YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 72

72
ရှင်​ဘု​ရင်​အ​တွက်​ဆု​တောင်း
"ရှော​လ​မုန်​ကို​ရည်​ဆောင်၍ စပ်​ဆို​သော​ဆာ​လံ။"
1အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​တ​ရား​ဆုံး​ဖြတ်​ခြင်း​နှင့် ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​အ​ခွင့်​ကို မင်း​သား​ဖြစ်​သော ရှင်​ဘု​ရင်​အား ပေး​သ​နား​တော်​မူ​ပါ။ 2ထို​မင်း​သည် ကိုယ်​တော်၏​လူ​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ ကိုယ်​တော်၏ ဆင်း​ရဲ​သား​တို့​ကို တ​ရား​ပေး​ပါ​လိမ့်​မည်။ 3တောင်​ကြီး​တောင်​ငယ်​တို့​သည် တ​ရား​တော်​အား​ဖြင့်၊ ကိုယ်​တော်၏​လူ​တို့​အား ချမ်း​သာ​ပေး​ကြ​ပါ​လိမ့်​မည်။ 4ထို​မင်း​သည် ကိုယ်​တော်၏ လူ​တို့​တွင် ဆင်း​ရဲ​သား​တို့​ကို တ​ရား​စီ​ရင်​လျက်၊ ငတ်​မွတ်​သော​သူ​တို့၏ သား​သ​မီး​များ​ကို ကယ်​မ၍၊ ညှဉ်း​ဆဲ​သော​သူ​ကို​လည်း နှိပ်​စက်​ပါ​လိမ့်​မည်။ 5နေ​နှင့်​လ​တည်​သ​မျှ​သော ကာ​လ​ပတ်​လုံး၊ လူ​အ​စဉ်​အ​ဆက်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​ပါ​လိမ့်​မည်။
6ထို​မင်း၏​သက်​ရောက်​ခြင်း​သည် ရိတ်​သော မြက်​ပင်​ပေါ်​မှာ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ကို စို​စေ​သော မိုး​ပေါက်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ 7လက်​ထက်​တော်၌ လ​သည်​ပ​ပျောက်​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင်၊ တ​ရား​သော​သူ​သည် ပွင့်​လန်း၍ ချမ်း​သာ​များ​ပြား​လိမ့်​မည်။ 8ပင်​လယ်​တစ်​ပါး​မှ တစ်​ပါး​တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​စွန်း​တိုင်​အောင်​လည်း​ကောင်း အ​စိုး​ရ​တော်​မူ​လိမ့်​မည်။#ဇာ၊ ၉:၁၀။ 9တော​တွင်း​သား​တို့​သည် ရှေ့​တော်၌ ဦး​ချ၍၊ ရန်​သူ​တို့​သည်​လည်း မြေ​မှုန့်​ကို​လျက်​ကြ​လိမ့်​မည်။ 10တာ​ရှု​မင်း​တို့​နှင့် ပင်​လယ်​တစ်​ဖက်၌ နေ​သော​မင်း​တို့​သည် အ​ခွန်​သွင်း၍၊ ရှေ​ဘ​မင်း​နှင့် သေ​ဘ​မင်း​တို့​သည်​လည်း လက်​ဆောင်​ပ​ဏ္ဏာ​များ​ကို ဆက်​ကြ​လိမ့်​မည်။ 11ထို​မျှ​မ​က ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ပျပ်​ဝပ်၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် အ​မှု​တော်​ကို ထမ်း​ကြ​လိမ့်​မည်။ 12အ​ကြောင်း​မူ​ကား၊ ငတ်​မွတ်​သော​သူ​အော်​ဟစ်​သော​အ​ခါ၊ ထို​သူ​ကို​လည်း​ကောင်း၊ ကိုး​ကွယ်​ရာ​မ​ရှိ၍ ဆင်း​ရဲ​သော​သူ​ကို​လည်း​ကောင်း ချမ်း​သာ​ပေး​တော်​မူ​လိမ့်​မည်။ 13ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​ကို​သ​နား၍၊ ငတ်​မွတ်​သော​သူ​တို့၏​အ​သက်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ 14သူ​တို့​အ​သက်​ကို လှည့်​စား​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း၏​လက်​မှ​ရွေး​နုတ်၍၊ သူ​တို့​အ​သွေး​ကို နှ​မြော​တော်​မူ​လိမ့်​မည်။ 15အ​သက်​တော်​တည်၍ လူ​များ​တို့​သည် ရှေ​ဘ​ရွှေ​ကို ဆက်​ခြင်း၊ ကိုယ်​တော်​အ​ဖို့ အ​စဉ်​မေ​တ္တာ​ပို့​ခြင်း၊ နေ့​တိုင်း ထော​မ​နာ​ချီး​မွမ်း​ခြင်း​တို့​ကို ပြု​ကြ​လိမ့်​မည်။ 16ပြည်​တော်၌ များ​စွာ​သော စ​ပါး​ရှိ၍၊ အ​သီး​အ​နှံ​သည် လေ​ဗ​နုန်​တော​ကဲ့​သို့ တောင်​ထိပ်​ပေါ်​မှာ လှုပ်​ရှား​လိမ့်​မည်။ မြို့​သူ​မြို့​သား​တို့​သည်​လည်း၊ မြေ၏​မြက်​ပင်​ကဲ့​သို့ စည်​ပင်​ကြ​လိမ့်​မည်။ 17နာ​မ​တော်​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။ နေ​သည် တည်​သ​မျှ​သော​ကာ​လ​ပတ်​လုံး နာ​မ​တော် တိုး​ပွား​လိမ့်​မည်။ ကျေး​ဇူး​တော်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏၊ မင်္ဂ​လာ​ရှိ​တော်​မူ​သည်​ဟု ချီး​မွမ်း​ကြ​လိမ့်​မည်။
18အံ့​ဖွယ်​သော အ​မှု​တို့​ကို တစ်​ပါး​တည်း​သာ​စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ 19ဘုန်း​ကြီး​သော နာ​မ​တော်​သည်​လည်း အ​စဉ်​အ​မြဲ​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​စုံ​ပါ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။
20ယေ​ရှဲ၏​သား​ဒါ​ဝိဒ် ဆု​တောင်း​သော​ပ​တ္ထ​နာ စ​ကား​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 72: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။