YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 13:1-4

ဗျာဒိတ် 13:1-4 Judson Bible (JBMLE)

ပင်​လယ်​နား၌ သဲ​ပေါ်​မှာ ငါ​ရပ်၍၊ သား​ရဲ တစ်​ကောင်​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ချို​ပေါ်၌ သ​ရ​ဖူ​ဆယ်​ဆူ​ကို ဆောင်း​လျက်၊ ခေါင်း​ပေါ်၌​လည်း ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​ရှိ​လျက်၊ ပင်​လယ်​ထဲ​က​တက်​သည်​ကို မြင်၏။- ထို​သို့ ငါ​မြင်​သော​သား​ရဲ​သည် ကျား​သစ်​နှင့် တူ၏။ သူ၏​ခြေ​သည် ဝံ​ခြေ​ကဲ့​သို့​ဖြစ်၏။ သူ၏​နှုတ်​သည်​လည်း ခြင်္သေ့​နှုတ်​ကဲ့​သို့​ဖြစ်၏။ န​ဂါး​သည် မိ​မိ​တန်​ခိုး​နှင့် မိ​မိ​ပ​လ္လင်​ကို​လည်း​ကောင်း၊ ကြီး​စွာ​သော အာ​ဏာ​စက်​ကို​လည်း​ကောင်း သား​ရဲ၌ အပ်​ပေး၏။- သား​ရဲ၏ ခေါင်း​တစ်​လုံး​သည် သေ​အောင် ကွပ်​မျက်​ပြီး​သ​ကဲ့​သို့ ဖြစ်၍၊ သေ​စေ​သော​ဒဏ်​ချက်​သည် ပျောက်​လျက်​ရှိ၏။ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သား​ရဲ​နောက်​သို့ လိုက်၍ အံ့​ဩ​ကြ၏။- ထို​သား​ရဲ၌ အာ​ဏာ​စက်​ကို အပ်​ပေး​သော န​ဂါး​ကို ကိုး​ကွယ်​ကြ၏။ သား​ရဲ​ကို​လည်း ကိုး​ကွယ်၍၊ အ​ဘယ်​သူ​သည် သား​ရဲ​နှင့်​တူ​သ​နည်း။ အ​ဘယ်​သူ​သည် သူ့​ကို​စစ်​ပြိုင်​နိုင်​သ​နည်း​ဟု ပြော​ဆို​ကြ၏။

ဗျာဒိတ် 13:1-4 Common Language Bible (BCL)

ထို​နောက်​ပင်​လယ်​ထဲ​မှ​ဦး​ချို​ဆယ်​ချောင်း နှင့်​ဦး​ခေါင်း​ခု​နစ်​လုံး​ရှိ​သော သား​ရဲ​တစ် ကောင်​တက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​၏ ဦး​ချို​တစ်​ချောင်း​စီ​တွင်​သ​ရ​ဖူ​ဆောင်း​ထား ၏။ သူ​၏​ဦး​ခေါင်း​တစ်​လုံး​စီ​ပေါ်​၌​လည်း ဘု​ရား​သ​ခင်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ သည့်​အ​မည်​နာ​မ​ကို​ရေး​သား​ထား​၏။- ငါ​မြင်​ရ​သည့်​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ ၏။ သူ​၏​ခြေ​တို့​သည်​ဝက်​ဝံ​ခြေ​များ​နှင့်​တူ​၍ သူ​၏​နှုတ်​သည်​ခြင်္သေ့​၏​နှုတ်​နှင့်​တူ​၏။ န​ဂါး သည်​မိ​မိ​၏​တန်​ခိုး​နှင့်​မိ​မိ​၏​ပလ္လင်​ကို​လည်း ကောင်း၊ ကြီး​မား​သော​အာ​ဏာ​စက်​ကို​လည်း ကောင်း​ထို​သား​ရဲ​အား​ပေး​အပ်​၏။- သူ​၏​ဦး​ခေါင်း​တစ်​လုံး​မှာ​သေ​လောက်​သည့် ဒဏ်​ရာ​ရ​ထား​သ​ကဲ့​သို့​ရှိ​သော်​လည်း ထို ဒဏ်​ရာ​မှာ​ပျောက်​ကင်း​လျက်​နေ​လေ​ပြီ။ ကမ္ဘာ သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ထို​သား​ရဲ အား​အံ့​သြ​လျက်​သူ​၏​နောက်​သို့​လိုက်​ကြ ကုန်​၏။- န​ဂါး​သည်​မိ​မိ​၏​အာ​ဏာ​ကို​သား​ရဲ​အား အပ်​နှင်း​ပေး​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​န​ဂါး ကို​ကိုး​ကွယ်​ကြ​၏။ လူ​တို့​က``ဤ​သား​ရဲ​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ သူ့​အား​အ​ဘယ် သူ​ဆိုင်​ပြိုင်​တိုက်​ခိုက်​နိုင်​ပါ​သ​နည်း'' ဟု​ဆို လျက်​သား​ရဲ​ကို​လည်း​ရှိ​ခိုး​ကြ​၏။

ဗျာဒိတ် 13:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဦးချို​ဆယ်​ချောင်း​နှင့် ခေါင်း​ခုနစ်​လုံး​ရှိ​သော​သားရဲ​တစ်​ကောင်​သည် ပင်လယ်​ထဲမှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ဦးချို​များ​ပေါ်တွင် သရဖူ​ဆယ်​ခု​ရှိ​၍ ၎င်း​၏​ခေါင်း​များ​ပေါ်တွင် ဘုရားသခင်​ကို​စော်ကား​သော​အမည်​နာမ​များ​ရှိ​၏။ ငါ​မြင်​ရ​သော​ထို​သားရဲ​သည် ကျားသစ်​နှင့်​တူ​၏။ သူ​၏​ခြေ​သည် ဝက်ဝံ​ခြေ​ကဲ့သို့​ဖြစ်​ပြီး သူ​၏​ပါးစပ်​သည် ခြင်္သေ့​ပါးစပ်​ကဲ့သို့​ဖြစ်​၏။ နဂါး​သည် မိမိ​၏​တန်ခိုး၊ မိမိ​၏​ပလ္လင်​နှင့် ကြီးမား​သော​အခွင့်​အာဏာ​ကို သူ့​အား​ပေးအပ်​လေ​၏။ ထို​သားရဲ​၏​ခေါင်း​တစ်​လုံး​သည် သေ​အောင်​သတ်ဖြတ်​ခြင်း​ခံရ​ပြီး​သကဲ့သို့​ဖြစ်​သော်လည်း ထို​သေ​စေ​သော​ဒဏ်ရာ​သည် ပျောက်ကင်း​သွား​လေ​၏။ ထိုအခါ တစ်ကမ္ဘာလုံး​သည်​အံ့ဩ​လျက် ထို​သားရဲ​နောက်သို့​လိုက်​ကြ​၏။ ထို့ပြင် နဂါး​သည် သားရဲ​အား အခွင့်​အာဏာ​ကို​ပေးအပ်​သဖြင့် သူ​တို့​သည် နဂါး​ကို​ကိုးကွယ်​ကြ​၏။ သူ​တို့​က “မည်သူ​သည် သားရဲ​နှင့်​တူ​သနည်း။ မည်သူ​သည် သူ့​ကို တိုက်ခိုက်​နိုင်​သနည်း”​ဟု ဆို​လျက် သားရဲ​ကို​လည်း​ကိုးကွယ်​ကြ​၏။