ဗျာဒိတ် 12:4-12
ဗျာဒိတ် 12:4-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးပုံတစ်ပုံကိုဆွဲ၍ မြေကြီးပေါ်သို့ပစ်ချလိုက်၏။ ထိုနဂါးသည် သားဖွားတော့မည့်အမျိုးသမီးရှေ့၌ရပ်လျက် သားဖွားသောအခါ သူ၏သားကိုဝါးမျိုရန်စောင့်နေ၏။ ထိုအမျိုးသမီးသည် လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့်အုပ်ထိန်းရမည့် သားယောက်ျားကိုဖွားမြင်၏။ ထိုသားသည် ဘုရားသခင်အထံတော်သို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီဆောင်ခြင်းကိုခံရ၏။ ထိုအမျိုးသမီးသည်လည်း တောကန္တာရထဲသို့ ထွက်ပြေးလေ၏။ ထိုအရပ်၌ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် သူ့ကိုကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်ပြင်ဆင်ထားတော်မူသော နေရာတစ်နေရာရှိ၏။ ထို့နောက် ကောင်းကင်၌ စစ်ဖြစ်လေ၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့်တိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏စေတမန်တို့သည် ပြန်လည်တိုက်ခိုက်ကြသော်လည်း အနိုင်မရကြ။ ကောင်းကင်၌လည်း သူတို့အတွက်နေရာမရှိတော့ပေ။ ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။ ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။ ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။ သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ဗျာဒိတ် 12:4-12 Judson Bible (JBMLE)
သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။- ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတ္တံ့သော သားယောက်ျားကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။- မိန်းမသည် အရက်တစ်ထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။- ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။- ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။- သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။- ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။
ဗျာဒိတ် 12:4-12 Common Language Bible (BCL)
သူသည်မိုးကောင်းကင်ကကြယ်တာရာသုံးပုံ တစ်ပုံကို မိမိအမြီးဖြင့်ဆွဲငင်ကာကမ္ဘာမြေ ပေါ်သို့ပစ်ချလိုက်၏။ နဂါးကြီးသည်သားဖွား အံ့ဆဲဆဲဖြစ်သောအမျိုးသမီး၏ရှေ့တွင် ရပ်လျက် ထိုအမျိုးသမီးသားဖွားသည်နှင့် တစ်ပြိုင်နက်သားငယ်ကိုစားမျိုရန်စောင့် ၍နေ၏။- ထိုနောက်ထိုအမျိုးသမီးသည်လူမျိုးတကာ တို့ကို သံလှံတံဖြင့်အုပ်စိုးမည့်သားယောကျာ်း ကိုဖွားမြင်လေသည်။ သို့ရာတွင်ထိုသားငယ် သည်သူ၏မိခင်ထံမှဘုရားသခင်စံတော် မူရာပလ္လင်တော်သို့ချီယူခြင်းကိုခံရ၏။- အမျိုးသမီးသည်တောကန္တာရတွင်ဘုရား သခင်ပြင်ဆင်ထားတော်မူသောအရပ်သို့ ထွက်ပြေးလေ၏။ ထိုအရပ်တွင်သူသည်ရက် ပေါင်း ၁၂၆၀ အထိပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။ ထိုနောက်ကောင်းကင်၌စစ်ဖြစ်လေသည်။ မိက္ခေလ နှင့်သူ၏ကောင်းကင်တမန်များသည် နဂါး ကိုတိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏ဘက်သား ကောင်းကင်တမန်တို့ကပြန်လှန်တိုက်ခိုက် ကြသော်လည်း၊- အရေးရှုံးနိမ့်သွားကြ၏။ သူတို့သည်ကောင်း ကင်တွင်နေရန်အခွင့်မရကြတော့ချေ။- ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။ ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။- ငါတို့၏ညီအစ်ကိုများသည်သိုးသူငယ် တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိ တို့ဟောပြောကြေညာသည့်နှုတ်ကပတ် တရားတော်အားဖြင့်လည်းကောင်းစာတန် ကိုအောင်မြင်ခဲ့ကြ၏။ သူတို့သည်အသေ ခံသည်တိုင်အောင်မိမိတို့အသက်ကို မနှမြောကြ။- သို့ဖြစ်၍အချင်းမိုးကောင်းကင်နှင့်ကောင်းကင် သားတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ ကုန်းမြေ နှင့်ပင်လယ်တို့အတွက်အမင်္ဂလာဖြစ်ပါသည် တကား။ အဘယ်ကြောင့်ဆိုသော်နတ်မိစ္ဆာဘုရင် သည် မိမိ၏နေ့ရက်ကာလအနည်းငယ်သာ ကျန်ရှိသည်ကိုသိသဖြင့်ပြင်းစွာအမျက် ထွက်လျက် သင်တို့ထံသို့ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း'' ဟုပြောသည်ကို ငါကြားရ၏။