YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 73:23-26

ဆာလံ 73:23-26 Judson Bible (JBMLE)

သို့​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှာ​အ​စဉ်​ရှိ၍၊ အ​ကျွန်ုပ်၏​လက်​ယာ​လက်​ကို ဆွဲ​ကိုင်​တော်​မူ၏။ အ​ကျွန်ုပ်​ကို ဉာဏ်​ပေး၍ ပဲ့​ပြင်​တော်​မူ​မည်။ နောက်​တစ်​ဖန် ဘုန်း​အ​သ​ရေ၌ သိမ်း​ယူ​တော်​မူ​မည်။ ကိုယ်​တော်​မှ​တစ်​ပါး၊ ကောင်း​ကင်​ဘုံ​မှာ အ​ကျွန်ုပ်၌ အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။ အ​ကျွန်ုပ်၏​အ​သား​နှင့် နှ​လုံး​သည်​ပျက်​ကြ​ပါ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​နှ​လုံး၏ အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​အ​စဉ်​အ​မြဲ ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။

ဆာလံ 73:23-26 Common Language Bible (BCL)

သို့​သော်​လည်း​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော် ရှင်​၏ ထံ​တော်​ပါး​တွင်​အ​စဉ်​အ​မြဲ​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ လက်​ကို​ဆွဲ​ကိုင်​ထား​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကြံ​ပေး​၍ လမ်း​ပြ​တော်​မူ​ပြီး​လျှင်​နောက်​ဆုံး​၌ ကျွန်​တော်​မျိုး​အား​ချီး​မြှင့်​ရန်​လက်​ခံ​တော်​မူ လိမ့်​မည်။ ကျွန်​တော်​မျိုး​မှာ​ကိုယ်​တော်​ရှင်​မှ​လွဲ​၍ ကောင်း​ကင်​ဘုံ​တွင်​အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​ရှိ​တော်​မူ​လျှင် ကမ္ဘာ​မြေ​ပေါ်​၌​အ​ဘယ်​အ​ရာ​ကို​လို​ပါ​တော့ မည်​နည်း။ ကျွန်​တော်​မျိုး​၏​ကိုယ်​စိတ်​သည်​အင်​အား ချိ​နဲ့​လာ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ စွမ်း​အား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​မှ​တစ်​ပါး မည်​သူ့​ကို​မျှ​မ​လို​ပါ။

ဆာလံ 73:23-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​နှင့်အတူ အစဉ်မပြတ်​ရှိ​ခဲ့​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​လက်ယာ​လက်​ကို ကိုင်​ထား​တော်မူ​၏​။ ကိုယ်တော်​၏​အကြံဉာဏ်​အားဖြင့် အကျွန်ုပ်​ကို​ရှေ့ဆောင်​လမ်းပြ​တော်မူ​ပြီးနောက် ဘုန်းအသရေ​တော်​ထဲသို့ ခေါ်ဆောင်​တော်မူ​လိမ့်မည်​။ ကောင်းကင်ဘုံ​၌ ကိုယ်တော်​မှတစ်ပါး အကျွန်ုပ်​တွင် မည်သူ​ရှိ​သနည်း​။ မြေကြီး​ပေါ်၌​လည်း ကိုယ်တော်​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ အကျွန်ုပ်​အလို​မ​ရှိ​ပါ​။ အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​နှင့်​အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားအင်ကုန်ခန်း​သော်လည်း ဘုရားသခင်​သည် အစဉ်အမြဲ အကျွန်ုပ်​စိတ်နှလုံး​၏​အစွမ်းသတ္တိ​၊ အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။