YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 72:1-19

ဆာလံ 72:1-19 Judson Bible (JBMLE)

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​တ​ရား​ဆုံး​ဖြတ်​ခြင်း​နှင့် ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​အ​ခွင့်​ကို မင်း​သား​ဖြစ်​သော ရှင်​ဘု​ရင်​အား ပေး​သ​နား​တော်​မူ​ပါ။ ထို​မင်း​သည် ကိုယ်​တော်၏​လူ​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ ကိုယ်​တော်၏ ဆင်း​ရဲ​သား​တို့​ကို တ​ရား​ပေး​ပါ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည် တ​ရား​တော်​အား​ဖြင့်၊ ကိုယ်​တော်၏​လူ​တို့​အား ချမ်း​သာ​ပေး​ကြ​ပါ​လိမ့်​မည်။ ထို​မင်း​သည် ကိုယ်​တော်၏ လူ​တို့​တွင် ဆင်း​ရဲ​သား​တို့​ကို တ​ရား​စီ​ရင်​လျက်၊ ငတ်​မွတ်​သော​သူ​တို့၏ သား​သ​မီး​များ​ကို ကယ်​မ၍၊ ညှဉ်း​ဆဲ​သော​သူ​ကို​လည်း နှိပ်​စက်​ပါ​လိမ့်​မည်။ နေ​နှင့်​လ​တည်​သ​မျှ​သော ကာ​လ​ပတ်​လုံး၊ လူ​အ​စဉ်​အ​ဆက်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​ပါ​လိမ့်​မည်။ ထို​မင်း၏​သက်​ရောက်​ခြင်း​သည် ရိတ်​သော မြက်​ပင်​ပေါ်​မှာ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ကို စို​စေ​သော မိုး​ပေါက်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ လက်​ထက်​တော်၌ လ​သည်​ပ​ပျောက်​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင်၊ တ​ရား​သော​သူ​သည် ပွင့်​လန်း၍ ချမ်း​သာ​များ​ပြား​လိမ့်​မည်။ ပင်​လယ်​တစ်​ပါး​မှ တစ်​ပါး​တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​စွန်း​တိုင်​အောင်​လည်း​ကောင်း အ​စိုး​ရ​တော်​မူ​လိမ့်​မည်။ တော​တွင်း​သား​တို့​သည် ရှေ့​တော်၌ ဦး​ချ၍၊ ရန်​သူ​တို့​သည်​လည်း မြေ​မှုန့်​ကို​လျက်​ကြ​လိမ့်​မည်။ တာ​ရှု​မင်း​တို့​နှင့် ပင်​လယ်​တစ်​ဖက်၌ နေ​သော​မင်း​တို့​သည် အ​ခွန်​သွင်း၍၊ ရှေ​ဘ​မင်း​နှင့် သေ​ဘ​မင်း​တို့​သည်​လည်း လက်​ဆောင်​ပ​ဏ္ဏာ​များ​ကို ဆက်​ကြ​လိမ့်​မည်။ ထို​မျှ​မ​က ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ပျပ်​ဝပ်၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် အ​မှု​တော်​ကို ထမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငတ်​မွတ်​သော​သူ​အော်​ဟစ်​သော​အ​ခါ၊ ထို​သူ​ကို​လည်း​ကောင်း၊ ကိုး​ကွယ်​ရာ​မ​ရှိ၍ ဆင်း​ရဲ​သော​သူ​ကို​လည်း​ကောင်း ချမ်း​သာ​ပေး​တော်​မူ​လိမ့်​မည်။ ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​ကို​သ​နား၍၊ ငတ်​မွတ်​သော​သူ​တို့၏​အ​သက်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ သူ​တို့​အ​သက်​ကို လှည့်​စား​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း၏​လက်​မှ​ရွေး​နုတ်၍၊ သူ​တို့​အ​သွေး​ကို နှ​မြော​တော်​မူ​လိမ့်​မည်။ အ​သက်​တော်​တည်၍ လူ​များ​တို့​သည် ရှေ​ဘ​ရွှေ​ကို ဆက်​ခြင်း၊ ကိုယ်​တော်​အ​ဖို့ အ​စဉ်​မေ​တ္တာ​ပို့​ခြင်း၊ နေ့​တိုင်း ထော​မ​နာ​ချီး​မွမ်း​ခြင်း​တို့​ကို ပြု​ကြ​လိမ့်​မည်။ ပြည်​တော်၌ များ​စွာ​သော စ​ပါး​ရှိ၍၊ အ​သီး​အ​နှံ​သည် လေ​ဗ​နုန်​တော​ကဲ့​သို့ တောင်​ထိပ်​ပေါ်​မှာ လှုပ်​ရှား​လိမ့်​မည်။ မြို့​သူ​မြို့​သား​တို့​သည်​လည်း၊ မြေ၏​မြက်​ပင်​ကဲ့​သို့ စည်​ပင်​ကြ​လိမ့်​မည်။ နာ​မ​တော်​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။ နေ​သည် တည်​သ​မျှ​သော​ကာ​လ​ပတ်​လုံး နာ​မ​တော် တိုး​ပွား​လိမ့်​မည်။ ကျေး​ဇူး​တော်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏၊ မင်္ဂ​လာ​ရှိ​တော်​မူ​သည်​ဟု ချီး​မွမ်း​ကြ​လိမ့်​မည်။ အံ့​ဖွယ်​သော အ​မှု​တို့​ကို တစ်​ပါး​တည်း​သာ​စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဘုန်း​ကြီး​သော နာ​မ​တော်​သည်​လည်း အ​စဉ်​အ​မြဲ​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​စုံ​ပါ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။

ဆာလံ 72:1-19 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​နှင့်​အ​ညီ စီ​ရင်​ဆုံး​ဖြတ် နိုင်​ရန်​မင်း​ကြီး​အား​သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​တ​ရား​မျှ​တ​စွာ အုပ်​ချုပ်​နိုင်​စေ​ရန်​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို​တ​ရား​တော်​နှင့်​အ​ညီ အုပ်​စိုး​နိုင်​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​အ​တိုင်း စီ​ရင်​နိုင်​ခွင့်​ကို​မင်း​ကြီး​အား​ပေး​တော် မူ​ပါ။ တိုင်း​ပြည်​တွင်​သာ​ယာ​ဝ​ပြော​၍​တ​ရား မျှ​တ​မှု စိုး​မိုး​ခြင်း​ရှိ​ပါ​စေ​သော။ မင်း​ကြီး​သည်​ဆင်း​ရဲ​သူ​တို့​အား​မျှ​တ​စွာ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ပါ​စေ​သော။ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​အား​ကူ​မ​တော်​မူ​ပါ စေ​သော။ ဖိ​စီး​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း​တော်​မူ​ပါ စေ​သော။ နေ​သည်​ထွန်း​လင်း​လျက်၊လ​သည်​အ​လင်း​ရောင် ပေး​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည် ကိုယ်​တော်​ရှင်​အား​ကာ​လ​အ​စဉ်​အ​ဆက် ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။ မင်း​ကြီး​သည်​လယ်​ယာ​များ​အ​ပေါ်​သို့ ရွာ​ချ​သည့် မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ပြင်​ပေါ်​သို့​ကျ​ရောက်​လာ​သည့်​မိုး​ပေါက် များ ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​စေ​သော။ မင်း​ကြီး​၏​လက်​ထက်​၌​တ​ရား​မျှ​တ​မှု စိုး​မိုး​ပါ​စေ​သော။ လ​သည်​အ​လင်း​ရောင်​ပေး​လျက်​နေ​သ​မျှ ကာ​လ​ပတ်​လုံး​သာ​ယာ​ဝ​ပြော​မှု​ရှိ​ပါ စေ​သော။ မင်း​ကြီး​သည်​ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင် တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​မှ​မြေ​ကြီး​စွန်း​တိုင်​အောင် လည်း​ကောင်း အုပ်​စိုး​လိမ့်​မည်။ သဲ​ကန္တာ​ရ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည် မင်း​ကြီး​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ကြ​ပါ​လိမ့်​မည်။ မင်း​ကြီး​၏​ရန်​သူ​များ​သည်​ခြေ​တော်​ရင်း​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။ စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။ အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှ ရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။ ဘု​ရင်​အ​ပေါင်း​တို့​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​မင်း​ကြီး​၏ အ​စေ​ကို ခံ​ကြ​ပါ​လိမ့်​မည်။ မင်း​ကြီး​သည်​မိ​မိ​အား​ဟစ်​ခေါ်​ကြ​သည့် ဆင်း​ရဲ​သူ​တို့​အား​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​၍​ခို​ကိုး​ရာ​မဲ့​သူ​တို့ အား​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​၏။ ချို့​တဲ့​ဆင်း​ရဲ​သူ​တို့​ကို​သ​နား​တော်​မူ​၍ သူ​တို့​၏ အ​သက်​ကို​ကယ်​တော်​မူ​၏။ သူ​တို့​၏​အ​သက်​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် အ​ဖိုး​ထိုက်​သည်​အ​လျောက်​ဖိ​စီး​နှိပ်​စက်​မှု​နှင့် အ​ကြမ်း​ဖက်​မှု​များ​မှ​သူ​တို့​ကို​ကယ်​ဆယ် တော်​မူ​၏။ မင်း​ကြီး​သည်​သက်​တော်​ရှည်​ပါ​စေ​သော။ အာ​ရေ​ဗျ​ပြည်​မှ​ရွှေ​များ​ကို​လက်​ဆောင်​ပဏ္ဏာ အ​ဖြစ်​ရ​ရှိ​ပါ​စေ​သော။ လူ​တို့​သည်​မင်း​ကြီး​၏​အ​တွက်​အ​စဉ်​ဆု​တောင်း ပတ္ထ​နာ​များ​ပြု​ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အ​စဉ်​အ​မြဲ ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ တိုင်း​ပြည်​အ​တွင်း​၌​စား​နပ်​ရိက္ခာ​ပေါ​များ​ပါ စေ​သော။ လေ​ဗ​နုန်​တောင်​တွင်​သစ်​တော​များ​ဖြင့် ဖုံး​အုပ်​လျက်​ရှိ​သ​ကဲ့​သို့ တောင်​ကုန်း​များ​သည်​ကောက်​ပဲ​သီး​နှံ​များ ဖြင့် ဖုံး​အုပ်​လျက်​ရှိ​ပါ​စေ​သော။ မြို့​ကြီး​များ​ရှိ​လူ​ဦး​ရေ​သည်​ကွင်း​ပြင်​ရှိ မြက်​ကဲ့​သို့​ထူ​ထပ်​ပေါ​များ​ပါ​စေ​သော။ မင်း​ကြီး​၏​နာ​မ​တော်​သည်​တည်​မြဲ​ပါ စေ​သော။ ဂုဏ်​သ​တင်း​တော်​သည်​နေ​ကဲ့​သို့​အ​စဉ်​အ​မြဲ တည်​နေ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​ကောင်း​ချီး ပေး​တော်​မူ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ​တို့​အား​လည်း​ကောင်း၊ကောင်း​ချီး​ပေး​တော် မူ​ရန် ဘု​ရား​သ​ခင်​ထံ​တောင်း​လျှောက်​ကြ​ပါ​စေ​သော။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သာ​လျှင်​ဤ​သို့​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​တို့​ကို​ပြု​တော်​မူ​၏။ ဘုန်း​ကြီး​သော​နာ​မ​တော်​ကို​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​တစ်​ပြင်​လုံး​၌​ဘုန်း​တော်​နှင့် ပြည့်​ပါ​စေ​သော။ အာ​မင်။ အာ​မင်။

ဆာလံ 72:1-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားသခင်​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို ရှင်ဘုရင်​အား​လည်းကောင်း​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ရှင်ဘုရင်​၏​သား​တော်​အား​လည်းကောင်း ပေး​တော်မူ​ပါ​။ ထို​မင်း​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ အဖိနှိပ်​ခံရ​သော ကိုယ်တော်​၏​လူ​တို့​ကို တရားမျှတ​ခြင်း​ဖြင့်​လည်းကောင်း စစ်ကြောစီရင်​ပါစေသော​။ တောင်​များ​သည်​ငြိမ်းချမ်း​ခြင်း​ကို​လည်းကောင်း​၊ တောင်ကုန်း​များ​သည် ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း လူမျိုး​တော်​ထံသို့ ယူဆောင်​လာ​ကြ​ပါစေသော​။ သူ​သည် လူမျိုး​တော်​ထဲမှ အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက် တရားစီရင်​ပေး​၍ နွမ်းပါး​သော​သူ​၏​သားသမီး​များ​ကို ကယ်တင်​လျက် နှိပ်စက်​သော​သူ​တို့​ကို နှိမ်နင်း​ပါစေသော​။ နေ​နှင့်​လ​တည်နေသရွေ့ လူ​တို့​သည် ကိုယ်တော်​ကို မျိုးဆက်​အစဉ်အဆက်​ကြောက်ရွံ့​ကြ​ပါစေသော​။ ထို​မင်း​သည် ရိတ်​ထား​သော​မြက်ခင်း​ပေါ်တွင် ရွာသွန်း​သည့် မိုး​ကဲ့သို့​လည်းကောင်း​၊ မြေကြီး​ကို​စိုစွတ်​စေ​သည့် မိုးစက်​မိုးပေါက်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါစေသော​။ သူ​၏​လက်ထက်​၌ ဖြောင့်မတ်​သော​သူ​သည် ကြီးပွား​၍ လ​ကွယ်ပျောက်​သွား​သည်​အထိ ငြိမ်းချမ်းမှု​အပြည့်​ရှိ​ပါစေသော​။ သူ​သည် ပင်လယ်​တစ်​ခု​မှ အခြား​ပင်လယ်​တစ်​ခု​တိုင်အောင်​လည်းကောင်း​၊ မြစ်​တစ်​စင်း​မှ ကမ္ဘာမြေ​အစွန်း​တိုင်အောင်​လည်းကောင်း အုပ်စိုး​ပါစေသော​။ ကန္တာရ​၌​နေထိုင်​သော​လူမျိုး​တို့​သည် သူ့​ရှေ့​၌​ညွတ်တွား​၍ သူ​၏​ရန်သူ​တို့​သည် မြေမှုန့်​ကို​လျက်​ကြ​ရ​ပါစေသော​။ တာရှု​ဘုရင်​နှင့်​ကမ်းရိုးတန်း​နိုင်ငံ​များ​မှ ရှင်ဘုရင်​တို့​သည် လက်ဆောင်ပဏ္ဏာ​ကို ယူဆောင်​လာ​ကြ​ပါစေသော​။ ရှေဘ​ဘုရင်​နှင့်​သေဘ​ဘုရင်​တို့​သည်​လည်း အခွန်​ကို ဆက်သ​ကြ​ပါစေသော​။ ထိုမျှမက ဘုရင်​အပေါင်း​တို့​သည် သူ​၏​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေသော​။ လူမျိုး​အပေါင်း​တို့​သည်​လည်း သူ့​ကို​အစေခံ​ကြ​ပါစေသော​။ အကြောင်းမူကား သူ​သည် အကူအညီ​အော်ဟစ်​တောင်းခံ​သည့် နွမ်းပါး​သော​သူ​ကို​လည်းကောင်း​၊ ကူညီမစ​မည့်​သူ​မ​ရှိ​သည့် အဖိနှိပ်​ခံရ​သော​သူ​ကို​လည်းကောင်း ကယ်နုတ်​တော်မူ​လိမ့်မည်​။ သူ​သည် ဆင်းရဲ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို သနား​၍ နွမ်းပါး​သော​သူ​တို့​၏​အသက်​ကို ကယ်တင်​တော်မူ​လိမ့်မည်​။ သူ​သည် သူ​တို့​၏​အသက်​ကို ဖိနှိပ်​ခြယ်လှယ်​ခြင်း​နှင့် ရက်စက်ကြမ်းကြုတ်​ခြင်း​တို့​ထဲမှ ရွေးနုတ်​တော်မူ​လိမ့်မည်​။ အကြောင်းမူကား သူ့​အဖို့ သူ​တို့​၏​သွေး​သည် တန်ဖိုးကြီး​လှ​၏​။ သူ​သည် သက်တော်ရှည်​ပါစေသော​။ လူ​တို့​သည် ရှေဘ​ရွှေ​ကို သူ့​အား​ဆက်သ​၍ သူ့​အတွက် အစဉ်မပြတ်​ဆုတောင်း​ပေး​ကာ သူ့​ကို​တစ်နေ့လုံး​ကောင်းချီးပေး​ကြ​ပါစေသော​။ ပြည်​တော်​၌ များစွာ​သော​ဂျုံစပါး​ရှိ​၍ တောင်​များ​ပေါ်​၌​ယိမ်းနွဲ့​လျက်​ရှိ​ကြ​ပါစေသော​။ ၎င်း​၏​အသီးအနှံ​တို့​သည် လက်ဘနွန်​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။ လူ​တို့​သည် တော​၌​ရှိ​သော​မြက်ပင်​များ​ကဲ့သို့ မြို့ရွာ​တွင် ရှင်သန်​ကြ​ပါစေသော​။ သူ​၏​နာမ​သည် အစဉ်အမြဲ​တည်​ပါစေသော​။ နေ​သည်​တည်​နေ​သရွေ့ သူ​၏​နာမ​သည် ဆက်၍​တည်​ပါစေသော​။ လူ​တို့​သည် သူ့​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​၍ လူမျိုး​အပေါင်း​တို့​သည် သူ့​ကို​မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​ကြ​ပါစေသော​။ အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ​ပြု​တော်မူ​သော အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင် ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ ကိုယ်တော်​၏​ဘုန်းကြီး​သော​နာမ​တော်​သည် အစဉ်အမြဲ​မင်္ဂလာရှိ​တော်မူ​ပါစေသော​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​နှင့်​ပြည့်​ပါစေသော​။ အာမင်​နှင့်​အာမင်​။