YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 11:1-14

ဗျာဒိတ် 11:1-14 Judson Bible (JBMLE)

တစ်​ဖန် လှံ​တံ​နှင့်​တူ​သော ကျူ​ပင်​တစ်​လုံး​ကို ငါ့​အား​ပေး၍ ငါ့​ကို ပြော​ဆို​သည်​ကား၊ ထ​လော့။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​နှင့်​ယဇ်​ပ​လ္လင်​ကို တိုင်း​လော့။ ဗိ​မာန်​တော်၌ ကိုး​ကွယ်​သော သူ​တို့​ကို​လည်း ရေ​တွက်​လော့။- ဗိ​မာန်​တော်​တံ​တိုင်း​ကို မ​တိုင်း​နှင့်၊ ပယ်​ထား​လော့။ တစ်​ပါး​အ​မျိုး​သား​တို့၌ အပ်​ပေး​ပြီ။ သူ​တို့​သည် သန့်​ရှင်း​သော မြို့​တော်​ကို၊ လ လေး​ဆယ်​နှစ်​လ​ပတ်​လုံး နင်း​ကြ​လိမ့်​မည်။- ငါ၏​သက်​သေ​ခံ​နှစ်​ပါး​ကို ငါ​အ​ခွင့်​ပေး​မည်။ သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​ပတ်​လုံး ပ​ရော​ဖက်​ပြု​ကြ​လိမ့်​မည်။- ထို​သူ​တို့​သည်​ကား၊ မြေ​ကြီး​အ​ရှင်၏ ရှေ့​တော်၌ စိုက်​ထား​သော သံ​လွင်​ပင်​နှစ်​ပင်​နှင့် မီး​ခွက်​နှစ်​လုံး ဖြစ်​သ​တည်း။- တစ်​စုံ​တစ်​ယောက်​သော သူ​သည် သူ​တို့​ကို ညှဥ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သူ​တို့၏ ခံ​တွင်း​ထဲ​က​မီး​ထွက်၍ ရန်​သူ​တို့​ကို မျို​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော သူ​သည် ထို​သူ​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ ထို​သို့​အ​သေ သတ်​ခြင်း​ကို ခံ​ရ​မည်။- ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။ သူ​တို့​သည် သက်​သေ​ခံ​ပြီး​သော​အ​ခါ၊ အ​နက်​ဆုံး​သော​တွင်း​ထဲ​က တက်​သော သား​ရဲ​သည် သူ​တို့​ကို စစ်​တိုက်၍ အောင်​လိမ့်​မည်။ အ​သက်​ကို​သတ်​ပြီး​မှ၊- သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။- အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​တို့​သည် သုံး​ရက်​ခွဲ​ပတ်​လုံး အ​လောင်း​ကောင်​တို့​ကို မြင်​ရ၍၊ သင်္ဂြိုဟ်​ခြင်း​ကို မြစ်​တား​ကြ​လိမ့်​မည်။- မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တို့​သည် ထို​အ​လောင်း​ကောင်​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်၍ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က ထို​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည် မြေ​ကြီး​ပေါ်​မှာ နေ​သော​သူ​တို့​ကို ပြင်း​စွာ နှောင့်​ယှက်​ညှဥ်း​ဆဲ​ကြ​သည်​ဟု ငါ့​အား ပြော​ဆို​လေ၏။- ထို​နောက် သုံး​ရက်​ခွဲ​လွန်​ပြီး​လျှင်၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​က အ​သက်​ဝိ​ညာဉ်​သည် သူ​တို့၌​ဝင်​သ​ဖြင့်၊ သူ​တို့​သည် မတ်​တတ်​ထ၍ မြင်​သ​မျှ​သော​သူ​တို့​သည် အ​လွန် ကြောက်​ရွံ့​ကြ၏။- ကောင်း​ကင်​က​ထွက်​သော အ​သံ​ကြီး​ကား၊ ဤ​အ​ရပ်​သို့ တက်​ကြ​လော့​ဟု မိ​မိ​တို့​အား ပြော​ဆို​သည်​ကို သူ​တို့​သည်​ကြား​လျှင်၊ မိုး​တိမ်​ဖြင့် ကောင်း​ကင်​သို့ တက်၍ ရန်​သူ​တို့​သည် မြင်​ကြ၏။- ထို​အ​ချိန်​နာ​ရီ၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း ဖြစ်၍၊ မြို့​ရိုး ဆယ်​စု​တစ်​စု​ပြို​လေ၏။ ထို​မြေ​လှုပ်​ခြင်း၌ လူ​ခု​နစ်​ထောင်​သေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် ကြောက်​ရွံ့၍ ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။- ဒု​တိ​ယ​အ​မင်္ဂ​လာ လွန်​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည် အ​လျင်​အ​မြန် လာ​လိမ့်​မည်။

ဗျာဒိတ် 11:1-14 Common Language Bible (BCL)

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား တိုင်း​တာ​ရန် ကူ​ရိုး​တစ်​ချောင်း​ကို​ပေး​ပြီး လျှင်``ထ​၍​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​နှင့် ယဇ်​ပလ္လင်​ကို​တိုင်း​လော့။ ထို​အ​ရပ်​တွင်​ဝတ် ပြု​ကိုး​ကွယ်​နေ​သူ​တို့​ကို​လည်း​ရေ​တွက် လော့။- ဗိမာန်​တော်​အြုပင်​တံ​တိုင်း​ကို​မ​တိုင်း​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​ကို​လူ​မျိုး ခြား​တို့​အား​ပေး​အပ်​ထား​သော​ကြောင့်​ဖြစ် ၏။ သူ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြို့ တော်​ကို​လေး​ဆယ်​နှစ်​လ​တိုင်​တိုင်​ခြေ​ဖြင့် နင်း​ကြ​လိမ့်​မည်။- ငါ​၏​သက်​သေ​ခံ​နှစ်​ပါး​အား​ငါ​စေ​လွှတ် မည်။ သူ​တို့​သည်​လျှော်​တေ​အ​ဝတ်​ကို​ဝတ်​၍ ရက်​ပေါင်း​တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​တိုင် တိုင် ဗျာ​ဒိတ်​တော်​ကို​ဟော​ကြား​ကြ​လိမ့် မည်'' ဟု​ဆို​၏။ ထို​သက်​သေ​ခံ​နှစ်​ပါး​ကား​ကမ္ဘာ​မြေ​ကြီး ကို​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌ ရှိ​သော​သံ​လွင်​ပင်​နှစ်​ပင်​နှင့်​မီး​ခွက်​နှစ် လုံး​တို့​ဖြစ်​၏။- တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​သက်​သေ ခံ​နှစ်​ပါး​အား​အန္တ​ရာယ်​ပြု​လျှင် သူ​တို့​၏​ခံ တွင်း​မှ​မီး​လျှံ​များ​ထွက်​၍​ထို​သူ့​ကို​ကျွမ်း လောင်​စေ​လေ​သည်။ သူ​တို့​အား​အန္တ​ရာယ်​ပြု ကြ​ရန်​ကြိုး​စား​သူ​မှန်​သ​မျှ​ပင် ဤ​နည်း အ​တိုင်း​သေ​ကြ​ရ​မည်​သာ​ဖြစ်​၏။- ထို​သူ​တို့​မှာ​ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော သည့်​အ​ချိန်​ကာ​လ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် မိုး​ကောင်း​ကင်​ကို​ပိတ်​နိုင်​သော​တန်​ခိုး​ရှိ​၏။ ရေ​ကို​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင် သော​တန်​ခိုး​လည်း​ရှိ​၏။ သူ​တို့​သည်​မိ​မိ တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​ကမ္ဘာ​မြေ​ကြီး ကို​ဘေး​ဒဏ်​အ​မျိုး​မျိုး​သင့်​စေ​နိုင်​၏။- သို့​ရာ​တွင်​သူ​တို့​ဟော​ပြော​ကြေ​ညာ​သည့် အ​လုပ်​ပြီး​စီး​သော​အ​ခါ​၌ တွင်း​နက်​ကြီး ထဲ​မှ​သား​ရဲ​သည်​တက်​လာ​၍​သူ​တို့​အား တိုက်​ခိုက်​အောင်​မြင်​သတ်​ဖြတ်​ပစ်​လိမ့်​မည်။- သူ​တို့​၏​အ​လောင်း​များ​သည်​မြို့​ကြီး​များ ၏​လမ်း​ပေါ်​တွင်​ကျန်​ရစ်​ကြ​လိမ့်​မည်။ ထို​မြို့ ကား​သူ​တို့​၏​အ​ရှင်​သ​ခင်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​အ​သတ်​ခံ​ရာ​မြို့​ဖြစ်​၏။ ယင်း​မြို့ သည် သော​ဒုံ​မြို့​သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​ကို သ​ရုပ်​ဆောင်​သော​မြို့​ဖြစ်​သ​တည်း။- တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို ပြော​ကြ​သော​လူ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် သူ​တို့​၏​အ​လောင်း​များ​ကို သင်္ဂြိုဟ်​ရန်​ခွင့်​မ​ပြု​ဘဲ သုံး​ရက်​ခွဲ​တိုင်​အောင် ကြည့်​နေ​ကြ​လိမ့်​မည်။- ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။- ထို​နောက်​သုံး​ရက်​ခွဲ​ကြာ​သော​အ​ခါ​ဘု​ရား သခင်​၏​ထံ​တော်​မှ​အ​သက်​ဝိ​ညာဉ်​သည် ထို​သူ တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့်​သူ​တို့​သည်​ထ​၍ မတ်​တတ်​ရပ်​ကြ​၏။ ဤ​အ​ချင်း​အ​ရာ​ကို တွေ့​မြင်​သူ​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် လည်း​ထိတ်​လန့်​ကြ​ကုန်​၏။- ထို​နောက်​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်``ဤ​အ​ရပ် သို့​တက်​ခဲ့​လော့'' ဟု​ကောင်း​ကင်​မှ​မိ​မိ​တို့ အား​ကျယ်​စွာ​ပြော​သော​အ​သံ​ကို​ကြား​ကြ ရ​၏။ သူ​တို့​သည်​ရန်​သူ​များ​စောင့်​ကြည့်​နေ စဉ် မိုး​တိမ်​တိုက်​ကို​စီး​၍​ကောင်း​ကင်​သို့​တက် သွား​ကြ​၏။- ထို​ခ​ဏ​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​သ​ဖြင့် မြို့​ကြီး​၏​ဆယ်​ပုံ​တစ်​ပုံ​ပျက်​စီး​၍​လူ​ပေါင်း ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ တို့​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ကုန်​၏။ ဒု​တိ​ယ​အ​မင်္ဂလာ​ကား​ကုန်​လွန်​သွား​လေ​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည်​မ​ကြာ​မီ​လာ လိမ့်​မည်။

ဗျာဒိတ် 11:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် တောင်ဝှေး​နှင့်​တူ​သော တိုင်းတာ​စရာ​ကျူရိုး​တစ်​ချောင်း​ကို ငါ့​အား​ပေး​ပြီးလျှင် “ထ​၍ ဘုရားသခင်​၏​ဗိမာန်​တော်​နှင့် ယဇ်ပလ္လင်​တို့​ကို​တိုင်းတာ​ပြီး ထို​နေရာ​၌ ဝတ်ပြု​ကိုးကွယ်​နေ​သော​သူ​တို့​ကို ရေတွက်​လော့။ သို့သော် ဗိမာန်​တော်​၏​အပြင်​ဘက်​၌​ရှိ​သည့်​တံတိုင်း​သည် လူမျိုးခြား​တို့​အား​ပေး​ထား​သည်​ဖြစ်၍ ၎င်း​ကို​မ​တိုင်း​ဘဲ​ချန်ထား​လော့။ ထို​သူ​တို့​သည် သန့်ရှင်း​သော​မြို့​တော်​ကို လေးဆယ့်​နှစ်​လ​တိုင်တိုင် နင်းချေ​ကြ​လိမ့်မည်။ ထိုအခါ ငါ​သည် ငါ​၏​သက်သေ​နှစ်​ပါး​တို့​အား အခွင့်​ပေး​သဖြင့် သူ​တို့​သည် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ​ခြောက်ဆယ်​တိုင်တိုင် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်”​ဟု ဆို​၏။ ဤ​သူ​တို့​သည် ကမ္ဘာ​မြေကြီး​၏​အရှင်​သခင်​ရှေ့​တော်​၌​ရှိ​သော သံလွင်​ပင်​နှစ်​ပင်​နှင့် ဆီမီးခုံ​နှစ်​ခု​ဖြစ်​ကြ​၏။ တစ်စုံတစ်ယောက်​သည် သူ​တို့​ကို​အန္တရာယ်​ပြု​လို​ပါက သူ​တို့​၏​ခံတွင်း​ထဲမှ မီး​ထွက်လာ​၍ သူ​တို့​၏​ရန်သူ​များ​ကို လောင်ကျွမ်း​စေ​မည်​ဖြစ်​၏။ တစ်စုံတစ်ယောက်​သည် သူ​တို့​ကို​အန္တရာယ်​ပြု​လို​ပါက ထို​သူ​သည် ထိုနည်းအတိုင်း​အသေ​သတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​၏။ သူ​တို့​ပရောဖက်ပြု​ဟောပြော​သည့်​နေ့ရက်​များ​အတွင်း မိုး​မ​ရွာ​စေရန် ကောင်းကင်​ကို ပိတ်​ထား​နိုင်​သည့်​အခွင့်​ရှိ​ပြီး ရေ​ကို​သွေး​အဖြစ်​သို့ ပြောင်းလဲ​စေ​နိုင်​သော​အခွင့်​မှစ၍ သူ​တို့​အလိုရှိ​သည့်အခါ​တိုင်း ကမ္ဘာ​မြေကြီး​ကို ဘေးဒဏ်​အမျိုးမျိုး​ဖြင့် ဒဏ်ခတ်​နိုင်​သော​အခွင့်​များ​ရှိ​ကြ​၏။ သူ​တို့​သက်သေခံ​ပြီး​သောအခါ အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲမှ တက်​လာ​သော​သားရဲ​သည် သူ​တို့​နှင့်​စစ်တိုက်​၍ အောင်မြင်​ပြီး သူ​တို့​ကို​သတ်ဖြတ်​လိမ့်မည်။ သူ​တို့​၏​အလောင်း​များ​သည် ဝိညာဉ်​သဘော​အရ သောဒုံ​နှင့်​အီဂျစ်​ဟု​ခေါ်​သော မြို့​ကြီး​၏​လမ်းမ​ပေါ်တွင် ရှိ​ကြ​လိမ့်မည်။ သူ​တို့​၏​သခင်​သည်​လည်း ထို​မြို့​တွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​၏။ ထိုအခါ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာ​စကား​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​မှ လူ​တို့​သည် သူ​တို့​၏​အလောင်း​များ​ကို သုံး​ရက်​ခွဲ​တိုင်တိုင်​ကြည့်ရှု​ကြ​ပြီး ထို​အလောင်း​များ​ကို သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ခွင့်​မ​ပေး​ဘဲ​နေ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​သည် ထို​သူ​တို့​၏​အဖြစ်​ကြောင့် ဝမ်းမြောက်​လျက်​ပျော်ရွှင်​ကြ​ကာ တစ်ဦး​ကို​တစ်ဦး လက်ဆောင်​များ​ပေးပို့​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​ပရောဖက်​နှစ်​ဦး​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​ကို ညှဉ်းဆဲ​ခဲ့​ကြ​၏။ သို့သော် သုံး​ရက်​ခွဲ​လွန်​ပြီး​သောအခါ ဘုရားသခင်​ထံ​တော်​မှ​ဇီဝ​အသက်​သည် ထို​သူ​တို့​အထဲသို့​ဝင်​၍ သူ​တို့​သည် မိမိ​တို့​ခြေ​ဖြင့်​မတ်တပ်ရပ်​ကြ​၏။ ထို​သူ​တို့​ကို​မြင်​သော​သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​၏။ ထိုအခါ ကောင်းကင်​မှ​ကြီး​သော​အသံ​က “ဤ​အရပ်​သို့​တက်​လာ​ခဲ့​ကြ​လော့”​ဟု ထို​သူ​နှစ်ဦး​တို့​အား​ဆို​သည်​ကို ကြား​လျှင် သူ​တို့​သည် မိုးတိမ်​ဖြင့် ကောင်းကင်​သို့​တက်​သွား​ကြ​၏။ သူ​တို့​၏​ရန်သူ​များ​သည်​လည်း သူ​တို့​ကို​ကြည့်​နေ​ကြ​၏။ ထို​အချိန်​နာရီ​၌​ပင် ပြင်းထန်​သော​ငလျင်​လှုပ်​၍ မြို့​၏​ဆယ်ပုံတစ်ပုံ​သည် ပြိုလဲ​သွား​၏။ ထို​ငလျင်​ကြောင့် လူ​ပေါင်း​ခုနစ်​ထောင်​သေ​ကြ​၏။ ကြွင်းကျန်​သော​သူ​တို့​သည် ကြောက်လန့်​ကြ​လျက် ကောင်းကင်​ဘုံ​ရှင်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​၏။ ဒုတိယ​အမင်္ဂလာ​သည် လွန်​သွား​လေ​ပြီ။ တတိယ​အမင်္ဂလာ​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်။