သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။- ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတ္တံ့သော သားယောက်ျားကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။- မိန်းမသည် အရက်တစ်ထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။- ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။- ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။- သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။- ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။
ဗျာဒိတ် 12 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 12:4-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ