူ​နှင့်​သိမ်​ငယ်​သူ၊ ချမ်း​သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ကျွန်​နှင့်​ကျွန်​မ ဟုတ်​သူ​ရှိ​ရှိ​သ​မျှ​သော​လူ​တို့​အား​လက် ယာ​လက်​တွင်​ဖြစ်​စေ၊ န​ဖူး​တွင်​ဖြစ်​စေ​မိ​မိ ၏​အ​မှတ်​တံ​ဆိပ်​ရိုက်​နှိပ်​ထား​စေ​၏။- ထို​အ​မှတ်​တံ​ဆိပ်​တည်း​ဟူ​သော​သား​ရဲ​၏ နာ​မည် သို့​မ​ဟုတ်​ကိုယ်​စား​ပြု​သည့်​ကိန်း ဂ​ဏန်း​ကို ရိုက်​နှိပ်​ထား​သူ​မှ​တစ်​ပါး​အ​ဘယ် သူ​မျှ​ကုန်​ရောင်း​ကုန်​ဝယ်​ခွင့်​မ​ရ။ ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​ဉာဏ်​ပညာ​ရှိ​ရန်​လို ပေ​သည်။ ဉာဏ်​ပ​ညာ​ရှိ​သူ​သည်​သား​ရဲ​၏ ကိန်း​ဂ​ဏန်း​အ​နက်​ကို​တွက်​ချက်​ကြည့်​နိုင် ၏။ ထို​ကိန်း​ဂ​ဏန်း​သည်​လူ​တစ်​ယောက်​၏ နာ​မည်​ကို​ကိုယ်​စား​ပြု​၏။ ထို​ကိန်း​ဂ​ဏန်း မှာ​ခြောက်​ရာ​ခြောက်​ဆယ့်​ခြောက်​ဖြစ် သ​တည်း။

ဗျာဒိတ် 13:4-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ပြင် နဂါး​သည် သားရဲ​အား အခွင့်​အာဏာ​ကို​ပေးအပ်​သဖြင့် သူ​တို့​သည် နဂါး​ကို​ကိုးကွယ်​ကြ​၏။ သူ​တို့​က “မည်သူ​သည် သားရဲ​နှင့်​တူ​သနည်း။ မည်သူ​သည် သူ့​ကို တိုက်ခိုက်​နိုင်​သနည်း”​ဟု ဆို​လျက် သားရဲ​ကို​လည်း​ကိုးကွယ်​ကြ​၏။ ထို​သားရဲ​သည် လေလုံးထွား​၍ ဘုရားသခင်​ကို​စော်ကား​ပြောဆို​တတ်​သော​နှုတ်​ကို​ရရှိ​လျက် လေးဆယ့်​နှစ်​လ​တိုင်တိုင် အာဏာ​လွှမ်း​ရ​သော​အခွင့်​ကို​ရရှိ​၏။ ထိုအခါ သူ​သည် မိမိ​နှုတ်​ကို​ဖွင့်​၍ ဘုရားသခင်​ကို​စော်ကား​သော​စကား​များ​ပြောဆို​လျက် ကိုယ်တော်​၏​နာမ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​တဲ​တော်​ကို​လည်းကောင်း၊ ကောင်းကင်​၌​စံမြန်း​သော​သူ​တို့​ကို​လည်းကောင်း စော်ကား​ပြောဆို​လေ​၏။ သူ​သည် သန့်ရှင်း​သူ​တို့​ကို​စစ်တိုက်​၍ အောင်နိုင်​သော​အခွင့်​ကို​ရရှိ​ပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာ​စကား​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​မှ​လူတို့​အား အုပ်စိုး​ရ​သော​အခွင့်​ကို​လည်း​ရရှိ​၏။ အသေ​သတ်​ခြင်း​ခံရ​သည့် သိုးသငယ်​တော်​၏​အသက်​စာစောင်​၌ ကမ္ဘာဦး​မှစ၍ အမည်​မ​ရေး​ထား​သော ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သူ​အားလုံး​တို့​သည် ထို​သားရဲ​ကို ကိုးကွယ်​ကြ​လိမ့်မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည့်​သူ​သည် ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည်​ဖြစ်​၏။ ဓား​ဖြင့်​အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​သည် ဓား​ဖြင့်​အသေ​သတ်​ခြင်း​ကို​ခံရ​မည်​ဖြစ်​၏။ ဤ​နေရာ​တွင် သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​နှင့်​သစ္စာစောင့်​ခြင်း​တို့​ရှိ​ကြ​၏။ ထို့နောက် မြေကြီး​ထဲမှ​ထွက်​လာ​သော အခြား​သားရဲ​တစ်​ကောင်​ကို ငါ​မြင်​ရ​၏။ သူ​သည် သိုးသငယ်​၏​ဦးချို​နှင့်​တူ​သော ဦးချို​နှစ်​ချောင်း​ရှိ​၍ နဂါး​ကဲ့သို့​စကား​ပြော​၏။ ထို​သားရဲ​သည် ပထမ​သားရဲ​၏​အာဏာ​ရှိသမျှ​ကို သူ​၏​ရှေ့မှောက်​၌​သုံးစွဲ​ပြီး ကမ္ဘာ​မြေကြီး​မှစ၍ ၎င်း​ပေါ်တွင်​နေထိုင်​သော​သူ​တို့​အား သေ​စေ​သော​ဒဏ်ရာ​ပျောက်ကင်း​သွား​သည့် ပထမ​သားရဲ​ကို ကိုးကွယ်​စေ​၏။ ထိုမှတစ်ပါး ကြီးမား​သော​နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် လူ​တို့​ရှေ့​တွင် ကောင်းကင်​မှ မြေကြီး​ပေါ်သို့ မီး​ကို​ပင် ကျ​လာ​စေ​၏။ သူ​သည် ပထမ​သားရဲ​ရှေ့​၌ ပြု​ခွင့်​ရရှိ​ထား​သော​နိမိတ်​လက္ခဏာ​များ​အားဖြင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​အားလုံး​တို့​ကို​လှည့်ဖြား​၍ ဓား​ဒဏ်ရာ​ရှိ​သော်လည်း အသက်ရှင်​ခဲ့​သော​သားရဲ​၏​ရုပ်တု​ကို​ပြုလုပ်​ရန် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​အား​စေခိုင်း​၏။ တစ်ဖန် သားရဲ​၏​ရုပ်တု​သည် စကား​ပြော​နိုင်​ရန်​နှင့် သားရဲ​၏​ရုပ်တု​ကို​မ​ကိုးကွယ်​သော​သူ​ရှိသမျှ​တို့​ကို သတ်ဖြတ်​စေရန် ထို​သားရဲ​၏​ရုပ်တု​အား အသက်​သွင်း​ပေး​နိုင်​သော​အခွင့်​ကို ရရှိ​လေ​၏။ ထို့ပြင် လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ၊ ချမ်းသာ​သော​သူ​ဖြစ်စေ၊ ဆင်းရဲ​သော​သူ​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လူ​အပေါင်း​တို့​အား သူ​တို့​၏​လက်ယာ​လက်​ပေါ်၌​၊ သို့မဟုတ် နဖူး​ပေါ်၌ အမှတ်တံဆိပ်​ကို​ရိုက်နှိပ်​စေ​၍ သားရဲ​၏​အမည်​၊ သို့မဟုတ် သူ့​အမည်​၏​ကိန်းဂဏန်း​ဖြစ်​သည့် ထို​အမှတ်တံဆိပ်​မ​ရှိ​လျှင် မည်သူမျှ အရောင်း​အဝယ်​မ​ပြု​နိုင်​ရန်​စီရင်​လေ​၏။ ဤ​နေရာ​တွင် ဉာဏ်ပညာ​ရှိ​ရန်​လို​အပ်​၏။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​သည် သားရဲ​၏​ကိန်းဂဏန်း​ကို​တွက်ချက်​ပါစေ။ အကြောင်းမူကား ၎င်း​သည် လူ​တစ်​ဦး​၏​ကိန်းဂဏန်း​ဖြစ်​ပြီး ထို​ကိန်းဂဏန်း​မှာ ခြောက်ရာ​ခြောက်ဆယ့်​ခြောက်​ဖြစ်​၏။