YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 13:1-4

ဗျာဒိတ်ကျမ်း 13:1-4 MSBU

ထို့နောက် ဦးချို​ဆယ်​ချောင်း​နှင့် ခေါင်း​ခုနစ်​လုံး​ရှိ​သော​သားရဲ​တစ်​ကောင်​သည် ပင်လယ်​ထဲမှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ဦးချို​များ​ပေါ်တွင် သရဖူ​ဆယ်​ခု​ရှိ​၍ ၎င်း​၏​ခေါင်း​များ​ပေါ်တွင် ဘုရားသခင်​ကို​စော်ကား​သော​အမည်​နာမ​များ​ရှိ​၏။ ငါ​မြင်​ရ​သော​ထို​သားရဲ​သည် ကျားသစ်​နှင့်​တူ​၏။ သူ​၏​ခြေ​သည် ဝက်ဝံ​ခြေ​ကဲ့သို့​ဖြစ်​ပြီး သူ​၏​ပါးစပ်​သည် ခြင်္သေ့​ပါးစပ်​ကဲ့သို့​ဖြစ်​၏။ နဂါး​သည် မိမိ​၏​တန်ခိုး၊ မိမိ​၏​ပလ္လင်​နှင့် ကြီးမား​သော​အခွင့်​အာဏာ​ကို သူ့​အား​ပေးအပ်​လေ​၏။ ထို​သားရဲ​၏​ခေါင်း​တစ်​လုံး​သည် သေ​အောင်​သတ်ဖြတ်​ခြင်း​ခံရ​ပြီး​သကဲ့သို့​ဖြစ်​သော်လည်း ထို​သေ​စေ​သော​ဒဏ်ရာ​သည် ပျောက်ကင်း​သွား​လေ​၏။ ထိုအခါ တစ်ကမ္ဘာလုံး​သည်​အံ့ဩ​လျက် ထို​သားရဲ​နောက်သို့​လိုက်​ကြ​၏။ ထို့ပြင် နဂါး​သည် သားရဲ​အား အခွင့်​အာဏာ​ကို​ပေးအပ်​သဖြင့် သူ​တို့​သည် နဂါး​ကို​ကိုးကွယ်​ကြ​၏။ သူ​တို့​က “မည်သူ​သည် သားရဲ​နှင့်​တူ​သနည်း။ မည်သူ​သည် သူ့​ကို တိုက်ခိုက်​နိုင်​သနည်း”​ဟု ဆို​လျက် သားရဲ​ကို​လည်း​ကိုးကွယ်​ကြ​၏။