YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 11:1-14

ဗျာဒိတ် 11:1-14 JBMLE

တစ်​ဖန် လှံ​တံ​နှင့်​တူ​သော ကျူ​ပင်​တစ်​လုံး​ကို ငါ့​အား​ပေး၍ ငါ့​ကို ပြော​ဆို​သည်​ကား၊ ထ​လော့။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​နှင့်​ယဇ်​ပ​လ္လင်​ကို တိုင်း​လော့။ ဗိ​မာန်​တော်၌ ကိုး​ကွယ်​သော သူ​တို့​ကို​လည်း ရေ​တွက်​လော့။- ဗိ​မာန်​တော်​တံ​တိုင်း​ကို မ​တိုင်း​နှင့်၊ ပယ်​ထား​လော့။ တစ်​ပါး​အ​မျိုး​သား​တို့၌ အပ်​ပေး​ပြီ။ သူ​တို့​သည် သန့်​ရှင်း​သော မြို့​တော်​ကို၊ လ လေး​ဆယ်​နှစ်​လ​ပတ်​လုံး နင်း​ကြ​လိမ့်​မည်။- ငါ၏​သက်​သေ​ခံ​နှစ်​ပါး​ကို ငါ​အ​ခွင့်​ပေး​မည်။ သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​ပတ်​လုံး ပ​ရော​ဖက်​ပြု​ကြ​လိမ့်​မည်။- ထို​သူ​တို့​သည်​ကား၊ မြေ​ကြီး​အ​ရှင်၏ ရှေ့​တော်၌ စိုက်​ထား​သော သံ​လွင်​ပင်​နှစ်​ပင်​နှင့် မီး​ခွက်​နှစ်​လုံး ဖြစ်​သ​တည်း။- တစ်​စုံ​တစ်​ယောက်​သော သူ​သည် သူ​တို့​ကို ညှဥ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သူ​တို့၏ ခံ​တွင်း​ထဲ​က​မီး​ထွက်၍ ရန်​သူ​တို့​ကို မျို​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော သူ​သည် ထို​သူ​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ ထို​သို့​အ​သေ သတ်​ခြင်း​ကို ခံ​ရ​မည်။- ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။ သူ​တို့​သည် သက်​သေ​ခံ​ပြီး​သော​အ​ခါ၊ အ​နက်​ဆုံး​သော​တွင်း​ထဲ​က တက်​သော သား​ရဲ​သည် သူ​တို့​ကို စစ်​တိုက်၍ အောင်​လိမ့်​မည်။ အ​သက်​ကို​သတ်​ပြီး​မှ၊- သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။- အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​တို့​သည် သုံး​ရက်​ခွဲ​ပတ်​လုံး အ​လောင်း​ကောင်​တို့​ကို မြင်​ရ၍၊ သင်္ဂြိုဟ်​ခြင်း​ကို မြစ်​တား​ကြ​လိမ့်​မည်။- မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တို့​သည် ထို​အ​လောင်း​ကောင်​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်၍ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က ထို​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည် မြေ​ကြီး​ပေါ်​မှာ နေ​သော​သူ​တို့​ကို ပြင်း​စွာ နှောင့်​ယှက်​ညှဥ်း​ဆဲ​ကြ​သည်​ဟု ငါ့​အား ပြော​ဆို​လေ၏။- ထို​နောက် သုံး​ရက်​ခွဲ​လွန်​ပြီး​လျှင်၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​က အ​သက်​ဝိ​ညာဉ်​သည် သူ​တို့၌​ဝင်​သ​ဖြင့်၊ သူ​တို့​သည် မတ်​တတ်​ထ၍ မြင်​သ​မျှ​သော​သူ​တို့​သည် အ​လွန် ကြောက်​ရွံ့​ကြ၏။- ကောင်း​ကင်​က​ထွက်​သော အ​သံ​ကြီး​ကား၊ ဤ​အ​ရပ်​သို့ တက်​ကြ​လော့​ဟု မိ​မိ​တို့​အား ပြော​ဆို​သည်​ကို သူ​တို့​သည်​ကြား​လျှင်၊ မိုး​တိမ်​ဖြင့် ကောင်း​ကင်​သို့ တက်၍ ရန်​သူ​တို့​သည် မြင်​ကြ၏။- ထို​အ​ချိန်​နာ​ရီ၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း ဖြစ်၍၊ မြို့​ရိုး ဆယ်​စု​တစ်​စု​ပြို​လေ၏။ ထို​မြေ​လှုပ်​ခြင်း၌ လူ​ခု​နစ်​ထောင်​သေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် ကြောက်​ရွံ့၍ ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။- ဒု​တိ​ယ​အ​မင်္ဂ​လာ လွန်​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည် အ​လျင်​အ​မြန် လာ​လိမ့်​မည်။