YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 69:30-36

ဆာလံ 69:30-36 Judson Bible (JBMLE)

ငါ​သည် ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။ ကျေး​ဇူး​တော်​ကို​ပြ၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ချို​နှင့်​လည်း​ကောင်း၊ ခွာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​နွား​လား​ကို နှစ်​သက်​သည်​ထက်၊ ထို​အ​ကျင့်​ကို သာ၍​နှစ်​သက်​တော်​မူ​လိမ့်​မည်။ နှိမ့်​ချ​သော​သူ​တို့​သည်​မြင်၍ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​တို့၏ စိတ်​နှ​လုံး​သည် အား​ပြည့်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​ရဲ​သော​သူ​တို့၏​စ​ကား​ကို နား​ထောင်​တော်​မူ၏။ အ​ချုပ်​ခံ​ရ​သော မိ​မိ​လူ​တို့​ကို မ​ထီ​မဲ့​မြင် ပြု​တော်​မ​မူ​တတ်။ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​တို့​နှင့်​တ​ကွ အ​ရပ်​ရပ်၌ ကျင်​လည်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည် ဇိ​အုန်​မြို့​ကို​စောင့်၍၊ ယု​ဒ​မြို့​တို့​ကို ပြု​စု​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည်​နေ၍ ပိုင်​ရ​ကြ​လိမ့်​မည်။ ကျွန်​တော်​မျိုး၏​သား​မြေး​တို့​သည် ထို​မြို့​ကို အ​မွေ​ခံ​ရ၍၊ နာ​မ​တော်​ကို ချစ်​သော​သူ​တို့​သည်​နေ​ရာ ကျ​ရ​ကြ​လိမ့်​မည်။

ဆာလံ 69:30-36 Common Language Bible (BCL)

ကျွန်​တော်​မျိုး​သည်​သီ​ချင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​အား​ဖြင့် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ် ဖော် ကြေ​ညာ​ပါ​မည်။ ယင်း​သို့​ပြု​သည်​ကို​ထာ​ဝ​ရ​ဘု​ရား​သည် နွား​ပူ​ဇော်​သ​ကာ​ထက်​ပို​၍​နှစ်​သက်​တော် မူ​လိမ့်​မည်။ ထွား​ကြိုင်း​သန်​မာ​သော​နွား​လား​ကို​ပူ​ဇော် သည်​ထက် ပို​၍​နှစ်​သက်​တော်​မူ​လိမ့်​မည်။ ဤ​အ​ချင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​ညှဉ်း​ဆဲ ခံ​ရ​သူ​တို့​သည်​ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည် အား​တက်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။ အ​ကျဉ်း​ခံ​နေ​ရ​သော​မိ​မိ​၏​လူ​စု​တော် အား မေ့​လျော့​တော်​မ​မူ​ပါ။ ကောင်း​ကင်​နှင့်​မြေ​ကြီး၊ပင်​လယ်​နှင့်​ပင်​လယ်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့၊ ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ဇိ​အုန်​တောင်​ကို​ကယ်​ဆယ်​တော် မူ​၍ ယု​ဒ​မြို့​တို့​ကို​ပြန်​၍​တည်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​လူ​စု​တော်​သည်​ထို​မြို့​များ​တွင် နေ​ထိုင်​ကြ​လျက်​တိုင်း​ပြည်​ကို​ပိုင်​ဆိုင်​ကြ လိမ့်​မည်။ ကိုယ်​တော့်​အ​စေ​ခံ​များ​၏​သား​မြေး​တို့​သည် တိုင်း​ပြည်​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ ကိုယ်​တော်​အား​ချစ်​သော​သူ​တို့​သည်​ထို​ပြည်​တွင် နေ​ထိုင်​ကြ​ရ​လိမ့်​မည်။

ဆာလံ 69:30-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ဘုရားသခင်​၏​နာမ​တော်​ကို သီချင်း​ဖြင့်​ချီးမွမ်း​၍ ကိုယ်တော်​ကြီးမြတ်​တော်မူ​ကြောင်း​ကို ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ဖော်ပြ​မည်​။ ထာဝရဘုရား​သည် ထို​အမှု​ကို နွား​တည်းဟူသော ချို​နှင့်​ခွာ​များ​ဖြင့်​ပြည့်စုံ​သော​နွားထီး​ထက် နှစ်သက်​တော်မူ​လိမ့်မည်​။ စိတ်နှိမ့်ချ​သော​သူ​တို့​သည် ထို​အမှု​ကို​မြင်​၍ ဝမ်းမြောက်​ကြ​လိမ့်မည်​။ ဘုရားသခင်​ကို​ရှာ​သော​သူ​တို့​၊ သင်​တို့​၏​စိတ်နှလုံး​သည် ရှင်သန်​ပါစေသော​။ အကြောင်းမူကား ထာဝရဘုရား​သည် နွမ်းပါး​သော​သူ​တို့​ကို နားညောင်း​တော်မူ​၏​။ အချုပ်အနှောင်​ခံရ​သော​မိမိ​၏​လူ​တို့​ကို​လည်း မထီမဲ့မြင်ပြု​တော်​မ​မူ​ပေ​။ ကောင်းကင်​နှင့်​မြေကြီး​၊ သမုဒ္ဒရာ​နှင့် သမုဒ္ဒရာ​၌​လှုပ်ရှားသွားလာ​တတ်​သော​သတ္တဝါ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။ အကယ်စင်စစ် ဘုရားသခင်​သည် ဇိအုန်​ကို​ကယ်တင်​၍ ယုဒ​ပြည်​ရှိ​မြို့​များ​ကို ပြန်လည်​တည်ဆောက်​တော်မူ​လိမ့်မည်​။ ထိုအခါ သူ​တို့​သည် ထို​အရပ်​တွင်​နေထိုင်​လျက် ၎င်း​ကို​ပိုင်ဆိုင်​ကြ​လိမ့်မည်​။ ကိုယ်တော့်​အစေအပါး​တို့​၏​သားမြေးစဉ်ဆက်​တို့​သည် ထို​အရပ်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​သည်​လည်း ထို​အရပ်​၌​နေ​ရ​ကြ​လိမ့်မည်​။