YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 69:30-36

ဆာလံကျမ်း 69:30-36 MSBU

ငါ​သည် ဘုရားသခင်​၏​နာမ​တော်​ကို သီချင်း​ဖြင့်​ချီးမွမ်း​၍ ကိုယ်တော်​ကြီးမြတ်​တော်မူ​ကြောင်း​ကို ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ဖော်ပြ​မည်​။ ထာဝရဘုရား​သည် ထို​အမှု​ကို နွား​တည်းဟူသော ချို​နှင့်​ခွာ​များ​ဖြင့်​ပြည့်စုံ​သော​နွားထီး​ထက် နှစ်သက်​တော်မူ​လိမ့်မည်​။ စိတ်နှိမ့်ချ​သော​သူ​တို့​သည် ထို​အမှု​ကို​မြင်​၍ ဝမ်းမြောက်​ကြ​လိမ့်မည်​။ ဘုရားသခင်​ကို​ရှာ​သော​သူ​တို့​၊ သင်​တို့​၏​စိတ်နှလုံး​သည် ရှင်သန်​ပါစေသော​။ အကြောင်းမူကား ထာဝရဘုရား​သည် နွမ်းပါး​သော​သူ​တို့​ကို နားညောင်း​တော်မူ​၏​။ အချုပ်အနှောင်​ခံရ​သော​မိမိ​၏​လူ​တို့​ကို​လည်း မထီမဲ့မြင်ပြု​တော်​မ​မူ​ပေ​။ ကောင်းကင်​နှင့်​မြေကြီး​၊ သမုဒ္ဒရာ​နှင့် သမုဒ္ဒရာ​၌​လှုပ်ရှားသွားလာ​တတ်​သော​သတ္တဝါ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။ အကယ်စင်စစ် ဘုရားသခင်​သည် ဇိအုန်​ကို​ကယ်တင်​၍ ယုဒ​ပြည်​ရှိ​မြို့​များ​ကို ပြန်လည်​တည်ဆောက်​တော်မူ​လိမ့်မည်​။ ထိုအခါ သူ​တို့​သည် ထို​အရပ်​တွင်​နေထိုင်​လျက် ၎င်း​ကို​ပိုင်ဆိုင်​ကြ​လိမ့်မည်​။ ကိုယ်တော့်​အစေအပါး​တို့​၏​သားမြေးစဉ်ဆက်​တို့​သည် ထို​အရပ်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​သည်​လည်း ထို​အရပ်​၌​နေ​ရ​ကြ​လိမ့်မည်​။